မလေးရှားနိုင်ငံ၏ အတည်ပြုထားသော ရင်းနှီးမြှုပ်နှံမှုများ ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ၁၃.၂ ရာခိုင်နှုန်း တိုးတက်လာ

Powered by Drupal

                   မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း အတည်ပြုထားသော ရင်းနှီးမြှုပ်နှံ မှုများသည် ရမ်းဂစ် ၂၈၅.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၈.၃၆ ဘီလီယံ)  ရှိခဲ့ပြီး ယခင်နှစ် ကထက် ၁၃.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း မလေးရှားရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့  (MIDA) က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

                   MIDA က ထုတ်ပြန်ချက်တွင် အတည်ပြုထားသော စီမံကိန်း ၄၈၇၄ ခုဟာ ကုန်ထုတ် လုပ်မှု၊ ဝန်ဆောင်မှုနှင့် အခြေခံကဏ္ဍများ ပါဝင်ပြီး အကိုင်အကိုင်သစ် ၁၅၂၇၆၆ နေရာ ဖန်တီး နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကထက် ၄၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကဏ္ဍ သုံးခုလုံးတွင် အကျိုးအမြတ်ရရှိခဲ့ပါသည်။

                  ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေသော်လည်း အရည်အသွေးရှိသော ရင်းနှီး မြှုပ်နှံမှုများ ရှိနေဆဲဖြစ်ကြောင်း ၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးအမြင်အပေါ်တွင် ရင်းနှီး မြှုပ်နှံသူများ၏အမြင်ကို ထင်ဟပ်စေကြောင်း မလေးရှား ရင်းနှီးမြှုပ်မှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku  Zafrul Aziz ကပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)