ပို့ကုန်လုပ်ငန်းရှင်များ သက်သာချောင်ချိရေးအတွက် ပို့ကုန်မြှင့်တင်ရေးမစ်ရှင် အတွက် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံပက်ကေ့ချ်အား အိန္ဒိယအစိုးရမှ အတည်ပြု

Powered by Drupal

             အိန္ဒိယဖယ်ဒရယ်အစိုးရသည် ပို့ကုန်မြှင့်တင်ရေးမစ်ရှင် (EPM) နှင့် ပို့ကုန်လုပ်ငန်းရှင်များ အတွက် ချေးငွေအာမခံအစီအစဉ် (CGSE) အတွက် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ အသုံး စရိတ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဦးဆောင်သည့် အစိုးရအဖွဲ့အစည်းအဝေးအတွင်း အစိုးရ၏ ဆုံးဖြတ်ချက်အပြီးတွင် အိန္ဒိယ ပြည်ထောင်စုပြန်ကြားရေးဝန်ကြီးဖြစ်သော Ashwini Vaisnaw မှ ကြေညာချက်ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ထိုကြေညာချက်တွင် အိန္ဒိယနိုင်ငံ၏ ပို့ကုန်ဂေဟစနစ် အားကောင်းစေရန်နှင့် EPM အတွက် ခြောက်နှစ်တာကာလအတွင်း ဒေါ်လာ ၂.၈၂ ဘီလီယံ ကုန်ကျမှုနှင့် ဘဏ်ချေးငွေအာမခံ ဒေါ်လာ ၂.၂၅ ဘီလီယံခွဲဝေပေးရန်တို့လည်း ပါဝင်သည်။ EPM သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေးစိန်ခေါ်မှုများနှင့် တိုးတက်ပြောင်းလဲ နေသော ပို့ကုန်လိုအပ်ချက်များကို လျှင်မြန်စွာ တုံ့ပြန် နိုင်သည့် တစ်ခုတည်းသော ရလဒ်ကို အခြေခံကာလိုက်လျောညီထွေရှိသော မဟာဗျူဟာ မြောက် ပြောင်းလဲမှုကို အမှတ်အသားပြုသည်ဟု အစိုးရမှ ပြောကြားခဲ့သည်။ CSGE သည် အရည်အချင်းပြည့်မှီသော ပို့ကုန်လုပ်ငန်းရှင်များထံဒေါ်လာ ၂.၂၅ ဘီလီယံ ထပ်တိုးချေးငွေဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို တိုးချဲ့ရန်အတွက် National Credit Guarantee Trustee Company Limited မှ ၁၀၀ ရာခိုင်နှုန်း ခရက်ဒစ်အာမခံချက်ပေးကြောင်း သိရပါသည်။

DOCA(ရန်ကုန်)