
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အင်ဒိုနီးရှားနိုင်ငံ၏ အစိုးရပိုင် utility ဖြစ်သည့် PT Perusahaan Listrik Negara (PLN) အား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရှိန်မြှင့်ရန်နှင့် ၎င်း၏ ကာဗွန်နည်းသော တိုးတက်မှု ပန်းတိုင်များကို ပံ့ပိုးပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၇၀ ချေးငွေရလဒ်ကို အခြေခံသည့် ချေးငွေကို အတည်ပြုလိုက်ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ကြေညာခဲ့သည်။
အင်ဒိုနီးရှား၏ သန့်ရှင်းသောစွမ်းအင်ကူးပြောင်းမှုအစီအစဉ်အား အရှိန်မြှင့်တင်ခြင်းသည် နေရောင်ခြည်နှင့် လေအားလျှပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ Java-Madura-Bali၊ Sumatra နှင့် Sulawesi တစ်လျှောက်ရှိ ဇယားကွက်အခြေခံအဆောက်အအုံအား အားကောင်း စေပြီး စွမ်းအင်အကူးအပြောင်းကို စီမံခန့်ခွဲရန် PLN ၏ စွမ်းဆောင်ရည်ကို အားကောင်းစေမည် ဖြစ်ကြောင်း ဘဏ်က ပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်သည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၂.၅ သန်း အထိ လျေ့ာချနိုင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ပမာဏ အများအပြား ပေါင်းစည်းနိုင်သည့် ပိုမိုခံနိုင်ရည်ရှိသော အမျိုးသား လျှပ်စစ်ဓာတ်အားကို ဖန်တီးခြင်းဖြင့် ASEAN Power Grid ပဏာမ အစီအစဉ်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ၂၀၂၆ မှ ၂၀၃၁ ခုနှစ်အထိ အကောင်အထည် ဖော်ရန် စီစဉ်ထားသော အစီအစဉ်တွင် ADB ၏ သာမန်အရင်းအနှီးရင်းမြစ်များမှ ဒေါ်လာသန်း ၄၇၀ နှင့် ASEAN Infrastructure Fund အပါအဝင် ASEAN Catalytic Green Finance Facility လက် အောက်ရှိ ဥရောပသမဂ္ဂနှင့် United Kingdom တို့မှ ပံ့ပိုးမှုများ အပါအဝင် ADB မှ စီမံခန့်ခွဲသော ရန်ပုံငွေမှ ဒေါ်လာသန်း ၃၀ ပါဝင်သည်။
DOCA(ရန်ကုန်)
