ဗီယက်နမ်နိုင်ငံသည် စတုတ္ထသုံးလပတ် GDP တိုးတက်မှု ၈.၄ ရာခိုင်နှုန်း တိုးတက်ရန်ပစ်မှတ်ထား

Powered by Drupal

              ဗီယက်နမ်အစိုးရသည် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) တိုးတက်မှုကို ၈.၄ ရာခိုင်နှုန်းကို ပစ်မှတ်ထား သတ်မှတ်ထားပြီး နှစ်စဉ် GDP တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း ကျော်အထိ ရောက်ရှိရန် ရည်ရွယ်ထားကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ဗီယက်နမ်အစိုးရက စတုတ္ထသုံးလပတ်တွင် စက်မှုကဏ္ဍ ၉.၄ ရာခိုင်နှုန်းကျော်၊ ဝန်ဆောင်မှု ကဏ္ဍ ၈.၃ ရာခိုင်နှုန်းကျော်နှင့် စိုက်ပျိုးရေးကဏ္ဍ ၄ ရာခိုင်နှုန်းခန့် တိုးတက်ရန် ကြိုးစားလျက်ရှိ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဗီယက်နမ်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ယခင်နှစ်ကထက် ၈.၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)