
ဂျာမနီနိုင်ငံ၊ Dusseldorf တွင် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထင်ရှားသော ဆေးဘက်ဆိုင် ရာ ကိရိယာပြပွဲကို တရုတ်ကုမ္ပဏီပေါင်း ၁၃၀၀ ကျော် တက်ရောက်ခဲ့သည်။ Medica 2025 သည် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ၏ အကြီးမားဆုံးနှင့် သြဇာအရှိဆုံး ကုန်စည်ပြပွဲများထဲမှ တစ်ခု ဖြစ်သည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ကျော်မှ လာရောက်လည်ပတ်သူ ၈၀၀၀၀ ဝန်းကျင်ရောက် ရှိရန်မျှော်လင့်ထားပြီး ယခုနှစ်ပွဲသည် ဆေးဘက်ဆိုင်ရာနည်းပညာနှင့် စက် ပစ္စည်းများ၊ ဒစ်ဂျစ် တယ်ကျန်းမာရေး၊ ဓာတ်ခွဲခန်းနှင့် ရောဂါရှာဖွေရေးများ၊ ရုပ်ပိုင်းဆိုင်ရာ နည်းပညာနှင့် တစ်ခါသုံး ပစ္စည်းများအပေါ် အာရုံစိုက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်းရှိ ပါဝင်သူ များထဲတွင် တရုတ်စီးပွားရေး လုပ်ငန်းအရေအတွက်သည် အများဆုံးဖြစ်သည်။ တရုတ်ပြခန်း ပြသသူ အရေအတွက်သည် တိုးလာပြီး ၎င်းတို့ထုတ်ကုန်များ၏ အရည်အသွေးလည်း တိုးတက် လာကြောင်း ဆေးဘက်ဆိုင်ရာ ကိရိယာစက်မှုလုပ်ငန်းအသင်း၏ နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး ဌာနခွဲ၏ လက်ထောက် ညွှန်ကြားရေးမှူး Xia Tian က မှတ်ချက်ပြုခဲ့သည်။ အခမ်း အနားတွင် ဝါရင့်ပါဝင်သူ တစ်ဦးအနေ ဖြင့် Xia မှ တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ထုတ်ကုန် များနှင့်ပက် သတ်၍ နည်းပညာပိုမိုဆန်းပြားလာပြီး နှစ်များအတွင်း အမျိုးအမျိုး တိုးချဲ့လာခြင်း ကြောင့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုကို ရရှိနေကြောင်း Xia မှ Xinhua သို့ ပြောကြားခဲ့ သည်။ ယခုနှစ်တွင် Chongqing Xishan Science & Technology Co., Ltd မှ ပြပွဲနေရာအများ အပြားကို သိမ်းပိုက်ထားပြီး ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ ဖောက်သည်အများအပြားအတွက် အရည်အသွေး ကောင်းသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ရန် ရည်ရွယ် ကြောင်း ကုမ္ပဏီ၏ စျေးကွက်ရှာဖွေရေးဒါရိုက်တာ He Qingyu မှ ပြောကြားခဲ့သည်။ Zhejiang Tiansong Medical Instrument Co., Ltd. ၏ အထွေထွေမန်နေဂျာ Liu Ping က လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ဆေး ပြပွဲတွင် ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြပြီး တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာကိရိယာ လုပ်ငန်းသည် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့်သို့ ချဉ်းကပ်လာနေပြီ ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပွဲစီစဉ်သူ၏အဆိုအရ၊ နိုဝင်ဘာလ ၂၀ ရက်နေ့ အထိ ကျင်းပမည့် Medica 2025 တွင် နိုင်ငံနှင့်ဒေသပေါင်း ၇၀ ခန့်ပါဝင်ခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)
