
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များအား ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးရှိ စားအုန်းဆီကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စားအုန်းဆီကုန်သည်များအသင်းမှ ခွဲဝေကြီးကြပ်မှုဖြင့် လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်တော်သာရပ်ကွက်၊ တာလမ်းသစ်ရပ်ကွက်၊ မြို့မရပ်ကွက် အရောင်းကိုယ်စားလှယ်များနှင့် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ လက်လီကိုယ်စားလှယ်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ စားသုံးဆီကုန်သည်များအသင်းမှ ဖြန့်ဝေထားသည့် စားအုန်းဆီထုတ်ယူသည့် စနစ်ဖြင့်သာ စနစ်တကျ ဖြန့်ဖြူးရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
