ပြည်ပကုန်သွယ်မှုသတင်းများ
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ဗီယက်နမ်သည် စင်္ကာပူ၏ ၅ခုမြောက်အကြီးဆုံး ရေထွက်ကုန်တင်ပို့သူအဖြစ်ရပ်တည်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးကပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စင်္ကာပူသည် အမေရိကန်ဒေါ်လာ ၆၃၅.၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်များအား နိုင်ငံနှင့် ဒေသ၁၀၀နီးပါးမှတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၄.၅၁% ကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း စင်္ကာပူသို့ ရေထုတ်ကုန်များတင်ပို့သည့် ထိပ်တန်းနိုင်ငံများမှာ မလေးရှားက ဈေးကွက်ဝေစု၏ ၁၃.၄၂%၊ အင်ဒိုနီးရှား ၁၀.၉၈%၊ နော်ဝေ ၁၀.၃၄%၊ တရုတ် ၉.၈၁%၊ ဗီယက်နမ် ၉.၂၂% နှင့် ဂျပန် ၈.၄၂% တို့ဖြစ်ကြောင်းသိရပါသည်။ စင်္ကာပူရှိ ဗီယ
နိုင်ငံတော်စာရင်းအင်းကော်မတီ၏ မကြာသေးမီက အပ်ဒိတ်သတင်းများအရ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတင်ပို့သည့် ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ တင်ပို့မှုများမြင့်တက်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတန်ချိန်၄၃၀၀၀တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၈.၃ သန်းရရှိခဲ့သည်။ ထိုပန်းသီးတန်ချိန်၄၃၀၀၀မှ တန်ချိန်၃၆၉၀၀အား ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောတန်ချိန်၄၀၀၀အား ဆော်ဒီအာရေဗျဈေးကွက်သို့တင်ပို့ခဲ့သည်။
ကမ္ဘောဒီးယားတော်ဝင်အစိုးရ ( RGC ) နှင့်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များပိုမို လာရောက်ရင်းနှီးမြှုပ်နှံကြရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယား-တောင်ကိုရီးယားတို့၏ အစိုးရ-ပုဂ္ဂလိက ကဏ္ဍဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကောင်စီ ( CDC ) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol ကိုရီးယားသံအမတ် Park Jung Wook တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။ ယခုဆွေးနွေးပွဲသည်နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု အားကောင်း
အီကွေဒေါသည် ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ တင်ပို့ခဲ့သည်။ အီကွေဒေါနိုင်ငံမှ ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား တစ်ပတ်လျှင် ၁၅၀၀ ကီလိုဂရမ်တင်ပို့မည်ဖြစ်ပြီး ရာသီကုန်လာသည်နှင့်အမျှ ထုထည်အားဖြင့် နှစ်ဆ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ထိုဘလူးဘယ်ရီသီးများသည် အီကွေဒေါနိုင်ငံမှ တင်ပို့ သော အဝါရောင် နဂါးမောက်သီး၊ သလဲသီးတို့နှင့်အတူ နိုင်ငံတကာ ဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့သည်။ Nobis Fruit ကုမ္ပဏီသည် ဟောင်ကောင်တွင် AtlasBlue ဘလူးဘယ်ရီသီးမျိုးစိတ်များကို မိတ်ဆက်ရာတွင် ဦးဆောင် ဆောင်ရွက်ခဲ့သည်။ Nobis Fruit ကုမ္ပဏ
နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်သင့်ကြောင်း G20 ၏ အကြီးဆုံးသော စီးပွားရေးအုပ်စုမှ ဝန်ကြီးများက ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ ပဋိပက္ခဖြေရှင်းရေးစနစ်တွင် “ပိုမိုမြန်ဆန်၊ ပိုမိုသွက်လက်ပြီး ထိရောက်မှု” ရရှိရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်ရန်လိုအပ်ကြောင်းတို့ကို သဘောတူညီခဲ့ကြောင်း ဘရာဇီးဒုတိယသမ္မတနှင့် ကုန်သွယ်ရေးဝန်ကြီး Geraldo Alckmin က သတင်းထောက်များအား ပြောကြားခဲ့သည်။ Brasilia တွင် G20 ကုန်သွယ်ရေးဝ
