ပို့ကုန်ပရိုတိုကောအသစ်သည် ရဝမ်ဒါ ထောပတ်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိစေ

Powered by Drupal

                ရဝမ်ဒါသည် တရုတ်နိုင်ငံနှင့် ထောပတ်သီး တင်ပို့မှု ပရိုတိုကောအသစ်ကို လက်မှတ် ရေးထိုးခဲ့ပြီး၊ တရုတ်စားသုံးသူများအတွက် ရရှိနိုင်သော ရဝမ်ဒါ ထုတ်ကုန်အမျိုးအစားများကို ပိုမိုကျယ်ပြန့်စေခဲ့သည်။ ရဝမ်ဒါမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သော ထောပတ်သီးများ တင်ပို့မှု အတွက် စစ်ဆေးရေး၊ သီးသန့်ခွဲထား ရေးနှင့် သန့်ရှင်းရေးစသော လိုအပ်ချက်များဆိုင်ရာ ပရိုတို ကောကို တရုတ်နိုင်ငံရှိ ရဝမ်ဒါသံရုံးမှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို သဘောတူညီချက်အရ အရည်အသွေးကောင်းမွန်သော ရဝမ်ဒါ ထောပတ်သီးများအား တရုတ် ဈေးကွက်သို့ ဝင်ရောက်နိုင်စေမည်ဖြစ်ပြီး စားသုံးသူ ၁.၄ ဘီလီယံ၏ စျေးကွက် ဖြစ်သော ရဝမ်ဒါ စိုက်ပျိုးရေးထွက်ကုန်များအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်စေမည်ဖြစ်ကြောင်း သံရုံးက ဆိုရှယ် မီဒီယာပလပ်ဖောင်း X တွင် ရေးသားခဲ့သည်။ ရဝမ်ဒါ၏ ထောပတ်သီးများအား တရုတ်နိုင်ငံတင်ပို့ သော ပရိုတိုကောသည် ပို့ကုန်ကို သိသာစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုးတက်မှု အလား အလာများအား ရဝမ်ဒါနိုင်ငံမှ အကောင်းမြင်ပြီး တရုတ်မိတ်ဖက်များနှင့် လက်တွဲရန် မျှော်လင့် ကြောင်း ရဝမ်ဒါ စိုက်ပျိုး မွေးမြူရေးနှင့် စိုက်ပျိုးရေး ပို့ကုန်ကုမ္ပဏီ Bahage Foods Ltd ၏ တည် ထောင်သူနှင့် ပိုင်ဆိုင်သူ Angel Uwantege က မကြာသေးမီက ပြုလုပ်သော အင်တာဗျူးတစ်ခု တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ကုန်သွယ်မှုသဘောတူညီချက်များ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုရရှိမည်ဟု မျှော်လင့်ကြောင်း သူမ၏ကုမ္ပဏီသည် ရဝမ်ဒါထုတ်ကုန် များ အထူးသဖြင့် ထောပတ်သီးများကို တရုတ်ဈေးကွက်သို့ ပြသရန် China International Import Expo ကဲ့သို့သော ပလပ်ဖောင်းများတွင် ပါဝင်နိုင်ရန်  စိတ်အားထက်သန် လျှက်ရှိ ကြောင်း သူမက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့ ထောပတ်သီး တင်ပို့ခွင့်ပြုသည့် ပရိုတို ကော ကို အပြီးသတ်ရေးဆွဲရန် ရဝမ်ဒါနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုသည် ရဝမ်ဒါနိုင်ငံ၏ ပန်းမန် ကဏ္ဍ အတွက် အဓိကဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်း Rwanda နိုင်ငံထုတ် အင်္ဂလိပ်ဘာသာ သတင်းစာ The New Times က မှတ်ချက်ပြုခဲ့သည်။ ရဝမ်ဒါမှ စီးပွားရေးလေ့လာသုံးသပ်သူ Teddy Kaberuka က ထောပတ်သီး တင်ပို့မှု ပရိုတိုကောကို နှစ်နိုင်ငံ ကုန်သွယ်မှု နက်ရှိုင်းစေသည့် အရေးပါသော ခြေလှမ်းအဖြစ် ချီးကျူးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက် အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် Rwanda နှစ်နိုင်ငံ အကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆၆၉ သန်းအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁.၄ ရာခိုင်နှုန်းတိုးမြင့် လာခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)