
မကြာသေးမီက ၀င်ငွေတိုးမြင့်လာမှုများ၊ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်မှုများ နှင့် အတူ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က နိုင်ငံသည် စီးပွားရေးတိုးတက်မှုအတွက် ရထား လမ်းများ ခေတ်မီအောင် အာရုံစိုက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ "ပါကစ္စတန် မီးရထားလမ်းများ၏ ဒစ်ဂျစ်တယ်စနစ်များ ခေတ်မီတိုးတက်လာစေရန်နှင့် ခေတ်မီသော အဆောက်အဦများ ပံ့ပိုးပေးခြင်းသည် နိုင်ငံတော်၏ စီးပွားရေးကို အားကောင်းစေမည့် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ မီးရထားဘူတာရုံများအားလုံးကို အဆင့် မြှင့်တင်ရန် အစိုးရက စီစဉ်နေပြီး စုစုပေါင်း ရထားဘူတာပေါင်း ၅၄ ရုံကို ခေတ်မီပြီး စွမ်းဆောင် ရည် မြှင့်တင်ပေးခြင်းဖြင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးလျှက်ရှိ ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် တောင်ပိုင်း Sindh ပြည်နယ်မှ အနောက်တောင် ဘက် Balochistan သို့ ပါကစ္စတန် မီးရထားလမ်းများ အဆင့်မြှင့်တင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဆွေးနွေးမှု များ ပြုလုပ်နေကြောင်း Sharif မှ ပြောကြားခဲ့ပြီး ရထားလမ်း ကွန်ရက် တစ်လျှောက် ခေတ်မီ တိုးတက်ရေးနှင့် စီးပွားရေး တည်ငြိမ်စေရန်အတွက် ပြည်နယ်များ အကြား ပူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဗဟိုအာရှသို့ မီးရထား လမ်းကွန်ရက်ကို တိုးချဲ့ ရန်အတွက် ပြည်နယ်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားပြီး အဓိကအချက်မှာ ဥဇဘက်ကစ္စတန်-အာဖဂန်-ပါကစ္စတန် မီးရထားလိုင်းစီမံကိန်းကို မီးမောင်းထိုးပြနေပါသည်။
DOCA(ရန်ကုန်)
