ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
13 May 2025

          ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စီးပွားရေးဖလှယ်မှု၊ ကုန်သွယ်မှု၊ ခရီးသွား လုပ်ငန်းနှင့် လေကြောင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လိုအပ် ကြောင်း ၅-၅-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် အင်ဒိုနီးရှားသမ္မတ Prabowo Subiant တိုတို့ တွေ့ဆုံစဉ် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့သည် ၃၇ နှစ်ကြာ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ကာ စီးပွားရေး ဖလှယ်မှု၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းတို့ ပိုမိုအား

13 May 2025

          ၂၀၂၅ ခုနှစ် မေလအထိ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်သိုလှောင်မှုသည် ၃၅၁၇၂၉၄ တန်ချိန်ထိ ရောက်ရှိခဲ့ပြီး အဆိုပါရောက်ရှိမှုသည် ၅၇ နှစ်အများစုဖြစ်ကြောင်း နှင့် အဆိုပါဆန်များသည် ပြည်တွင်းလယ်သမားများဆီမှ အဓိက ရရှိကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ အဆိုအရ သိရပါသည်။ ၎င်းက “လက်ရှိဆန်သိုလှောင်မှု ၃.၅ သန်းသည် ၁၉၆၉ မှစ၍ အမြင့်ဆုံးရောက်ရှိမှုဖြစ်ကြောင်း” မေလ ၅ ရက်နေ့တွင်ပြုလုပ်သော ဆန်ထုတ်လုပ်ရေး သတင်း စာရှင်းလင်းပွဲတွင် မှတ်ချက်ပြုခဲ့ပါသည်။ Sulaiman က လက်ရှိဆန်သိုလှောင်ရရှိမှုသည် ၁၉၈၄ ခုနှစ် အစားအသောက် ဖူလုံရေးခေတ်တွင် မှတ်တမ်းတင်ထားသော အစိုးရက လူဦးရေ သန်း ၁၀၀ ခန့်အတွက် သိုလှောင်ထားသည့

13 May 2025

          အင်ဒိုနီးရှားနိုင်ငံ ဒုသမ္မတ Gibran Rakabuming Raka က အမျိုးသားအဖွံ့ဖြိုးမှု၏ အဓိက အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည့် ပင်လယ်နှင့်ငါးလုပ်ငန်းကဏ္ဍတွင် အားကောင်းလာစေ ရန်အတွက် အစိုးကထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မေလ ၆ရက်နေ့ Nusa Tenggara အရှေ့ Bebeng ငါးလုပ်ငန်းစီးပွားရေးဇုန်တွင် ပြုလုပ်သော အစည်းအဝေးအတွင်းတွင် Gibran သည် သိုလှောင်ပုံးများနှင့် ငါးလုပ်ငန်းကိရိယာ ၁၀၀ ယူနစ်ပါသော အထောက်အကူ ပစ္စည်းများကို ငါးလုပ်ငန်းရှင်များအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းအနေဖြင့် အဆိုပါအထောက် အကူပြုပစ္စည်းများသည် ငါးလုပ်ငန်းရှင်များ၏ ပြိုင်ဆိုင်မှုနှင့် တိုးတက်မှုများကို မြှင်တင်နိုင်ရန်

13 May 2025

DBH Finance က ၂၀၂၅ ခုနှစ်ပထမသုံးလပတ်ကာတွင် အမြတ်ငွေများ ကျဆင်းခဲ့သော် လည်း ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ အမြတ်ငွေများသည် တစ်နှစ်ထက်တစ်နှစ် tk ၁၀၀.၈၃ ကုဋေ ခန့် ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရပါသည်။ ၎င်းတို့၏ ရှယ်ယာတစ်ခုချင်းဝင်ငွေ (EPS) သည် ယခင်နှစ်ကာလနှင့်နှိုင်းယှဥ်လျှင် tk ၄.၉၅ မှ tk ၅.၀၇ အထိ မြင့်တက်ခဲ့ကြောင်း ဒါကာစတော့လဲလှယ်ရေး (DSE)၏ ထုတ်ပြန်ချက်အရ သိရပါသည်။ DBH Finace ၏ ဘုတ်အဖွဲ့ သည် ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ အမြတ်စု‌ငွေသည် ၁၅ ရာခိုင်နှုန်း ငွေသား နှင့် ၂ ရာခိုင်နှုန်း စတော့ ရရှိခဲ့ကြောင်း ကြေညာခဲ့ပါသည်။ အဆိုပါစတော့အမြတ်စုငွေများကို ကုမ္ပဏီသည် ၎င်းတို့၏ အသုံးစရိတ်လုံလောက်မှု အာ

