ပြည်ပကုန်သွယ်မှုသတင်းများ
ဒုတိယအကြိမ်မြောက် China Supply Chain Expo အား ၃၀.၁၁.၂၀၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး စုစုပေါင်း ယွမ် ၁၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၁၇ ဘီလီယံ) တန်ဖိုး ရှိသော ကုန်သွယ်မှုသဘောတူညီချက်စာချုပ် ၂၁၀ ကျော်နှင့် အကြိုသဘောတူစာချုပ်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သူ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (CCPIT) ၏ အဆိုအရ သိရသည်။ ငါးရက်ကြာ ကုန်စည်ပြပွဲအတွင်း နိုင်ငံနှင့်ဒေသပေါင်း ၇၀ နီးပါးမှ ပြခန်းပေါင်း ၆၀၀ ကျော်သည် အထက်ပိုင်းနှင့် အောက်ပိုင်းထောက်ပံ့သူ ၃၇၀၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူမှ ပြောကြားခဲ့သည်။ ဒုတိယအကြိမ်မြောက်
စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Hem Vanndy သည် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) မှကိုယ်စားလှယ်အဖွဲ့အား Siem Reap ပြည်နယ်တွင် ကျင်းပပြုလုပ်သည့် ၂၉ ကြိမ်မြောက် Angkor Wat International Half Marathon ပွဲပြီးနောက် လက်ခံတွေ့ဆုံခဲ့သည်။ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီဌာန (MISTI) ၏ အဆိုအရ လေဆိပ် ဥက္ကဋ္ဌ Mr Lu Wei က လေဆိပ်သည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ခရီးသည် ၁.၃ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၁.၄ သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ Mr Lu Wei သည် (MISTI) နှင့်ပူးပေါင်းပြီး လေဆိပ်အနီးတဝိုက်တွင် တန်ဖိုးမြင့်စက်မှုလုပ်ငန
အင်ဒိုနီးရှားနိုင်ငံစက်မှုနှင့်ကုန်သည်များအသင်း (Kadim) ၏ဥက္ကဌဖြစ်သူ Anindya Bakrie က အင်ဒိုနီးရှား-ကနေဒါဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (ICE-CEPA) သည် အင်ဒိုနီးရှားတွင် ကနေဒါ၏ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာစေရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။ Bakrie က ထိုသဘောတူညီချက်သည် အင်ဒိုနီးရှားထုတ်ကုန်များ ကနေဒါဈေးကွက် သို့ ဝင်ရောက်ရန် အခွင့်အရေးများရရှိစေမည်ဖြစ်ကြောင်းနှင့် ထိုသဘောတူညီချက်ကို လာမည့်နှစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့ကကျင်းပခဲ့သည့် CEPA ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ၎င်းသည် စွမ်းအင်ဖူလုံရေး၊ အစားအစာဖူလုံရေး၊ တွင်းထွက်ပစ
အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်သယံဇာတအရင်းအမြစ်ဝန်ကြီးဖြစ်သူ Bahlil Lahadalia က အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသည့် မီသနောစက်ရုံကို တည်ဆောက်ရန်ပြင်ဆင်နေကြောင်း ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် အောက်လွှတ်တော် အစည်းအဝေးတွင် ဒီဇင်ဘာလ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုစက်ရုံကို အရှေ့ဂျာဗားတွင် ၂၀၂၅ ခုနှစ်၌ ဆောက်လုပ်လိမ့်မည်ဖြစ်ပြီး တစ်နှစ်ကို မီသနောတန် ၈၀၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ Lahadalia က နိုင်ငံသည် မီသနောတင်သွင်းမှုအပေါ် ဆက်လက်မီခိုနေရသောကြောင့် ထိုစက်ရုံသည် ပြည်တွင်းမီသနောလိုအပ်မှု ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ရ
နိုင်ငံ၏အစားအစာထုတ်လုပ်မှုမြင့်တက်လာနိုင်သည်ဟု ယူဆရသောကြောင့် အင်ဒိုနီးရှား သမ္မတ Prabowo Subianto သည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ဆန်တင်သွင်းမှုကို ရပ်တန့်နိုင်မည် ဟုယုံကြည်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က ဂျကာတာရှိ သမ္မတနန်းတော်တွင် ပြောကြားခဲ့ပါသည်။ Prabowo က ၎င်းသည် ၂၀၂၅ ခုနှစ်တွင် ဆန်တင်သွင်းရန်မလိုအပ်တော့ဟု ယုံကြည်ချက်ရှိနေကြောင်း၊ နိုင်ငံအနေဖြင့် အစားအစာကဏ္ဍတွင် အားကောင်းရန် လိုအပ်ကြောင်း၊ ဆန်သာမကအစားအစာအားလုံးတွင် တင်သွင်းနေရမှုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံအစားအစာအတွက် ညှိနှိုင်းရေးဝန်ကြီးနှင့် အဖွဲ့ကို နိုင်ငံတွင် အစားအစာက
ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်သည် ယခုနှစ်တွင် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိလျက်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် ထိပ်တန်း ဦးဆောင် စီးပွားရေးအချက်အချာအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ပြည်နယ်၏စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏အဆိုအရ ၎င်းတို့သည်ပို့ကုန်မှတစ်ဆင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံ (၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၁၂.၇ ရာခိုင်နှုန်းမြင့်တက်) ခဲ့ပြီး သွင်းကုန် အတွက် အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံ (လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၁၂.၂% မြင့်တက်)သုံးစွဲခဲ့ကြောင်း သိရပါသည်။ Binh Duong ပြည်နယ်၏လတ်တလောတင်ပို့မှု တန်ဖိုးမှာ ဗီယက်နမ်၏စုစု
