ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းဆန်ထုတ်လုပ်မှုများလုံလောက်မှုကြောင့် ၂၀၂၆ ခုနှစ်တွင် ဆန်တင်သွင်းမှုများကို စားသုံးခြင်းအတွက်သော်လည်းကောင်း၊ စက်ရုံသုံးအတွက် သော်လည်းကောင်း တင်သွင်းမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အစိုးရဌာနများမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ အဆိုပါဆုံးဖြတ်ချက်ကို အစားအသောက်လုံခြုံရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုစာရင

ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ၁၉.၁၂.၂၀၂၅ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှု၏ ဒုတိယအဆင့်ကိုစတင်ခဲ့ပြီး လာအိုခရီးသွားများသည် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးကို အသုံးပြု၍ ကမ္ဘောဒီးယားနိုင်ငံတွင် ဈေးဝယ်နိုင်မည်ဖြစ်သည်။ ကမ္ဘောဒီးယား

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းဆန်ထုတ်လုပ်မှုသည် လုံလောက်မှုရှိသောကြောင့် ၂၀၂၆ ခုနှစ်တွင် စားသုံးသည့်ဆန်(သို့မဟုတ်)စက်မှုလုပ်ငန်းသုံးဆန်များကို နိုင်ငံအတွင်းသို့ တင်သွင်းတော့မည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။ အဆိုပါဆုံးဖြတ်ချက်အား စားနပ်ရိက္ခာဖူလုံရေး ညှိနှိုင်းရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်က

ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပသို့ သီဟိုဠ်စေ့ တန်ချိန်တစ်သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၁.၅ ဘီလီယံ ရရှိခဲ့သည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) က ဇန်နဝါရီ ၂ ရက်နေ့တွင် အစီရင် ခံစာ ထုတ်ပြန်ရာ၌ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်အစိုးရသည် ရိတ်သိမ်းချိန်ကာလအတွင်း ပြည်တွင်းလယ်သမားများကို ကာကွယ် သည့်အနေဖြင့် ဆန်ယာယီတင်သွင်းခွင့် ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှ စတင်၍ ဆန်တင်သွင်းမှုအပေါ် အခွန် ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း အထိ တိုးမြှင့် ကောက်ခံရန် ပြင်ဆင်ထားကြောင်းသိရှိရသည်။

ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) ၏ တရားဝင်အချက်အလက်များအရ ကမ္ဘော ဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၉၄၀၃၂၁ တန်တင်ပို့လျက် ယခင်နှစ်ကထက် ၄၅.၅၉ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ကြောင်း၊ ဆန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၂.၄၁ သန်း ရရှိခဲ့ပြီး ၂၂.၆၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

လူနေမှုစရိတ်ကိုစီမံခန့်ခွဲရန်၊ စိုက်ပျိုးရေးစျေးကွက်ကိုထိန်းညှိရန်နှင့် အမျိုးမျိုးသော စီးပွား ရေး လုပ်ငန်းများကို ကူညီပံ့ပိုးရန် ချမှတ်ထားသည့် ထိုင်းအစိုးရ၏ အဓိက ယန္တရားများကြောင့် ထိုင်းနိုင်ငံ တစ်ဝန်းတွင် ဆန်စျေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ၅ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၌ အစိုးရသည် တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည့် ပြောင်းတင်သွင်းမှုအားလုံး အတွက် လိုအပ်သော တောင်ယာမီးရှိုူ့မှု မရှိကြောင်း အထောက်အထားဖြစ်သည့် ပထမဦးဆုံးသော ကုန်သွယ်ရေးစည်းမျဉ်းကို တရားဝင် အတည်ပြု အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။

ရုရှားနိုင်ငံထံမှ ဝယ်ယူမှု အားကောင်းခိုင်မာခြင်းနှင့်အတူ ဈေးနှုန်းများမြင့်မားမှုအရ အိန္ဒိယ နိုင်ငံ၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တိုးတက်လျက် ၂၀၂၅ ခုနှစ် တွင် ဒေါ်လာ ၂ ဘီလီယံ ကျော်လွန်သည်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၏ နိုဝင်ဘာလအတွင်း စားအုန်းဆီတင်သွင်းမှုများသည် စားအုန်းဆီဈေးနှုန်းများကျဆင်းခြင်း၊ ပဲပိစပ်ဆီနှင့်နေကြာဆီတင်သွင်းမှုများလျော့ခြင်းတို့ကြောင့် မြင့်တက်လာကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမြင့်တက်ခြင်းသည် စားအုန်းဆီထိပ် သီးထုတ်လုပ်သူများဖြစ်ကြသည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံများအား အထောက်အကူပြုလျက်ရှိကြောင်း သိ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှအောက်တိုဘာလအတွင်းတွင် ဂျပန်နိုင်ငံ၏ လက်ဖက်စိမ်းတင်ပို့မှုသည် မက်ချာမှုန့်တင်သွင်းမှုများမြင့်တက်ခြင်းကြောင့်နှင့် ဂျပန်ငွေကျဆင်းခြင်းကြောင့် နှစ် ၇၀ အတွင်း တင်ပို့မှုအမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း သိ

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများပြည့်နှက်နေသော အခြေနေတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် ယခုနှစ်တွင် တည်ငြိမ်သောတိုးတက်မှုနှင့် ခိုင်မာသောအသက်ဝင်မှုကို ပြသခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

