ပြည်ပကုန်သွယ်မှုသတင်းများ
စင်္ကာပူနိုင်ငံ Woodland စစ်ဆေးရေးဂိတ်တွင် နှစ်ရက်ကြာပူးပေါင်းဆောင်ရွက်မှုတွင် မလေးရှားနိုင်ငံမှ တရားမဝင်တင်သွင်းလာသော လက်ဆတ်သောပြုပြင်ပြီးသားထုတ်ကုန်တစ်တန်ခန့်အား စင်္ကာပူအာဏာပိုင်များကဖမ်းဆီးရမိခဲ့သည်။ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက် စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင် (ICA) မှ အရာရှိများသည် ကုန်တင်ကားနှစ်စီးရှိ ကုန်စည်ပို့ဆောင်မှုတွင် ကွဲလွဲမှုများအား သတိပြုမိခဲ့ပြီး ၎င်းတို့အားထပ်မံစစ်ဆေးရန်အတွက် စင်္ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) သို့လွှဲပြောင်းပေးခဲ့သည်။ SFA သည် ခရမ်ချဉ်သီး၊ ကြက်သွန်နီ၊ ဆလတ်၊ လှီးဖြတ်ထားသော ဂေါ်ဖီန
အမေရိကန်နှင့် တရုတ်ကြား မည်သည့်ကုန်သွယ်ရေးစစ်ပွဲမှမဆို ထိုင်းနိုင်ငံစီးပွားရေးအကျိုးကျေးဇူးရရှိကြောင်းနှင့် ထိုနှစ်နိုင်ငံလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichi Naripthaphan က (၇.၁၁.၂၀၂၄) ရက်နေ့က ပြောကြားခဲ့သည်။ Mr.Pichai က ကုန်သွယ်ရေးစစ်ပွဲဖြစ်ပါက အမေရိကန်သည် တရုတ်ကုန်ပစ္စည်းများတင်သွင်းမှုကိုလျော့ချမည်ဖြစ်ပြီး ထိုင်းကုန်ပစ္စည်းများအားအစားထိုးနိုင်ကြောင်း၊ ထို့ကြောင့်ထိုင်းမှအမေရိကန်သို့တင်ပို့မှုမြင့်တက်နိုင်ကြောင်း၊ အမေရိကန်ထံမှ ရင်းနှီးမြှုပ်နှံမှုအသစ်များရရှိရန်မျှော်လင့်ကြောင်း၊ Hard Disk ထုတ်လုပ်သည့်
ဗီယက်နမ် e-commerce ဈေးကွက်သည် အမေရိကန်ဒေါ်လာ ၂၂ဘီလီယံရှိမည်ဟုခန့်မှန်းရပြီး အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား (အမေရိကန်ဒေါ်လာ ၆၅ဘီလီယံ) နှင့် ထိုင်း (အမေရိကန်ဒေါ်လာ ၂၆ဘီလီယံ) Google၊ Temarek နှင့် Bain & Company တို့၏ နှစ်ပတ်လည် “e-conomy SEA 2024” အစီအရင်ခံစာအရ ဗီယက်နမ်၏ဈေးကွက်သည် ဖိလစ်ပိုင် (၂၃%)နှင့် ထိုင်း (၁၉%)တို့၏ နောက် တတိယအမြန်ဆုံးနှုန်းဖြင့် ယမန်နှစ်ထက် ၁၈% တိုးလာခဲ့သည်။ ၂၀၃၀ တွင် ဒေါ်လာ ၆၃ဘီလီယ့ရောက်ရှိပြီး ထိုင်းနိုင်ငံကိုကျော်တက်နိုင်ရန် နှစ်စဉ် ၁၉% တိုးလာရန်လည်းမျှော်မှန်းထားသည်။ E-commerce သည် ဗီယက်နမ် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ၆၀% ဖြင့်ဖန်တီးထားပြီး ကျန်အမျ
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အလားအလာကောင်းသော သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံစိုက်ပျိုးရေးတို့၌ ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ကုမ္ပဏီများကို တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် နိုင်ဝင်ဘာလ ၆ရက်နေ့မှ ၇ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားစိုက်ပျိုးရေး၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်ကုမ္ပဏီကြီး (၃) ခုမှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်သည် Shandong (Cambodia) စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိ
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် Svay Rieng ပြည်နယ်ရှိ တရုတ်ကားတာယာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီ Sailum Group အား ပြည်တွင်းရော်ဘာကို ပြည်ပသို့တင်ပို့ရန် အဆင်သင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရန်အတွက် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ပြုခဲ့သည်။ Sailum Group ၏ဥက္ကဋ္ဌ Yuan Zhongxue မှ ကိုယ်စာလှယ်အဖွဲ့အား ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် အဆိုပါစီမံကိန်းအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် ဥက္ကဋ္ဌသည် မိတ်ဖက်နိုင်ငံများရှိ Sailum Group ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဒေသတွင်းထုတ်လု
တရုတ်ကုမ္ပဏီ (၃) ခုဖြစ်သည့် Fortune Rich Trade C0.,Ltd၊Ju Wang Footwear Co.,Ltd နှင့် Shandong (Cambodia) Economic and Technology Development Zone and Guoxing Group တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား နိုဝင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတွင် အစည်းအဝေးတက်ရောက်စဉ်အတွင်း ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မည့်အစီအစဉ်များကို အလေးပေးပြောကြားခဲ့သည်။ ထိုကုမ္ပဏီ (၃) ခု၏ ဥက္ကဋ္ဌများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နယ်ပယ်အားလုံးတွင် တိုးတက်မှုများကို အ
