ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Oct 2024

        ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (The Cambodia Chamber Of Commerce) (CCC) သည် မြို့တော်ရှိကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များအား ၎င်းတို့၏ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ထိရောက်သော ဖြေရှင်းနည်းများရှာဖွေရန်အဆိုပြုချက်များကို CCC သို့တင်ပြရန် တောင်းဆိုထားသည်။ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး တော်ဝင်အစိုးရနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် အဖွဲ့ဝင်အဖြစ် နှစ်၂၀ပြည့်အခမ်းအနားတွင် ဝန်ကြီးချုပ် Hun Manet ကပြောကြားခဲ့သည်။ CCC မှ တ

29 Oct 2024

       ဂျပန်နိုင်ငံ၏ ရိတ်သိမ်းပြီးခါစ စပါးဈေးနှုန်းသည် ယခင်နှစ်ထက် ၄၈% မြင့်တက်ခဲ့ပြီး ၃၁နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၏ လယ်ယာဝန်ကြီးဌာန၏ သောကြာနေ့တွင်ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ အမျိုးသားလယ်ယာသမဝါယမအသင်းချုပ်နှင့် အခြားလက်ကားရောင်းချသူများထံရောင်းချသော ပျမ်းမျှဈေးမှာ ၆၀ကီလိုဂရမ်လျှင် ယန်း၂၂၇၀၀ (၁၅၁ဒေါ်လာ) ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက စက်တင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။ နှစ်စဉ်ရိတ်သိမ်းထားသော စပါးများအား စက်တင်ဘာလဝန်းကျင်တွင် ဂျပန်နိုင်ငံရှိ စတိုးဆိုင်များတွင် စတင်ရောင်းချလျက်ရှိကြောင်းသိရသည်။ အမျိုးသားဆန

29 Oct 2024

         ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကြားကုန်သွယ်မှုပမာဏသည် အမေရိကန်‌ဒေါ်လာ ၁၁.၁၄ ဘီလီယံထိရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀၂၃) ၏ တူညီသည့်ကာလထက် ၂၂.၅% မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထို ၉လတာကာလတွင် ကမ္ဘောဒီးယားသည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၈၆ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ တရုတ်သို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်၊ ငှက်ပျောသီးများ၊ သရက်သီးများ၊ ပီလောပီနံ၊ ရေထွက်ကုန်နှင့် အဝတ်အထည်တို့ဖြစ်ပြီး အ

29 Oct 2024

       ဗီယက်နမ်သည် ကားတာယာထုတ်လုပ်ရာ ကမ္ဘာ့အချက်အခြာနေရာဖြစ်လာနေပြီး ၂၀၂၄ခုနှစ်တွင် နည်းပညာသုံးရေ်ဘာထုတ်ကုန်များတင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၄ဘီလီယံရောက်ရှိရန်မျှော်မှန်းရကြောင်း ဟိုချီမင်းမြို့တော် ‌ရေ်ဘာနှင့် ပလတ်စတစ်ထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Nguyen Quoc Anh ကပြောကြားခဲ့ပါသည်။ ဗီယက်နမ်ရေ်ဘာနှင့် ပလတ်စတစ်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများအရှိန်မြှင့်တင်နေပြီး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရန် ပြန်လည်အသုံးပြုနိုင်သော (recycle) ပစ္စည်းများကို ပေါင်းစပ်အသုံးပြုနေကြောင်းသိရပါသည်။ များစွာသော ဗီယက်နမ်ကုမ္ပဏီများသည် နိုင်ငံတကာမိတ်ဖက်

29 Oct 2024

       ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်ကုန်အထိ ခန့်မှန်းချက်များအရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွင် အမေရိကန်ဒေါ်လာ ၃၉မှ ၄၀ဘီလီယံအထိ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (FIA) က ယခုနှစ် ပထမကိုးလအတွင်း စုစုပေါင်းမှတ်ပုံတင်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမတည်ငွေမှာ အမေရိကန်ဒေါ်လာ ၂၄.၇၈ ဘီလီယံကျော်ရှိပြီး ၂၀၂၃ခုနှစ်၏ ကိုးလတာကာလထက် ၁၁.၆% တိုးလာကြောင်းသိရသည်။ စက်တင်ဘာလတစ်လတည်းတွင်ပင် BacNinh၊ Binh Duong နှင့် Dong Nai ပြည်နယ်များသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးစ

29 Oct 2024

       ဗီယက်နမ်လူမျိုးများသည် နှစ်စဉ် VND ၄၉ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလီယံ) ဆေးလိပ်အတွက် သုံးစွဲကြပြီး ဆေးရွက်ကြီးကြောင့်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ဖျားနာမှု၊ သေဆုံးမှုနှင့်ပတ်သက်သော စုစုပေါင်းကုန်ကျစရိတ်မှာ နှစ်စဉ် VND ၁၀၈ထရီလီယံခန့်ရှိသည်။ ဆေးရွက်ကြီးသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် သိသာထင်ရှားသောဝန်ထုပ်ဝန်ပိုဖြစ်စေကြောင်း ကျန်မာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးရွက်ကြီးထိန်းချုပ်ရေးရန်ပုံငွေအဖွဲ့မှ Nguyen Thi Thu Huang က ကြာသပတေးနေ့တွင်ပြုလုပ်သော ညီလာခံတစ်ခု၌ ပြောကြားခဲ့သည်။ ဆေးရွက်ကြီးသုံးစွဲမှုနှင့် ကျန်းမာရေးပြဿနာများကြောင့် ကုန်ကျစ