အိန္ဒိယသည် အဓိကပို့ကုန်ခွန်ကိုဖျက်သိမ်းကာ စျေးကွက်တွင် ထောက်ပံ့မှုလွန်ကဲလာမည်ကို စိုးရိမ်မှုများမြင့်တက်လာပြီးနောက် ထိပ်တန်းဆန်တင်ပို့သူနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှုန်းထားများကို တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်သို့တွန်းပို့ခဲ့ပြီး ယခုသီတင်းပတ်အတွင်း အာရှ၏ အဓိကအချက်အချာနေရာများတွင် ဆန်တင်ပို့မှုနှုန်းကျဆင်းသွားခဲ့ကြောင်းသိရသည်။ အိန္ဒိယသည် ပို့ကုန်ခွန်မြှင့်တင်ရန် အင်္ဂါနေ့နှောင်းပိုင်းတွင် ဆန်ဖြူအပေါ် ပို့ကုန်ခွန်ကိုဖယ်ရှားခဲ့ပြီး ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအတွက် ကြမ်းခင်းဈေး တစ်တန် ကန်ဒေါ်လာ၄၉၀ကိုဖယ်ရှားခဲ့သည်။ အိန္ဒိယ၏ ဆန်ဖြူဆန်ကွဲ ၅ရာခိုင်နှုန်းကို ယခုသီတင်းပတ်တွင် တစ်တန်
အိန္ဒိယအစိုးရသည် အောက်တိုဘာလ ၂၂ရက်နေ့မှစ၍ လတ်တလောဆုံးဖြတ်ချက် (၂) ခုဖြင့် ၂၀၂၂ စက်တင်ဘာလကတည်းက စတင်အသက်ဝင်ခဲ့သော ဆန်တင်ပို့မှုဆိုင်ရာ အတားအဆီးများ အားလုံးကိုဖယ်ရှားခဲ့သည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုတွင် အိန္ဒိယဆန်တင်ပို့မှုအနေဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၉၀ (MEP) ဖြင့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကိုရုပ်သိမ်းခဲ့သည်။ ယခုကဲ့သို့သော ရုတ်သိမ်းမှုသည် ဆန်ဖြူတင်ပို့မှုအပေါ် အခွန်ရုပ်သိမ်းပြီး တစ်ရက်အကြာတွင် ကြော်ငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအတွက် MEP ၏ လိုအပ်ချက်သည် ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်” ဟု အိန္ဒိယနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဌ
ယူကေဘဏ္ဍာရေးဝန်ကြီး Reeves က တရုတ်ကုန်သွယ်မှုကိုမြှင့်တင်ရန် နီးကပ်သော ချဉ်းကပ်မှုလိုအပ်ကြောင်းကို ဝါရှင်တန်တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်၏ နှစ်စဉ်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း reuters သတင်းတစ်ရပ်ကဖော်ပြသည်။ ဝါရှင်တန်၌ ပြုလုပ်သော ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည်အစည်းအဝေးများတွင် အမေရိကန်သည် ပေကျင်း၏ စီးပွားရေးနှင့် ကုန်သွယ်မှုများအား တင်းတင်းကြပ်ကြပ်ကိုင်တွယ်သည့်အချိန်မှစ၍ တရုတ်နိုင်ငံသို့ ပို့ကုန်များမြှင့်တင်နိုင်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
“နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ကုန်သွယ်မှုကို ကျွန်တော်တို့ စောင့်ကြည့်နေပြီး အနှောင့်အယှက်တွေကြုံလာရတဲ့အပေါ် အားလုံးကိုင်တွယ်ဖြေရှင်းပြီးပြီလို့ခံစားရတယ်။ ကုန်သွယ်မှုတိုးတက်သင့်တယ်လို့လည်းယုံကြည်ပါတယ်။ ကုန်သွယ်မှုတိုးတက်ရေးအတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးပမ်းနိုင်သမျှ၊ ကျွန်တော်တို့ အဲဒါကို လုပ်သင့်တယ်” ဟု အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Barthwalက ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်သော မီဒီယာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ အိန္ဒိယသည် တောင်အာရှတွင် ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ခိုင်မာသောကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံရေးရှိသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏ အလားလာကောင်းဆုံးအချက်ထဲတွင်ပါဝင်သည့် တရုတ်နိုင်ငံ၏ ပို့ကုန်၊သွင်းကုန်မျှော်မှန်းချက်သည် စက်တင်ဘာလတွင် ခန့်မှန်းထားသည်ထက် ပိုမိုလျော့နည်းခဲ့သည်။ တနင်္လာနေ့တွင်ထုန်ပြန်သော အကောက်ခွန်အချက်အလက်များအရ စက်တင်ဘာလတွင် ပို့ကုန်စုစုပေါင်း၏ ၂.၄ ရာခိုင်နှုန်းရှိပြီး သွင်းကုန် ၀.၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။.
