ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jun 2026

       ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် လာအိုနိုင်ငံကို တစ်ဆင့်ဖြတ်သန်းလျက် ကုန်းလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ ၎င်း၏လယ်ယာထွက်ကုန်များတင်ပို့ခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား လိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါသည်။

26 Jun 2026

      ဗီယက်နမ်နိုင်ငံတွင် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနသည် လယ်ယာ၊ သစ် တောနှင့် ရေထွက်ကုန်ပစ္စည်းများအတွက် ကုန်ထုတ်လုပ်မှု နောက်ကြောင်းခြေရာခံစနစ်ကို ရှေ့လာ မည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ တရားဝင်ကျင့်သုံးနိုင်ရေး အပြီးသတ်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိရာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုနှင့်အတူ ပွင့်လင်းမြင်သာရှိမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် သိသာထင်ရှားသော အဆင့်တစ်ရပ်သို့ ဦးတည် ရောက်ရှိလာပြီဖြစ်ကြောင်း VNA သတင်းဌာနက ဖော်ပြထားသည်။

25 Jun 2026

          ဂျပန်နိုင်ငံ၏ ဆန်စျေးနှုန်းများသည် ၃ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် မေလတွင် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်စျေးနှုန်းများ ပြင်းထန်စွာ မြင့်တက်ခဲ့မှုကြောင့် အစိုးရအပေါ် ကြီးမားသောဖိအားများ သက်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ စျေးနှုန်းပြန်ကျလာခြင်းဖြစ်ကြောင်း

25 Jun 2026

       ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ Bac Ninh ပြည်နယ်သည် Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်ထားသော ၅,၀၀၀ ဟက်တာ အကျယ်အဝန်းရှိ လွတ်လပ်သောကုန်သွယ်ရေး ဇုန် (Free Trade Zone) တစ်ခုကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖြစ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရပါ

25 Jun 2026

          ယခုနှစ် ပထမလေးလပတ်အတွင်း အမေရိကန်နိုင်ငံသည် ဗီယက်နမ် ဂဏန်းတင်ပို့မှု၏ အဓိကဈေးကွက်ဖြစ်ခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၅ ဆနီးပါးအထိ တိုးတက်လာခဲ့သည်။

25 Jun 2026

       ဗီယက်နမ်နိုင်ငံ တောင်ပိုင်းပြည်နယ် အများအပြားတွင် မင်းကွတ်သီးပေါ်ချိန် ဖြစ်နေသော်လည်း စိုက်ခင်းအဝယ်ဒိုင်ဈေးမှာ တစ်ကီလိုဂရမ်လျှင် ၂၀,၀၀၀

23 Jun 2026

         တရုတ်စားသုံးသူများက ဒေသထွက်ဆန်များကို ဝယ်ယူကြခြင်းကြောင့် ဆန်ဈေးနှုန်းကို တည်ငြိမ်စေပြီး ကျေးလက်လယ်သမားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးစိုက်ပျိုးသူ လယ်သမားတစ်ဦးဖြစ်သည့် Roeu Chamroeun က ပြောကြားခဲ့သည်။

23 Jun 2026

         ဗီယက်နမ်နိုင်ငံသည် ယခုနှစ် လိုက်ချီးသီး (Lychee) ဆွတ်ခူးရာသီ စတင်ချိန်မှစ၍ Kim Thanh International Border Gate No.

23 Jun 2026

            စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့တင်ပို့မှု (Non-oil domestic exports

23 Jun 2026

          ၂၀၂၆ ခုနှစ်၊ ပထမ (၅) လအတွင်း ထူးကဲသော ဆန်တင်ပို့မှုစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဈေးကွက်ကွဲပြားမှု ခိုင်မာခြင်းတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအဖွဲ့ချုပ် (CRF) က ၂၀၂၆ ခုနှစ်အကုန်တွင် ဆန်တန်ချိန် တစ်သန်း တင်ပို့နိုင်သည့် သမိုင်းဝင်မှတ်တိုင်က

22 Jun 2026

    ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ကုန်သွယ်ရောင်းဝယ်မှု ပုံသဏ္ဌာန် ပြောင်းလဲလာမှုနှင့်အတူ အယ်လ်နီညိုဖြစ်စဉ်၏ ဘေးအန္တရာယ်မြင့်မားလာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ရောင်း လိုအား ကျပ်တည်းမည့် အလားအလာရှိနေပြီး စားအုန်းဆီကြမ်းတစ်တန်၏ ဈေးနှုန်းသည် ဇူလိုင် လတွင် ရင်းဂစ်ငွေ ၄၄၀၀ မှ ၄၆၅၀ အတွင်း အရောင်းအဝယ်ဖြစ်နိုင်သည်ဟု မလေးရှား စားအုန်း ဆီ ကောင်စီ (MPOC) က ဇွန် ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သည်။

22 Jun 2026

    မုတ်သုံလေ စတင်ဝင်ရောက်မှု နှေးကွေးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးမှု နောက်ကျနိုင်သည့် စိုးရိမ်မှုများက စျေးကွက်အခြေအနေကို အထောက်အပံ့ဖြစ်စေခဲ့သဖြင့် တနင်္လာနေ့တွင် အဓိက လက်ငင်းအရောင်းအဝယ်ဖြစ်ရာ စျေးကွက်များ၌ ပဲစင်းငုံနှင့် ပဲတီစိမ်းစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကုလားပဲ စျေးနှုန်းမှာမူ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေခဲ့ကြောင်း သိရသည်။

Pages