29 Oct 2024

        ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်စဉ် တရုတ်ခရီးသွားအနည်းဆုံး တစ်သန်းကို လာရောက်လည်ပတ်ရန် တရုတ်ကုမ္ပဏီ ၂၂ခုကျော်က ကတိကဝတ်ပြုခဲ့ကြပြီး လာမည့်နှစ်များတွင်လည်း ထပ်မံတိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း ခရီသွားလာရေးဝန်ကြီး Huot Hak ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံ Henan ပြည်နယ်၊ Zhengzhou မြို့၌ အောက်တိုဘာလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 13th China Zhengzhou International Shaolin Wushu Festival တွင်ပါဝင်ဆင်နွှဲပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် Huot Hak သည် Zhengzhou နှင့် Henan ရှိ အဓိကခရီးသွားကုမ္ပဏီ

28 Oct 2024

           ပါကစ္စတန်နိုင်ငံ၏ ၅ကြိမ်မြောက် ထိပ်တန်းအထည်အလိပ်နှင့် သားရေပြပွဲ Texpo 2024 တွင် ဒေါ်လာသန်း၈၀၀တန် ပို့ကန်အမှာစာများထုတ်ပေးရန် မျှော်လင့်ထားပြီး ၂၀၂၃ပြပွဲတွင်ရရှိခဲ့သည်။ ဒေါ်လာသန်း၄၂၀ထက် နှစ်ဆနီးပါးရှိမည်ဖြစ်ကြောင်းသိရသည်။

28 Oct 2024

ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) (RCEP) ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅.၅၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ခုနှစ်ထက် ၁၇.၁ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ RCEP အဖွဲ့ဝင်များနှင့် နိုင်ငံတော်ကုန်သွယ်မှုပမာဏသည် စုစုပေါင်းကုန်သွယ်မှု၏ ၆၁.၆ ရာခိုင်နှုန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် RCEP နိုင်ငံများသို့ ကုန်ပစ္စည်းဒေါ်လာ ၆.၇၆ ဘီလီယံတင်ပို့ခဲ့ပြီး RCEP နိုင်ငံများမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၇၈ ဘီလီယံတန်ဖိုးရှိကြောင်းသိရသည်။ RCEP တွင် အာဆီယံအဖွဲ့ဝင်

28 Oct 2024

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၁.၇၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% မြင့်တက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃.၈၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၉၁ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယား၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁.၄ ဘီလီယံရှိသည့် အတွက် အာဆီယံနှင့်ကုန်သွယ်မှုမှာ ထိုစုစုပေါင်းပမာဏ၏ ၂၈.၃% ရှိကြောင်းသိ

28 Oct 2024

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အထိကြာမြင့်ခဲ့သော ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်လွန်သွားခဲ့ကြောင်းသိရသည်။ ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(VICOFA) ဥက္ကဋ္ဌ Nguyeh Nam Hai သည် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံနှစ်တွင် ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၁% လျေ့နည်းသွားကြောင်းပြောကြားခဲ့သည်။ ပမာဏလျေ့ကျသွားသော်လည်း ပို့ကုန်တန်ဖိုးသည် ၃၃.၁% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံအထိရောက်ရှိခဲ့ကာ ကော်ဖီရာသီတွင် အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ

28 Oct 2024

နိုင်ငံ၏ ရေနံဓာတုပစ္စည်းဝယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ၈၇ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယနိုင်ငံမှရရှိရန် မျှော်လင့်ထားကြောင်း နိုင်ငံ၏ ရေနံဝန်ကြီး Hardeep Singh Puri က အောက်တိုဘာလ ၁၈ရက်နေ့တွင်ပြောကြားခဲ့သည်။ လူလတ်တန်းစားများပိုများလာသည်နှင့်အမျှ ရေနံဓာတုဗေဒပစ္စည်းအမျိုးမျိုးအတွက် ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာကြောင်း Puri က မွမ်ဘိုင်းရှိ India Cherm 2024 ပွဲ၌ ပြောကြားခဲ့သည်။ အိန္ဒိယသည် နှစ်စဉ် ရေနံဓါတုဗေဒထုတ်ကုန်မတ်ထရစ်တန် ၂၅မှ ၃၀သန်းအထိသုံးစွဲနေပြီး လက်ရှိတန်ဖိုး ကန်ဒေါ်လာ ၂၂၀ဘီလီယံရှိသော ရေနံဓာတုကဏ္ဍသည် ၂၀၂၅ခုနှစ်တွင် ဒေါ်လာ ၃၀၀ဘီလီယံအထိ

Pages