အမေရိကန်နိုင်ငံ၏ လူဦးရေအများဆုံးသော ပြည်နယ်ဖြစ်သော ကယ်လီဖိုးနီးယားမှ နို့နမူနာများတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ့ရှိရပြီးနောက် Fresno အခြေစိုက် Raw Farm ကုမ္ပဏီ၏ နို့စိမ်းထုတ်ကုန်များ ဖြန့်ဖြူးမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကယ်လီဖိုးနီးယား အစားအသောက်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ လတ်တလောတွင် မွေးမြူရေး လုပ်ငန်း များ လည်ပတ်မှုအားလုံးကို သီးသန့်ခွဲထားပြီး နွားနို့ကုန်ကြမ်းများအထိ ဖြန့်ဖြူးမှုများ အားလုံးကို ရပ်ဆိုင်းထားကြောင်း CDFA ၏ ပြည်သူ့ရေးရာဒါရိုက်တာ Steve Lyle က တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ Lyle ၏ အဆိုအရ CDFA မှ နို့ထွက်ပစ္စည်းစစ်ဆေးရေးမှူးများသည်
Geely Automobile Holding မှ ပိုင်ဆိုင်သည့် တရုတ်မော်တော်ကား ကုမ္ပဏီ Lynk & Co သည် ၎င်း၏ ပထမဆုံး လျှပ်စစ်မော်တော်ကားအား အစ္စရေးတွင် ၂.၁၂.၂၀၂၄ ရက်နေ့၊ တနင်္လာနေ့ က စတင်မိတ်ဆက်ခဲ့သည်။ ထို EV မော်ဒယ်သည် အကွာအဝေး ၄၆၅ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အမြန်နှုန်းအား တစ်နာရီလျှင် ၁၈၀ ကီလိုမီတာအထိ မြှင့်တင်မောင်းနှင်နိုင်မည် ဖြစ်သည်။ ၎င်း EV ကားအား ၆၆ Kwh ဘတ်ထရီတပ်ဆင် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ Lynk & Co သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အစ္စရေးကားဈေးကွက်သို့ Plug-in hybrid Lynk & Co 01, Compact Crossover SUV ဖြင့် ဝင်ရောက်ခဲ့သည်။ ထိုမော်ဒယ်နှစ်မျိုးလုံးအား Lynk &
ဘေဂျင်းတွင် အင်ဆူလင်ထုတ်လုပ်မှု အခြေစိုက်စခန်းသစ်တစ်ခုတည်ထောင်ရန်အတွက် ပြင်သစ်ဆေးကုမ္ပဏီကြီး Sanofi မှ ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ နီးပါး) အား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Beijing Economic Technological Development Area (BDA) ၏ အဆိုအရ သိရသည်။ Sanofi ကုမ္ပဏီသည် ၂.၁၂.၂၀၂၄ ရက်နေ့တွင် မြို့တော်တောင်ပိုင်း Yizhuang ဧရိယာတွင် စက်ရုံတည်ဆောက်ရန်အတွက် ဘေဂျင်းမြူနီစီပယ်၊ စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဗျူရို၊ BDA အုပ်ချုပ်ရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံအတွင်းရှိ Sanofi ကုမ္
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် နယ်စပ်ငွေပေးချေမှုစနစ်ပေါင်းစည်းရေးစီမံကိန်းတွင် ပူးပေါင်ဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် ၎င်းတို့၏ဘဏ်လုပ်ငန်းကဏ္ဍများတွင် ပိုမိုဖွံဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်သဘောတူခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကမ္ဘောဒီးယားအမျိုးသာဘဏ် (NCB) အုပ်ချုပ်ရေးမှူး Chea Serey နှင့် ဗီယက်နမ် နိုင်ငံတော်ဘဏ် (SBV) အုပ်ချုပ်ရေးမှူး Nguyen Thi Hong တို့တွေ့ဆုံမှုတွင်နှစ်နိုင်ငံစီးပွားရေး၊ ငွေးကြေးအခြေအနေနှင့် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနစ် ပေါင်းစည်းရေးပရောဂျက်တ
ခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်ကဏ္ဍသည် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ ဦးစားပေးစီးပွားရေးကဏ္ဍမှ ပါဝင်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်များကို ဒေသတွင်းနှင့်ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများနှင့် စီးပွားရေးဖိုရမ်များတွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ၊ ဆွေးနွေးချက်ပွဲများတွင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အစိုးရသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်၊ ဖိနပ်နှင့်အိတ်လုပ်ငန်းများကို ၂၀၂၂-၂၀၂၇ ခ
တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းသူဖြစ်ခဲ့ဖူးသော်လည်း ဆန်တင် သွင်းမှု ကျဆင်းလာခဲ့ရာ ယခုအခါ တရုတ်ဈေးကွက်သို့ ဆန်တင်ပို့မှုများ ပြန်လည်စတင်နိုင်မည်ဟု အပြုသဘောဆောင် ရှုမြင်ထားကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြ ခဲ့သည်။