ဆော်ဒီအာရေဗျသည် ဆီးရီးယားသို့ ရေနံစိမ်းစည်ပေါင်း ၆၅၀,၀၀၀ ပေးပို့ခဲ့

Powered by Drupal

       ဆော်ဒီအာရေဗျနိုင်ငံသည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ထောက်ပံ့ရန်အတွက် ထောက်ပံ့ငွေ တစ်စိတ် တစ်ပိုင်းအဖြစ် ရေနံစိမ်းစည်ပေါင်း ၆၅၀,၀၀၀ ကို ဆီးရီးယားသို့ ပို့ဆောင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် ပြောကြားခဲ့သည်။

   Banias ဆိပ်ကမ်းသို့ ပို့ဆောင်မှုသည် ရေနံစိမ်း စည်ပေါင်း ၁.၆၅ သန်း ထောက်ပံ့မှု၏ ပထမဆုံး ခြေလှမ်းဖြစ်ကြောင်း ဆော်ဒီ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ ထောက်ပံ့ ကြေးသဘောတူညီချက် ကို ဆော်ဒီစွမ်းအင်ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆော်ဒီစွမ်းအင် ဝန်ကြီးဌာနနှင့် ဆီးရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့တို့အကြား စက်တင်ဘာ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

   အစီရင်ခံစာအရအဆိုပါ ဆောင်ရွက်မှုသည် ဆီးရီးယား၏ ရေနံသန့်စင်ရေးလုပ်ငန်းများ လည်ပတ်မှုကို မြှင့်တင်ရန်၊ ဆီးရီးယား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်၊ ၎င်း၏ လက်ရှိစီးပွားရေး စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ဆီးရီးယား စီးပွားရေး၏ အဓိက ကဏ္ဍများကို လှုံ့ဆော်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

DOCA(ရန်ကုန်)