HighLight News

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၆ ကြိမ်မြောက်မဟာဘုံကထိန်ပွဲ အခမ်းအနားကျင်းပ

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီးဦးမင်းမင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးဦးကျော်ရွှေထွန်းနှင့် ဇနီးအားအမှူးထား၍ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် ဇနီးအားအမှူးပြုသောစားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၆ ကြိမ်မြောက်မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် သီးခြားအလှူရှင်များစုပေါင်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆရာဒကာကျောင်းတိုက်ဖြစ်တော်မူသော သုဝဏ္ဏမြို့ရှိ စစ်ကိုင်းစာသင်တိုက်တွင် အောက်တိုဘာလ ၂၈ ရက်‌နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ကျော်လွင်နှင့် တကွအရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘဒ္ဓန္တသောဘဏ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် ဆရာတော် ဘဒ္ဓန္တ သောဘဏအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်မေတ္တာတရားများ နာယူခဲ့ကြပြီး ဧည့်သည်တော်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ လှူဒါန်းသောကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းမှုအစုစုတို့ကို အခမ်းအနားမှူးက လျှောက်ထားတင်ပြခဲ့ပြီး ဆရာတော်ဘဒ္ဓန္တသောဘဏထံမှ အနုမောဒနာကထာနှင့် ရေစက်ချတရားများနာယူခဲ့ကြပါသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ မင်္ဂလာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကာ အခမ်းအနားအောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                               

ဆန်ရောင်းချမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင် (ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် (၂၉.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ “Makro” တွင်ဆန်ရောင်းချမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “Makro” ရှိ ရောင်းချနေသောဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/ မရှိ၊  စစ်ဆေးခဲ့ပြီး ဆန်အိတ်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအား အသိပညာပေး Talk Show ပြုလုပ်ခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့ နယ်တာဝန်ခံ ဒေါ်မွန်မွန်အောင်နှင့် ဝန်ထမ်းများသည် (၂၇.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုCommnity Centre ခန်းမတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk show     ပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်မွန်မွန်အောင်က အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။   စားသုံသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍများတွင် စားသုံးသူ၏ အခွင့်အရေးများထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အပါအဝင် အခြားတည်ဆဲဥပဒေများနှင့် အညီ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm)   ၊  Facebook Pages ၊  Messenger နှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၂၈.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချရာတွင် ဆိုင်ရှင်များကို သင့်တင့်မျှတသောဈေးဖြင့်သာ ရောင်းချရန် ဈေးကစားခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်းများမှာ ပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းပုံမှန်ဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

        (၂၈.၁၀.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီတို့ပါဝင်သော အဖွဲ့ဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော တရားမဝင် ကုန်စည်နှင့် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် တိုက်ကြီးမြို့နယ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ပြီး တရားဝင်ရောင်းချလျက်ရှိပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဈေးနှုန်းများမှာလည်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဂျမားလေးဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို သည် (၂၈.၁၀.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီး မြို့မဈေးအတွင်းရှိ ဂျမားလေးဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့မဈေးအတွင်းရှိ ဂျမားလေးဆေးဆိုင်တွင် ရောင်းချနေသော ဆေးဝါးများသည် ပြည်သူများကျန်းမာရေး လိုအပ်ချက်များအရ ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိစေရေး တိုက်ကြီးမြို့နယ်တွင်း ရောင်းချနေသော ဆေးဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ မင်္ဂလာဈေးမှ ဆေးပစ္စည်းများမှာယူရောင်းချကြောင်း၊ ဆေးဈေးနှုန်းပုံမှန်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး ဆေးရောင်းချသူလုပ်ငန်းရှင်များကို တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Online လိုင်စင်လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(/A)၊ ထီးတန်း(၁)လမ်း၊ ထီးတန်းစက်မြေရပ်ကွက်ရှိ Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မြိတ်သူလေးဟန်းမိတ် Online Shop လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ အဖွဲ့သည် (၂၈.၁၀.၂၀၂၅) ရက်နေ့ ညနေ(၁၃:၃၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လယ် (၁၂:၀) နာရီမီးနှစ်အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိအဖွဲ့သည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်မြို့နယ်၊ အမှတ်(၄၇)၊ မာလာမြိုင်(၄) လမ်း၊ (၁၆) ရပ်ကွက်တွင်ရှိသော ထက်ဦးဘေဘီ Online Shop လုပ်ငန်းသို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Taw Win Htate Htar Online Shop လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စမ်းချောင်းမြို့နယ်၊ အမှတ်(၃၁)၊ မဟာမြိုင်လမ်း၊ ကျွန်းတောအလယ်ရပ်ကွက်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Taw Win Htate Htar Online Shop လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့် အဖွဲ့သည် (၂၇.၁၀.၂၀၂၅) ရက်နေ့ ညနေ (၁:၀) နာရီမီးနစ်အချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Max စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

         (၂၈-၁၀-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ) ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)သည် တောင်ဥက္ကလာပမြို့နယ် Max စက်သုံး ဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ အရောင်းဆိုင်တွင် (၂၈-၁၀-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာလျှင် (92-၂၆၇၀ ကျပ်)၊ (95-၂၇၆၀ ကျပ်)၊ (HSD-၂၃၈၀ကျပ်)၊ (PHSD-၂၉၀၀ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာ ထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ုကုန်)

Pages

Subscribe to RSS - HighLight News