၂၀၂၄ခုနှစ်၏ ပထမ (၁၀) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၅၀၇,၀၂၉မတ်ထရစ်တန်အား နိုင်ငံပေါင်း (၆၆) နိုင်ငံသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၆.၆၃ သန်းရရှိခဲ့ကြောင်း ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ထုတ်ပြန်ချက်အရသိရသည်။ CRF မှ ကမ္ဘောဒီးယားနိုင်ငံသည် ဥရောပနိုင်ငံ (၂၆) နိုင်ငံသို့ ဆန်တန်ချိန် ၂၅၄,၉၄၅မတ်ထရစ်တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၆.၉၃ သန်း၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃,၁၉၇မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁.၄၈ သန်း၊ အရှေ့တီမောအပါအဝင် အာဆီယံ (၇) နိုင်ငံသို့ တန်ချိန် ၁၀၀,၉၉၆မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိက
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော World Rice Conferenci 2024 တွင် ကမ္ဘောဒီးယားအရည်အသွေးနှင့် အမွှေးကြိုင်ဆန်အတွက် အမှတ်အသားဖြစ်သည့် Malis Angkor ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် (၆) ကြိမ်မြောက်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာကုန်စည်ဒိုင် (ICI) နှင့် United States Of Rice Traders တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) မှ တောင်သူလယ်သမားများမှာ ကောင်းမွန်စွာစိုက်ပျိုးပြီး ဆန်စက်ပိုင်ရှင်များ၏ ကောင်းမွန်စွာကြိတ်ခွဲလုပ်ကိုင်ပေးခြင်းတို့ကြောင့် မိမိတို့နိုင်ငံအတွက် အကောင်းဆုံးဆန်ဆုကိုရရှိခဲ့ခြင်းဖြစ်
အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ ရာသီတွင် မတ်ထရစ်တန်ချိန် ၁၀၂သန်းအထိ ထပ်မံကျဆင်းနိုင်သည်ဟုခန့်မှန်းထားပြီး ရာသီဥတုကောင်းမွန်ပါက ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်းသော အိန္ဒိယနိုင်ငံသည် အောက်တိုဘာလတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၁၆သန်းတင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း The Solvent Extractors Association of India ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ကပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်တွင် အိန္ဒိယနိုင်ငံသည် တန်ချိန် ၁၆.၅ သန်းတင်သွင်းခဲ့သည်။ ယခုနှစ်တွင် အိန
တရုတ်နိုင်ငံစိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Zhengzhou Chen’s Sun သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် တရုတ်သို့တင်ပို့ရန်အတွက် ဒူးရင်းသီးပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်းသိရပါသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Xuemei Chen က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ Hun Manet နှင့် နိုဝင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌တွေ့ဆုံစဉ် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့်သစ်သီးလုပ်ငန်းတွင် ကြီးမားသောအလားအလာရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် အထူးသဖြင့် ဒူးရင်းပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရာတ
အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga က ဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များအား ပြည်ပသို့ဈေးကွက်တိုးချဲ့မှုအရှိန်မြှင့်တင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ Sambuaga က တင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်သင့်ကြောင်း ၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာတစ်လွှားတွင် ကုန်သွယ်ရေး ကိုယ်စားလှယ် ၄၆ဦးရှိကြောင်းသိရပါသည်။ ၁၉ဦးမှာ အင်ဒိုနီးရှားကုန်သွယ်မှုမြှ
Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့လိုက်ကြောင်း Omoda & Jaecoo ဗီယက်နမ်က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဈေးနှုန်းများကို ပြည်တွင်းတပ်ဆင်မှုမတိုင်မီ ယခုလနှောင်းပိုင်းတွင် ဖော်ပြရန် မျှော်လင့်ရကြောင်းသိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားမှ ယာဉ်များတင်သွင်းမှုအပြင် Omoda & Jaecoo ဗီယက်နမ်သည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီး ၂၀၀၀၀၀ ထုတ်လုပ်နိုင်သည့်စက်ရုံကို Thai Binh ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိကြောင်းသိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၈၀၀ရှိသည့် ထိုစက်ရုံသည် ၂၀၂၆ခုနှစ်တွင် စတင်လည်ပတ်နိ