လေ့လာသူများ၏အဆိုအရ တရုတ်ပို့ကုန်များသည် စက်တင်ဘာလတွင် ခြောက်နှစ်အတွင်း ခန့်မှန်းတန်ဖိုး ၀.၉ ရာခိင်နှုန်းခန့်မြင့်တက်မည်ဟုခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည်ထက်လျော့နည်းခဲ့ကြောင်း reuters ၏ စစ်တမ်းများအရသိရသည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန (KPKM) သည် နိုင်ငံအတွင်းသို့ တင်သွင်းလာသော Shine Muscat စပျစ်သီးများဝင်ရောက်လာမှု အစီရင်ခံစာများနှင့်စပ်လျဉ်းသည့် နောက်ထပ် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ Quarantine and Inspection Services Department နှင့် စိုက်ပျိုးရေးဌာန Biosecurity Division ကဲ့သို့သော သက်ဆိုင်ရာ အေဂျင်စီများမှ သုတေသနနှင့်စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KPKM ၏ ဝန်ကြီး Datuk Seri Moharmad Subu ကပြောကြားခဲ့သည်။ ယခုအချိန်ထိ KPKM သည် ဓာတုကြွင်းကျန်များ လွန်ကဲစွာပါဝင်နေသော စပျစ်သီးများနှင့်ပတ်သက်၍ တိုင်ကြားမှုတစ်စုံတစ်ရာမရှိသောကြောင်း၊ တို
အိန္ဒိယနိုင်ငံမှ ပုံမှန်တင်သွင်းနေသော်လည်း Dinajpur ရှိ Hili ဆိပ်ကမ်းမှ ကြက်သွန်နီဈေးသည် သုံးရက်အတွင်း တစ်ကီလိုလျှင် TK ၁၀~၁၂ ခန့်အထိမြင့်တက်လာခဲ့သည်။ ယခုကဲ့သို့ တိုးလာရခြင်းမှာ ပြည်တွင်းရောင်းလိုအားကျဆင်းခြင်းနှင့် တင်သွင်းလာသော ကြက်သွန်နီဝယ်လိုအားမြင့်မားလာခြင်းတို့ကြောင့်ဖြစ်သည်။ လက်ကားရောင်းချသူများနှင့် စားသုံးသူများသည် တတ်နိုင်သော နှုန်းဖြင့် ကြက်သွန်နီဝယ်ယူနိုင်စွမ်းကိုထိခိုက်စေပြီး ရုတ်တရက်ဈေးတက်ခြင်းအတွက် စိတ်ပျက်မိကြောင်းပြောကြားကြသည်။ အိန္ဒိယရှိ Diwali ဈေးကွက်ပိတ်မှုကြောင့် ဈေးနှုန်းများသည် ယာယီအကျိုးသက်ရောက်မှုရှိကြောင်း တင်သွင်းသူများက ရှင်းပြခဲ့ကြပြီး တစ်ပတ်အတွင်း တည်