HighLight News

Powered by Drupal

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)သို့ ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေး ခန်းမ(၁)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင် (၃၀.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၀၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၆)သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အစီအစဉ်(၈)ခုဖြင့် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ အတွင်းရေးမှူးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်တင်ပြခြင်း၊ အမှာစာများဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌက အမှာစာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အစားအသောက်ပြုပြင်ရောင်းချနေသော အားမာန်သစ်၊ မင်္ဂလာ၊ ပြင်ဦးလွင်၊ ဝင်းသူရ စားသောက်ဆိုင်  ( ၄ )ဆိုင်သို့ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/ မရှိ၊  မိမိတို့ဆိုင်မှပေးအပ်သည့်ဝန် ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားခြင်း ရှိ/ မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size)ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိဆိုင်တွင် အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအား Apron၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အဖိုးအခ ထပ်မံကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားရှိရန်၊ မိမိတို့ဆိုင်မှရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား( Size ) ပမာဏ အလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ပြည့်စုံဝင်း” ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံဒေါ်ဝေဝေအောင်သည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန်ကြားချက်များနှင့် အညီ ထည့်သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်[P1] ၏ (၆/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

        ရွှေဘိုခရိုင်အနေဖြင့် (၆/၂၀၂၆)လအတွင်း ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ချွန်ချွန်(မိခင်နှင့် ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုး)ရောင်းဝယ်ရေးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ဦးတိုး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၁၀) ရပ်ကွက်ရှိ သရက်ခြံ မူလတန်းလွန်ကျောင်းမုန့်ဈေးတန်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတို့အားလည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီ ကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်းကိတ်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားလည်းကောင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှု လုပ်ငန်းများစစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေပြည်ဝင်းစားသောက်ဆိုင်နှင့် ရွှေဟင်္သာ စားသောက်ဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)


 [P1]

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၅.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဟင်္သာစားသောက်ဆိုင်နှင့် ရွှေပြည်ဝင်းစားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်ရေများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထိုင်းနိုင်ငံက ယခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်း တင်ပို့ရန် မျှော်မှန်းထား

        ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ဆန်တင်ပို့မှုကို တန်ချိန် ၇ သန်းအထိ မြှင့်တင်နိုင်ရန်အတွက် ဆန်တင်ပို့သူများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့ကို အဓိက တိုးတက်မှုရှိမည့် ဈေးကွက်များအဖြစ် သတ်မှတ်ထားသည်။

        ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်သူ Suphajee Suthumpun က ဆန်ကုန်သွယ်မှု အခြေအနေများနှင့် ဈေးကွက်ဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန်နှင့် ဆန်တင်ပို့မှုကို ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

         ပြည်ပသို့ ဆန်တင်ပို့ခြင်းသည် ဆန်အထွက်နှုန်းများကို ဝယ်ယူပေးရန်နှင့် ထိုင်းလယ်သမားများအတွက် ဝင်ငွေရရှိစေရန် ပံ့ပိုးပေးသည့် အဓိက ယန္တရားတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ ထို့အပြင် အလားအလာကောင်းမွန်သော ဈေးကွက်များ တွင် ထိုင်းဆန်ကို မြှင့်တင်ရောင်းချနိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးသံမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနတို့ကို ညွှန်ကြားထားကြောင်းလည်းဆိုသည်။

       ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့အဓိကဈေးကွက်ကြီးများတွင် ကုန်သွယ်မှုအခွင့်အလမ်းများ တိုးချဲ့နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ရေရှည်စီမံကိန်းများကို အကောင် အထည်ဖော်ရန် သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်းများတွင် ပြောင်းလဲလာသော ကမ္ဘာ့ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီမည့် ဆန်စပါးမျိုးစိတ်သစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ပို့ကုန်ဈေးကွက် အသစ်များသို့ တိုးချဲ့ခြင်းနှင့် လာမည့်နှစ်များတွင် ဆန်စပါးအထွက်နှုန်းကို ထိခိုက်စေနိုင်သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်သော စိန်ခေါ်မှုများကို စီမံခန့်ခွဲခြင်းတို့ ပါဝင်သည်။

          ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် လယ်သမားများအတွက် ပံ့ပိုးကူညီမှုအစီအစဉ်များကို မြှင့်တင်ရန်နှင့် နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု လုံခြုံစိတ်ချရမှုကို အားကောင်းစေရန်အတွက် သက်ဆိုင်ရာ အေဂျင်စီများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)

အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသောက်ဆိုင်များသို့  အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၁၂)၊ ကျောက်မြောင်းလမ်း၊  တာမွေမြို့နယ်၊ RVရခိုင်လက်ရာ စားသောက်ဆိုင်သို့ (၂၄.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်စားသောက်ဆိုင်များသို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့်ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသူ၏တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက် အလက်ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ ရောင်းချသည့်အစားအသောက်များ၏အမျိုး အစားအလိုက်ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြ ထားခြင်း ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိနှင့် စားသုံးသူများစားသုံးရန်(သို့)အသုံးပြုရန်သင့်/မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ  ပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုကဏ္ဍအား ဧပြီလမှ ဇူလိုင်လအထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှု ( ၆ ) ခုအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၆) ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ သိသင့်သိထိုက်သည့် အချက်အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

         ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ ဇွန်လတွင် ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ စားသောက်ကုန်လုပ်ငန်းရှင်၊ ဆေးဆိုင်လုပ်ငန်းရှင်၊ ကိတ်မုန့်နှင့် ပေါင်မုန့်လုပ်ငန်းရှင်၊ အကြော်စုံလုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်၊ Healthy life Shampoo လုပ်ငန်းရှင်၊ ဂျယ်လီလုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ မိခင်နှင့်ကလေးအသုံးအဆောင် ပစ္စ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ကုန်မျိုးစုံဆိုင်ရောင်းဝယ်ရေးလုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်း ဖြန့်ဖြူးသည့်လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) စစ်ဆေးဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း (၅)ခုစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့်လုပ်ငန်း (၅) ခုနှင့် ကုန်စည်အမျိုးအစား (၁၅)မျိုးတို့သည် ညွှန်ကြားချက်နှင့် အညီ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိကြောင်း သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများ ဝယ်ယူအသုံးပြုသည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News