ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လတွင် ကုန်ပစ္စည်းများတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ၁၈.၅၉ ဘီလီယံ ရှိခဲ့ပြီး ၁၆ ရာခိုင်နှုန်းတိုးလာကြောင်း ၁၁-၁၁-၂၀၂၄ ရက်နေ့က တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယား၏ ပို့ကုန်များတွင်အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ ပီလောပီနံ၊ ငှက်ပျောသီး၊ သရက်သီးနှင့်ပဲများစသည်တို့ပါဝင်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အထွေထွေအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စုစုပေါင်းသွင်းကုန် အမေရိ
ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းတိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ်ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့လည်းပါဝင်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်
တရုတ်နိုင်ငံ Chongqing မြို့တော်တွင် လတ်တလောကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဗီယက်နမ် နှင့်တရုတ်လုပ်ငန်းများသည် ကုန်သွယ်ရေး-စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် မီဒီယာတို့တွင် လွှမ်းခြုံထားသည့်နားလည်မှုသဝဏ်လွှာ (MOU) ၇ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ ထိုပွဲကို ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် Chongqing ၏ အာဆီယံတွင်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်လျှက်ရှိပြီး နှစ်ဖက်ကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်မှစ၍ ကြီးထွားလာကြောင်းသိရပါသည်။ ယခုနှစ်သည် ဗီယက်နမ်နိုင်ငံစက်မှုနှင
ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုများ၊ ကြီးမားသောအခြေခံအဆောက်အအုံစီမံကိန်းများနှင့်သင့်လျော်ကောင်းမွန်သော ဥပဒေဝန်းကျင်တို့ကြောင့် ဗီယက်နမ်နိုင်ငံ၏စက်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများသည် အားကောင်းစွာကြီးထွားလာကြောင်း ဗီယက်နမ်အိမ်ခြံမြေအေဂျင်စီ Savills Vietnam ၏ပြောကြားချက်အရ သိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များနှင့် အချက်အလက်စင်တာများတိုးချဲ့လာခြင်းနှင့်အတူ ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးမြင့်ကုန်ထုတ်လုပ်ခြင်းသို့ အသွင်ကူးပြောင်းလာခြင်းသည် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် ၎င်းတို့၏နေရာအဆင့် ကိုမြှင့်တင်ပေးလျှက်ရှိကြောင်း အေဂျင်စီက နိုဝင်ဘာလ ၈ ရက်နေ့ကပြော
လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစားသောက်ထုတ်ကုန်များအားလုံး စားသုံးသူများဘေးကင်းလုံခြုံစေရေးအလို့ငှာ လာအိုဘာသာဖြင့် ကုန်အမှတ်တံဆိပ်များ ကပ်ရန်နှင့် အစားအသောက်နှင့်ဆေးဝါးမှတ်ပုံတင်ဌာနတွင် လာမည့် ၂၀၂၅၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍ သတ်မှတ်ထားသည့် လိုအပ်သောစည်းမျဉ်းနည်းလမ်းများအတိုင်းမှတ်ပုံတင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၅.၁ သန်းအထိ တင်သွင်း ရဖွယ်ရှိပြီး အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက် ဆန်တန်ချိန် ၄.၉ သန်းထက် ၀.၂ သန်း ပိုမိုလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေး ဝန်ဆောင်မှုဌာန (FAS) က ပြောကြားခဲ့ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၉ သန်းအထိ တိုးတက်လျက် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ ဘီလီယံခန့် ဝင်ငွေရရှိနိုင်မည်ဟု ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်ထောက်ပံ့မှု လျော့ကျလာပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၃ လအတွက် ဘာဆာမလေးရှားဈေးကွက်၌ စားအုန်းဆီကြမ်း ကြိုတင်အရောင်းစာချုပ်များကို အနည်းဆုံး ၅% ခန့် ဈေးနှုန်းမြှင့်တင် ချုပ်ဆိုမှု များရှိကြောင်း နိုင်ငံတကာစီးပွားရေး စောင့်ကြည့်လေ့လာရေးသုတေသနအဖွဲ့ (Business Monitor International-BMI) ၏ ရေးသား ဖော်ပြချက်ကို ကိုးကားလျက် မလေးရှား New Straits Times သတင်းဌာနက ၁၁-၁၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဩစတေးလျစက်မှုလုပ်ငန်းများနှင့် စားသုံးသူများ၏ ဈေးကွက်လိုအပ်ချက် ကြီးထွားနေမှုကို ဖြည့်ဆည်းရန်အလို့ငှာ ဩစတေးလျနိုင်ငံသို့ အရည်အသွေးမြင့် အုန်းဆီ မက်ထရစ်တန်ချိန် ၃၀၀၀၀ ကို ထပ်ဆောင်း၍ နှစ်စဉ်တိုးမြှင့်တင်ပို့နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၌ အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီသည် ဆန်စပါးဝယ်လိုအားနှင့် ရောင်းလိုအားအကြား ဟန်ချက်ညီစေရန်အတွက် အစီအမံ (၃) ရပ်ကို အတည်ပြုခဲ့ရာ ရိတ်သိမ်းချိန် ကာလအတွင်း ရောင်းလိုအားများခြင်းကြောင့် ယခုနှစ် သီးနှံရာသီတွင် စပါးဆန်ဈေးများ ရုတ်တရက် ကျဆင်းသွားမည် မဟုတ်ကြောင်း သေချာသည်ဟု လေ့လာသူများ၏ ပြောကြားချက် အရ သိရှိရသည်။
ထိုင်းနိုင်ငံတွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဇီဝဒီဇယ်ဆီထုတ်လုပ်ရာတွင် စားအုန်းဆီ ပါဝင်ရောစပ်မှုပမာဏကို နိုဝင်ဘာ ၂၁ ရက် နေ့မှစတင်၍ လျှော့ချလျက် B7 ဇီဝဒီဇယ် အစီအစဉ်မှ B5 အဆင့်သို့ ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိကာလ၌ ဆောင်ရွက်လျက်ရှိသော B7 အစီအစဉ်တွင် စားအုန်းဆီမှရရှိသော ဇီဝ ဒီဇယ်ဆီ ၇ ရာခိုင်နှုန်းနှင့် ရေနံမှ ထုတ်လုပ်သော ဒီဇယ်ဆီ ၉၃ ရာခိုင်နှုန်းတို့ကို ရောစပ် အသုံးပြု ခြင်းဖြစ်ပြီး B5 အစီအစဉ်၌မူ စားအုန်းဆီမှရရှိသော ဇီဝဒီဇယ်ဆီ ၅ ရာခိုင်နှုန်းသာ ပါဝင်မည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဆန်တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားရှိမှုမှ အပြည့်အဝ တင်သွင်းခြင်းမပြုနိုင်ပဲ ကျန်ရှိမည့်ပမာဏကို ရှေ့နှစ်တွင် ဆက်လက်တင်သွင်းမည် ဖြစ်ရာ ဈေးကွက်၌ ထောက်ပံ့ပေးသွင်းနိုင်မှုအပေါ် မူတည်၍ ၂၀၂၅ ခုနှစ်၌ ဆန်ကို အသစ်ထပ်မံ တင်သွင်းရဖွယ် မရှိနိုင်ကြောင်းနှင့် အကယ်၍ တင်သွင်းရန် လိုအပ်မည်ဆိုပါကလည်း ပမာဏ အနည်းအကျဉ်းမျှသာ ရှိနိုင်သည်ဟု စားနပ်ရိက္ခာရေးရာဝန်ကြီး Zulkifli Hasan က နိုဝင်ဘာ ၁၁ ရက်နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။