အမေရိကန်နိုင်ငံသို့တင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏တင်ပို့ကုန်များ ၃ လဆက်တိုက်ကျဆင်း

Powered by Drupal

          အစိုးရဌာနများ၏ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးအခွန် ကောက်ခံမှုများကြောင့် အမေရိကန်နိုင်ငံသို့တင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များသည် အောက်တိုဘာလတွင်လည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများသည် ဝါရှင်တန်နှင့် ကုန်သွယ်ရေးသဘောတူညီမှုများအပေါ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ အမေရိကန်သမ္မတ Donald Trump သည် ဗီယက်နမ်နိုင်ငံနှင့် အတော်အတန် ကြီးမားသော ကုန်သွယ်ရေးကျဆင်းမှုကို လျော့ချရန်အတွက် ဗီယက်နမ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အခွန် ၂၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခဲ့ပါသည်။ အဆိုပါ အကောက်ခွန် ကြောင့် အမေရိကန်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုများ နည်းပါးခဲ့ကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်းတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၁၁ ဘီလီယံခန့် အမေရိကန်နိုင်ငံနှင့်အတူ ကုန်သွယ်မှုပို‌ငွေများ ရရှိခဲ့ ကြောင်းသိရပါသည်။ အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၂.၀၅ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး စက်တင်ဘာလထက် ၁.၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်းနှင့် စုစုပေါင်းတင်သွင်းမှုသည်လည်း အမေရိကန်ဒေါ်လာ ၃၉.၄၅ ဘီလီခန့် ရောက်ရှိခဲ့ပြီး စက်တင်ဘာ လထက် ၁ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စာရင်းအင်းဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ မိုဘိုင်းဖုန်းထုတ်လုပ် သူများသည် အမေရိကန်နိုင်ငံသို့ တင်ပို့သူများထဲတွင် အကြီးမားဆုံးဆုံးရှုံးသူများဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ဖုန်းတင်ပို့မှုသည် အောက်တိုဘာလတွင် စက်တင်ဘာလ ထက် ၁၅.၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါ ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသို့ အထည်အလိပ်နှင့် အဝတ်အစားတင်ပို့မှုသည်လည်း အောက်တိုဘာလတွင် စက်တင်ဘာလထက် ၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဖိနပ်တင်ပို့မှုသည် ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်းသိရ ပါသည်။ ဗီယက်နမ်နိုင်ငံသည် အနောက်တိုင်းအဝတ် အထည်နှင့် Nike နှင့် Adidas အပါအဝင် ဖိနပ်ပြုလုပ်သူများထဲတွင် အချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှ ထွက်ရှိမှုနှုန်းသည် ၂၀၂၅ ခုနှစ် အစောပိုင်းကာလထက် ၁၀.၈ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး စက်တင်ဘာလထက် ၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများသည် စက်တင်ဘာလအစောပိုင်းတွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ လက်လီရောင်းချနှုန်းသည် အောက်တိုဘာလတွင် ၇.၂ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ဖောက်သည်စျေးနှုန်းများသည် ၂၀၂၅ ခုနှစ် အစောပိုင်းကာလထက် ၃.၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)