ပြည်ပကုန်သွယ်မှုသတင်းများ
တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့ကုန်များသည် ဇူလိုင်လ ၂၀ ရက်အတွင်းတွင် အမေရိကန် နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဝယ်လိုအားနည်းလာမှုကြောင့် ကျဆင်းလာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များအရ သိရပါသည်။ ဇူလိုင်လ ၁ရက်နေ့မှ ၂၀ ရက်နေ့အတွင်းတွင် နိုင်ငံခြားကုန်သွယ်မှုများ ၂.၂ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကျဆင်းခဲ့ကြောင်း ကိုရီးယားနိုင်ငံ အကောက်ခွန်ဌာန၏ အဆိုအရ

တရုတ်နှင့် ဥရောပသမဂ္ဂသဘောတူညီချက်အရ ဥရောပကောင်စီ ဥက္ကဌ Antonio Costa နှင့် ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen တို့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ် နိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသမ္မတ Xi Jinping သည် ၎င်းတို့နှင့်တွေ့

ဖိလစ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) ၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ယခုနှစ်အတွင်းတွင် စွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်ရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍငွေရရှိရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကမ္ညာလုံးဆိုင်ရာ အတိုင်ပင်ခံ ကုမ္

နှစ်နိုင်ငံအစိုးရပိုင်ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) သည် အိန္ဒိယ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (NABARD) နှင့် နားလည်မှုစာချွန်လွှာ (MoU) ကို ၁၈-၇-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ARDB ၏ ထုတ်ပြန်ချက်အရ ARDB နှင့် NABARD တို့ကြား နားလည်မှုစာချွန်လွှာ လက်မှ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဥရောပသမဂ္ဂ (EU) ဈေးကွက် သို့ ကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်တရားဝင် အစီရင်ခံစာအရ သိရသည်။ EU ဈေးကွက်သည် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း နိုင်ငံတော်၏ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၆.၃ ရာခိုင်နှုန်

အီဂျစ်နိုင်ငံရှိ တရုတ်သံရုံးနှင့်အီဂျစ်နိုင်ငံခြားရေးကောင်စီတို့သည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏မူဘောင်အတွင်း တရုတ်-အီဂျစ်ဆက်ဆံရေး တည်ငြိမ် တိုးတက်မှုကို အလေးပေးသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀-၇-၂၀၂၅ ရက်နေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ နှစ်နိုင်ငံမှအကြီးတန်း သံတမန်များ၊ နိုင်ငံခြားရေးကျွမ်းကျင်သူ

တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (NEA) ၏ ထုတ်ပြန်ချက်အရ ဇွန်လတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၄ ခုနှစ် အလားတူကာ

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေမရာရှိနေစဉ် တရုတ်နိုင်ငံအနေဖြင့် အလွန်ကြီးမားသော ဈေးကွက်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု၏ အဓိကအရင်းအမြစ် အဖြစ် လည်းကောင်း ဆက်လက်တည်ရှိနေကာ တရုတ်နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုသည်ဘရာဇီးနှင့် အခြားနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်ဟု ဘရာဇီးကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှတာဝန်ရှိသူများက စွမ်းအင်သစ်မော်တော်ယာဉ် (NEV) ဈေးကွက် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းကြပ်မတ်ရေးအတွက် စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ဈေးကွက်ကြီးကြပ်ရေးစီမံအုပ်ချုပ်မှုဌာနတို့ပူးပေါင်း၍ NEV လုပ်ငန်းရှင်များနှင့် ၁၈-၇-၂၀၂၅ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ အစည်းအ

လာအိုနိုင်ငံ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် နှင့် ၂၀၃၀ ခုနှစ်အတွင်းတွင် လုပ်ဆောင်မည့် စက်မှုလက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ဖွံဖြိုးတိုးတက်မှု စီမံကိန်းမူကြမ်းကို ပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရပါသည်။ အဆိုပါအစည်းအဝေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် လာအိုမြို့တော်

General Motors (GM) မှ လုပ်ငန်းရှင်များ၏ အသားတင်အမြတ်ငွေများသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် အမေရိကန်နိုင်ငံသို့ အခွန်ဒေါ်လာ ၁.၁ ဘီလီယံခန့်ပေးဆောင်ရ ခြင်းကြောင့် ၃၅.၄ ရာခိုင်နှုန်းအထိ ရုတ်တရက် ကျဆင်းသွားကြောင်း သိရပါသည်။ GM ၏ ဒုတိယသုံးလပတ် ကာလအတွင်း ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ဒေါ်လာ၄၇.၁၂ ဘီလီယံခန့် ၁.၈ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ခန့်မှန်းဝင်ငွေ ၄၅.

ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ယခုနှစ်ဝက်ခန့်တွင် ဆန်အခွန်များကောက်ခံရာ၌ သက်သာသော အခွန်နှုန်းထားများကြောင့် ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း အကောက်ခွန်ဗျူရို(BOC) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ BOC မှ ထုတ
