အသင့်စားကြက်အူချောင်း၊ ဝက်အူချောင်းများတွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားရှိသော ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူရောင်းချသော အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ရောင်းချမှုအခြေအနေများကို ဓနုဖြူမြို့နယ် ဇကာကြီးဈေးအတွင်း ရောင်းချသူလုပ်ငန်းရှင် (၅)ဦးထံမှ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက ဇကာကြီးဈေးအတွင်းရောင်းချလျက်ရှိသော အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချနေမှုကို အမြဲမပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရောင်းချနေသော ကြက်အူချောင်းနှင့် ဝက်အူချောင်း ပါကင်အထုတ်များတွင် တရားဝင်မှတ်ပုံ တင်ထားရှိသော ကုန်စည်များရောင်းချမှု ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်မသား ပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့သည်၊၊ ဒေသတွင်းထုတ်လုပ်ကုန်စည်များဖြစ်ပါက ကုန်အညွှန်အမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး ဓနုဖြူဈေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီမှ ဖြန့်ဖြူရောင်းချလျက်ရှိသည့် အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ၏ ဝယ်ယူရောင်းချနေကြောင်း တွေ့ရှိရပြီး ကြက်အူချောင်းနှင့် ဝက်အူချောင်းရောင်းချသူများကို ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသည့် ကုန်စည်နှင့် FDA ဌာနမှ ခွင်ပြုချက်ပါရှိသော ကုန်စည်များကို ဦးစားပေးရောင်းချရေးတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)









