
၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၁၃ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ရှိ ရေနန်းသူဇာ အသင့်ဖျော်ဘိလပ်မြေလုပ်ငန်းနှင့် Myeik Coastline ကင်းမွန်၊ ပုစွန်ပြုတ်ခြောက်နှင့် အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချ/ ဝန်ဆောင်မှုပေးလုပ်ကိုင်သည့် လုပ်ငန်းများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်းများပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www.ecomreg.gov.mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ကြေငြာရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးပြောကြားခြင်း၊ ကုမ္ပဏီ/ စက်ရုံများအလိုက် သတ်မှတ်ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များ၊ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှန်မှု ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
