အဇာဘိုင်ဂျန်သို့ တရုတ်ခရီးသွားဝင်ရောက်မှု ၄၉ ရာခိုင်နှုန်းတိုးလာ

Powered by Drupal

              ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာ ကာလအတွင်း အဇာဘိုင်ဂျန်သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် အရေအတွက်သည် ၄၉ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၅၇၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာခရီးသွားအေဂျင်စီ ဥက္ကဌ Fuad Nagiyev က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့သော အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် များ နှင့် ဘာကူ-ပေကျင်း၊ ဘာကူ-အူရမ်ချီ အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ပျံသန်းခြင်း အပါအဝင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများသည် အထောက်အကူ ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံ သည် ယခုအခါ အဇာဘိုင်ဂျန်သို့ လာရောက်လည်ပတ်သူများအတွက် ထိပ်တန်းစျေးကွက် အရင်း အမြစ်တွင် ပါဝင်နေပြီဖြစ်ကြောင်း Nagiyev က‌ ပြောကြားခဲ့ပါသည်။

          အဇာဘိုင်ဂျန်ခရီးသွားဘုတ်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Florian Sengstschmid က အဇာဘိုင်ဂျန်သည် တရုတ်နိုင်ငံရှိ ၎င်း၏ Destinations Azerbaijan အစီစဉ်ကို ချဲ့ထွင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပြည်ပခရီးသွား ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း မှတ်တမ်းတင်ထားပြီး အဇာဘိုင်ဂျန်သည် ခရီးသွားလုပ်ငန်း ဆက်လက်တိုးတက်နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)