ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Mar 2026

          YADEA Vietnam သည် ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၀ သန်းကျော်ဖြင့် တည်ဆောက်ထားသော စမတ်ထုတ်လုပ်ရေးစက်ရုံကို မတ်လ ၁ ရက်နေ့က Tan Hung Industrial Park တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံအတွင်း အစိမ်းရောင် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်အတွက် Grab Vietnam နှင့် ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

05 Mar 2026

          HS Hyosung Quang Nam သည် ၂၀၂၆ ခုနှစ်၏ပထမသုံးလပတ်အတွင်း Tam Thang Expanded Industrial Park တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ သန်း တန်ဖိုးရှိ polyester curtain fabric နှင့် စက်မှုလုပ်ငန်းသုံး fibre ထုတ်လုပ်ရေးစက်ရုံကို စတင် တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် စက်ရုံလည်ပတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကိုရီးယားသမ္မတနိုင်ငံ (RoK) အခြေစိုက် Hy

05 Mar 2026

         ဗီယက်နမ်နှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်းစတိန်းတို့နှင့်ဖွဲ့စည်းထားသည့် European Free Trade Association (EFTA) တို့အကြား ၁၉ ကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) ညှိနှိုင်းဆွေးနွေးပွဲကို Geneva မြို့၌ ကျင်းပလျက်ရှိပြီး နှစ်ဖက်

04 Mar 2026

            LNG အများဆုံးသုံးစွဲသည့် အာရှဒေသများအတွင်း၌ ဝယ်လိုအား ခိုင်မာနေပြီး ဥရောပမှ တင်သွင်းမှ စံချိန်တင်လျက်ရှိသော်လည်း အာရှရှိသဘာဝဓာတ်ငွေ့ရည် (LNG) လက်ငင်းပေါက်စျေးနှုန်းများသည် ဆက်လက်ကျဆင်းလျက်ရှိသည်။ ယခုကဲ့သို့ အခြေအနေနှင့် စျေးနှုန်းများ အကြားကွဲလွဲနေရခြင်း၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ ထောက်ပံ့မှုအပိုင်

03 Mar 2026

          အင်ဒိုနီးရှားနိုင်ငံသည် မကြာသေးမီက နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက် (Reciprocal Trade Agreement) ၏ တစ်စိတ်တစ်ပိုင်း အဖြစ် အမေရိကန်နိုင်ငံထံမှ Grandparent Stock (GPS) ဟု ခေါ်ဆိုသော အရည်အသွေးမြင့် မျိုးဆက်ပွားကြက် (မျိုးသန့်ကြက်) ကောင်ရေ ၅၈၀,၀၀၀ ကို တင်သွင်းရန် စီစဉ်နေသည်။ အဆိုပါ တင်သွင်းမှုသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀

03 Mar 2026

            ထိုင်ဝမ်၏ သစ်သီးဝလံတင်ပို့မှုတွင် နောက်ထပ် အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး၊ ဇီးသီး (Jujubes)၊ နဂါးမောက်သီးနှင့် လိုင်ချီးသီးများကို ဥရောပသမဂ္ဂ (EU) သို့ တင်ပို့ရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက မနေ့က ပြောကြားခဲ့သည်။ တိရစ္ဆာန်နှင့် အပင် ကျန်းမာရေး စစ်ဆေးရေးအေဂျင်စီသည် ကြာသပတေးနေ့တွင် ဥရောပသမဂ္ဂထံမှ အဆိုပါ ခွ

03 Mar 2026

        တန်ဇန်းနီးယား သစ်တောဝန်ဆောင်မှုအေဂျင်စီ (TFS) သည် နိုင်ငံတကာအသိအမှတ်ပြု ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ပေးပို့စစ်ဆေးခဲ့သော ပျားရည်နမူနာများ၏ ရလဒ်များကို ထုတ်ပြန်ခဲ့သည်။ စစ်ဆေးမှုရလဒ်အရ ပျားရည်နမူနာ ၉၆ ရာခိုင်နှုန်းသည် ကမ္ဘာ့ အရည်အသွေး စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း သိရသည်။ ဤစစ်ဆေးမှုရလဒ်သည် တန် ဇန်းနီးယားနိုင်ငံအတွက် ဥရောပသမဂ

03 Mar 2026

            ပြည်တွင်းထုတ် ဆီမီးကွန်ဒတ်တာများအပေါ် ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် ဖေဖော်ဝါရီလ ပထမ ၂၀ ရက်အတွင်း တောင်ကိုရီးယား၏ ပို့ကုန်သည် နှစ်လုံးဂဏန်းအထိ တိုးတက်လာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြသခဲ့သည်။

03 Mar 2026

          အီလက်ထရွန်နစ်ပစ္စည်းများအပေါ် ကမ္ဘာတစ်ဝန်း ဝယ်လိုအား ဆက်လက်ရှိနေမှုကြောင့် စက်မှုထုတ်ကုန်တင်ပို့မှုများ မြင့်တက်လာခဲ့ပြီး ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်များ ၁၉ လဆက်တိုက် တိုးတက်လာခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင် အချက်အလက်များအရ သိရသည်။

03 Mar 2026

     ပါကစ္စတန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်အတွက် အခွန် နှင့် အခွန်ကောက်ခံငွေ ပြန်လည်‌လျော့ချပေး‌‌သည့် အစီအစဉ် (Duty and Taxes Remission for Export - DLTL) ကို အကြီးစား ဆန်တင်ပို့သူများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာ ဈေးကွက်တွင် ပါကစ္စတန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေရန် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။ ပြင်ဆင်ထားသော အစီအစဉ်သစ်သည် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ နောက်ကြောင်းပြန် အကျိုး သက်ရောက်မှုဖြင့် အကျုံးဝင်မည်ဖြစ်ပြီး ဆန်တံဆိပ်အမျိုးမျိုးအတွက် သတ်မှတ်ထားသေ

03 Mar 2026

    ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာထုတ်လုပ်မှုအနေဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့လျက်ရှိ ရာ ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၉၃ သန်းရရှိခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလတွင် ၇၁ ရာခိုင်နှုန်း တိုးတက်လျက် ဝင်ငွေ ဒေါ်လာ ၁၅၉ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယား၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

03 Mar 2026

    ၂၀၂၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဝယ်လိုအားသည် ခြောက်နှစ်ဆက် တိုက် ထုတ်လုပ်မှုပမာဏကို ကျော်လွန်သွားဖွယ်ရှိပြီး ဖွံ့ဖ

Pages