
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)တွင် နေပြည်တော်ကောင်စီဝင်ဦးဆောင်၍ စားအုန်းဆီဖြန့်ဖြူးမှု စိစစ်ရေးဆပ်ကော်မတီအစည်း အဝေး ကို (၂၁-၁၀-၂၀၂၆) ရက်နေ့တွင် ကျင်းပရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အသေးစားစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးများ၊ တိုင်းကြီးကြပ်ရေး ကော်မတီဝင်များ၊ လက်ကားကိုယ်စားလှယ်များ စုစုပေါင်း (၆၇) ဦးတက်ရောက်ကြပါသည်။
ဦးစွာနေပြည်တော်ကောင်စီဝင်မှ လက်ရှိစားအုန်းဆီဈေးကွက်ဖြစ်ပေါ်မှု လက်ရှိအခြေ အနေ၊ ဖြန့်ဖြူးမှု စနစ်တကျဆက်လက်ထိန်းသိမ်းရေး၊ လက်ကား၊ လက်လီအသီးသီး မှန်မှန် ကန်ကန် ဖြန့်ချိရေးအတွက် အလေးထားဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ဦးစီးမှူးမှ စားသုံးဆီအားပြည်သူနှင့် ဝန်ထမ်းတပ်ရင်းတပ်ဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်း ယာယီ အိမ်ထောင်စုများ၊ တိုက်ပွဲရှောင် မိသားစုများအား အိမ်ထောင်စုစာအုပ်ဖြင့် တစ်လလျှင် ၂.၅ပိသာနှုန်းဖြင့် စက်တင်ဘာလမှစ၍ ဖြန့်ခွဲပေးမှု၊ ညွှန်ကြားချက် မညီသူများအား အရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး အသီးသီးမှလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