13 May 2025

HSBE Bangladesh ၏အမြတ်ငွေများသည် အတိုးဝင်ငွေများ မြင့်တက်လာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ယခင်နှစ်ထက် tk ၁၀၈၆.၁၃ ကုဋေခန့် ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရပါသည်။ ငွေချေးသူများသည် ၂၀၂၄ ခုနှစ်အတွင်းတွင် tk ၁၉၀၈.၄၂ ကုဋေခန့်ရရှိခဲ့ပြီး ယခင် နှစ်ထက် ၁၂ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် ၎င်းတို့၏ စုစုပေါင်း လုပ်ငန်းလည်ပတ်အသုံးစရိတ်သည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်လျှင် tk ၆၉၇.၈၄ ကုဋေ မှ tk ၁၀၅၁.၅၁ ကုဋေ အထိ သိသိသာသာမြင့်တက်လာကြောင်း ဘဏ်၏ စာရင်းမရှင်းရသေးသော ဘဏ္ဍာရေးဆိုင်ရာထုတ်ပြန်ချက်အရ သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဘဏ်သည် အမြတ်ငွေ ၉၉၉ ကုဋေ ခန့်ရရှိခဲ့ပြီး တစ်နှစ်ထက်တ

13 May 2025

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အကောက်ခွန်နှုန်းထား တိုးမြှင့်မည့်အရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရာတွင် မျက်နှာသာပေးမှု ရရှိနိုင်ရန်အတွက် စက် သုံးဆီကို လက်ရှိရယူတင်သွင်းလျက်ရှိသော စင်ကာပူနိုင်ငံရှိ အရင်းအမြစ်များအစား အမေရိကန် ကုမ္ပဏီများထံမှ ပြောင်းလဲရယူရန် စီစဉ်လျက်ရှိသည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီး Mr. Bahlil Lahadalia က မေလ ၉ ရက်နေ့တွင် ‌ပြောကြားခဲ့သည်။

13 May 2025

     မလေးရှားနိုင်ငံ၊ စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးဌာန (KPK) သည် ကုန်စည်ကဏ္ဍ အထူးသဖြင့် စားအုန်းဆီ၏ အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည့်အတွက် အမေရိကန်နိုင်ငံ၏ တရားဝင်အကောက်ခွန်စည်းကြပ်မှုနှင့်ပတ်သက်သည့် ညှိနှိုင်းမှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း The Sun  သတင်းဌာနက ၂-၅-၂၀၂၅ ရက်နေ့တွင် ဖော်ပြထားပါသည်။

13 May 2025

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ဆန်တန်ချိန် ၂၈၂၃၁၅ တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၉ သန်း ရရှိခဲ့သည်ဟု ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) က မေလ ၅ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

13 May 2025

   ထိုင်းနိုင်ငံအနေဖြင့် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှု သိသာစွာကျဆင်းခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုသို့ ဆန်တိုးမြှင့်ရောင်းချလျက်ရှိနေခြင်းကြောင့် ယခုနှစ်တွင် ဆန်ပို့ကုန် လျာထားချက် တန်ချိန် ၇.၅ သန်းကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းထားကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၆ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

13 May 2025

    ၂၀၂၅ ခုနှစ် မေလတွင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်အရန်ဆန် သိုလှောင်မှု လက်ကျန် စုစုပေါင်းသည် ၃၅၁၇၂၉၄ တန်ရှိခဲ့ပြီး အဆိုပါပမာဏသည် လွန်ခဲ့သော ၅၇နှစ်ကျော်အတွင်း အမြင့်ဆုံး စံချိန်တင်ပမာဏ ဖြစ်ကြောင်းနှင့် အဆိုပါဆန်စပါးများအားလုံးကို ဒေသခံလယ်သမားများထံမှ  စုဆောင်းရရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ ပြောကြားချက်အရ သိရှိရသည်။

13 May 2025

            ဆယ်လမွန်ငါးဈေးနှုန်းကျဆင်းမှုနှင့် ကမ္ဘာ့ကုန်သွယ်ရေး မသေချာရေရာမှုများကြား နော်ဝေ ပင်လယ်စာတင်ပို့မှုသည် ဧပြီလအတွင်း စံချိန်တင်ခဲ့သည်။ ဝယ်လိုအားမြင့်တက်ရခြင်းမှာ တရုတ်နှင့် အမေရိကန် နိုင်ငံများမှ ဝယ်လိုအားဈေးကွက်ခိုင်မာမှုကြောင့်ဖြစ်ကြောင်း နော်ဝေပင်လယ်စာတင်ပို့မှုကြီးကြပ်ရေး ကောင်စီက အင်္ဂါနေ့ကပြောကြားခဲ့သည်။

13 May 2025

             မေလ ၇ ရက်မှ ၉ ရက်အထိ ဘရူနိုင်းနိုင်ငံ Bandar Seri Begawan ၌ ကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန၏ ၁၇ ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး တာဝန်ခံ ဝန်ကြီးများ ညီလာခံ (၁၇ ကြိမ်မြောက် AMRI) ၏ ၁၇ ကြိမ်မြောက် အာဆီယံ ASEAN Media Task Force ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Neth Pheaktra မှ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Neth Pheaktra က ဒေသတွင်း မီဒီယာများ ပူးပေါင်းဆောင်ရွက်ရေး အတွက် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ၀န်ကြီး Neth Pheaktra မှ ASEAN Media Content Exchange Centre ကို တိုးမြှင့်ခြင်း၊

Pages