ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Nov 2024

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၁၃ နှစ်ကြာ ကုန်သွယ်ရေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး မကြာသေးမီကာလ၌ ဂျပန်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ရာ လာမည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ဟက်စ် (Hass) အမျိုးအစား ထောပတ်သီးကုန်ချိန် ကီလိုဂရမ်ပေါင်း ၅ သိန်းခန့်ကို တင်ပို့သွားရန် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။

26 Nov 2024

      အီသီယိုးပီးယားနိုင်ငံအနေဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား တင်ပို့မှုလုပ်ကိုင်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများစွာနှင့်အတူ စုပေါင်း အားထုတ် ကြိုးပမ်းလျက်ရှိသည်ဟု အဒစ်အဘာဘာမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့၌ ကျင်းပသော ၁၃ ကြိမ်မြောက် နိုင်ငံတကာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ညီလာခံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Kasahun Gofe က ပြောကြားခဲ့သည်။

26 Nov 2024

    ကမ္ဘောဒီးယားနိုင်ငံသို့ ၂ ရက်ကြာ တရားဝင်ခရီးသွားရောက်မှု ပထမနေ့ဖြစ်သော နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌ Martin G. Romualdez သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Manet နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံအကြား ကတိပြုထားရှိသော ဆန်ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကို ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

22 Nov 2024

               ၂၀၂၄ ခုနှစ်၏ ပထမဆယ်လတွင် ဗီယက်နမ်သည်အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ တန်ဖိုး UK သို့တင်ပို့ခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ၆၈၇.၂ သန်းတန်ဖိုး UK သို့တင်ပို့ခဲ့ပြီး စက်တင်ဘာလကထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလ ကြီးထွားမှုသည်စက်ပစ္စည်းများ၊ စက်တပ်ဆင်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကွန်ပြူတာများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ဖိနပ်နှင့်အဝတ်အထည်များအစရှိသည့် အချို့သောအဓိကပို့ကုန်များမှ ကြီးမားသောဝင်ငွေရရ

22 Nov 2024

               ဟာလာလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဗီယက်နမ်ထုတ်ကုန်များ ကမ္ဘာ့လူဦးရေ၏ ၂၄ ရာခိုင်နှုန်းကျော်ရှိသော ကမ္ဘာတစ်ဝှမ်းရှိမူစလင်စားသုံးသူ၂ ဘီလီယံနီးပါးထံသို့‌ ရောက်ရှိရန်ကူညီနိုင်မည်ဟု မလေးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဖြစ်သူ Zafrul Abdul Aziz ၏အဆိုအရသိရပါသည်။ Zafrul က ၎င်း၏ဗီယက်နမ်ခရီးစဥ်အတွင်း နှစ်နိုင်ငံသည် ဟာလာတွင်ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရေးအားထုတ်ရန်နှင့် နားလည်မှုကိုတိုးမြှင့်ရန်သဘောတူခဲ့ကြောင်း၊ မလေးရှားသည်ဟာလာစံညွှန်းနှင့် ကိုက်ညီသည့် ထုတ်ကုန်များပါဝင်သည့် ဟာလာတန်ဖိုးကွင်းဆက်တွင် ဗီယက်နမ်၏တည်ရှိမှုအားကောင်

22 Nov 2024

                 အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည်အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံတန်ကြေးရှိသည့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၅ ခုအတွက်နားလည်မှုသဝဏ်လွှာကို G20 ညီလာခံ၌သီးခြားကျင်းပသည့် အင်ဒိုနီးရှား-ဘရာဇီးစီးပွားရေးဖိုရမ်တွင်နိုဝင်ဘာ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များ အသင်း၏အကြံပေးဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ Hashim S.Djojohadikusumo က ထိုသဘောတူညီချက်များသည် ကဏ္ဍအားလုံးကိုလွှမ်းခြုံထားကြောင်းနှင့် နှစ်နိုင်ငံကြားစီးပွားရေးဆက်နွယ်မှုတိုးတက်ရန်နှင့် စီးပွားရေးကြီးထွားမှုကိုမောင်းနှင်ပေးမည့် ကြီးမားသောရင်း

22 Nov 2024

             အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နှင့် ကုန်သွယ်ရေးနှင့်ဆန်းသစ်တီထွင်မှုတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲကို ပီရူးနိုင်ငံလီမာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့က အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံတွင် သီးခြားဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။ Prabowo က နှစ်နိုင်ငံကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်ဒို-ပစိဖိတ်ဒေသ စီးပွားရေးအားကောင်းစေရေးအတွက် ပဓာနအနေဖြင့်ရှိနေကြောင်းနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုတို့

22 Nov 2024

              ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၇၁၅ သန်းအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၅.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) ၏အချက်အလက်များအရသိရသည်။ ကမ္ဘောဒီးယားမှ မလေးရှားနိုင်ငံသို့တင်ပို့မှုသည်  တစ်နှစ်ထက်တစ်နှစ် ၃၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ ၃၅.၃ ရာခိုင်နှုန်းအထိတိုးမြင့်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနှင့် မလေးရှားတို့အကြား ကုန်သွယ်မှုသိသိသာသာတိုးတက်လာမှုသည် န

22 Nov 2024

              ဂျပန်ရင်းနှီးမြှုပ်နှံသူ ၂၆ ဦးသည် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာပြုပြင်ခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရန်စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် အဆိုပါအဖွဲ့အား ငြိမ်းချမ်းရေးနန်းတော်တွင် ၁၉-၁၁-၂၀၂၄ ရက်နေ့ကလက်ခံတွေ့ဆုံခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးလည်းဖြစ်၊ ဂျပန်-ကမ္ဘောဒီးယားအသင်း (JCA) ၏ လက်ရှိဥက္ကဋ္ဌ Takahashi Fumiaki သည်ဝန်ကြီးချုပ် Hun Manet က JCA ၏ အလားအလာရှိသော အသေးစားနှင့် အလတ်စားရင်းနှီးမြှုပ်နှံမှုများ (SMEs) အတွက် ဂျပန်ကုမ္ပဏီများ၏ ရင်း

22 Nov 2024

             ဘရူနိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Khazanah သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများအား ရှာဖွေလျက်ရှိသည်။ ကုမ္ပဏီ၏ CEO ဖြစ်သူ Dato Khairul Hamed မှာလည်း ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလျက်ရှိသည်။ ဘရူးနိုင်းတော်ဝင်တပ်ဖွဲ့၏ တပ်မှူးဟောင်း Dato Khairul Hamed သည် နိုဝင်ဘာ ၁၉ ရက်နေ့ကရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား ဂါရဝပြုခဲ့သည်။ ဖနွမ်းပင်မြို့ ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကျင်းပသည့်တွေ့ဆုံပွဲတွင် Dato Khairul က ဝန်ကြီးချုပ် Hun Manet အား ယခုအကြိမ်လာရောက်လည်ပတ်ပြီး ကျန်းမာရေးအရင်းအမြစ်၊ လမ်းပန်းဆက်သွယ်ရေး အထူးသဖြ

22 Nov 2024

              ကမ္ဘောဒီးယားနိုင်ငံသည် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိအထည်များကို နိုင်ငံတကာဈေးကွက်သို့တင်ပို့ခဲ့ရာ ၂၃.၆% တိုးလာခဲ့သည်။ ဒေါ်လာ ၁.၃၃ ဘီလီယံတန်ဖိုးရှိသော ဖိနပ်များအားတင်ပို့ခဲ့ပြီး ၂၂% မြင့်တက်ခဲ့ကာ ဒေါ်လာ ၁.၆၉ ဘီလီယံနှင့် ညီမျှသော ခရီးသွားကုန်ပစ္စည်းများအား နိုင်ငံတကာဈေးကွက်သို့ ရောင်းချမှုမှာလည်း ၂၀.၆% မြင့်တက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ASEAN+3 Macroeconomic Research Office (AMRO) ၏ ဘောဂဗေဒပညာရှင် Hoe Ee Khor က အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်စည် (GFT) ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားများထဲမှ တစ်ခုဖြစ်ကြောင်းပြေ

22 Nov 2024

              အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ပင်လယ်စာအချို့တွင် တွေ့ရသော Forever chemical (PFAs) နှင့် ပတ်သက်၍ ၎င်းတို့၏ အန္တရာယ်ကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန်အတွက် အချက်အလက်များကို တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ FDA သည် PFAs သို့မဟုတ် perfluoroalkyl နှင့် polyfluoroalkyl ပစ္စည်းများ ပတ်ဝန်းကျင်နှင့် ရေတိုမှတဆင့် ပင်လယ်စာများအပေါ် မည်ကဲ့သို့သက်ရောက်မှုရှိကြောင်း အချက်အလက်များကို ရှာဖွေလျက်ရှိသည်။ ၎င်းသည် ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်ရန်နှင့် အစားအသောက်များတွင် ဤဒြပ်ပစ္စည်းများထိတွေ့သက်ရောက်မှုကိုလျှော့ချရန် အေဂျင်စီ၏ ကြိုးစားမှုတစ်စိတ်တစ်ပိုင်း

Pages