ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Oct 2024

    ရုရှားကုမ္ပဏီတစ်ခုသည် ကုလားပဲနှင့်ပဲနီကလေးများကို တင်ပို့၍ ငွေသားရှားပါးနေသော ပါကစ္စတန်မှ လိမ္မော်သီးနှင့် ဆန်များအား Barter ကုန်ဖလှယ်စနစ်ဖြင့် လဲလှယ်ကုန်သွယ်သွား မည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု အခက်အခဲများကြားတွင် ယခုအစီအစဉ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းအေဂျင်စီက ဖော်ပြထားသည်။

14 Oct 2024

    အိန္ဒိယအစိုးရအနေဖြင့် စားသုံးဆီတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် လာမည့် ၇ နှစ်အတွင်း ရူပီး ၁၀၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ) ကို ကျခံသုံးစွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှား သတင်းဌာနတစ်ခုဖြစ်သည့် Bernama က အောက်တိုဘာ လ ၄ ရက်နေ့တွင် ဖော်ပြပါသည်။

14 Oct 2024

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သကြားဈေးနှုန်းများ မြင့်တက်နေမှုကို လျှော့ချနိုင်ရန်အတွက် အမျိုးသားအခွန်ကြီးကြပ်မှုဘုတ်အဖွဲ့သည် သကြားတင်သွင်းမှုအပေါ် လက်ရှိကောက်ခံလျက်ရှိ သော သွင်းကုန်အခွန် ၃၀ ရာခိုင်နှုန်းမှ တစ်ဝက်လျှော့ချ၍ ၁၅ ရာခိုင်နှုန်းသာ စည်းကြပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

14 Oct 2024

    အာဖရိကဒေသတွင် လူဦးရေ ၂၃၂ သန်းဖြင့် အကြီးမားဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ စီးပွားရေးတည်ငြိမ်လာခြင်း၊ ငွေကြေးဖောင်းပွမှုလျော့ကျလာခြင်းနှင့် ဂျုံ၊ ဆန်နှင့် ပြောင်းတို့ တင်သွင်းမှုအပေါ် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်သည့် မူဝါဒကို ချမှတ်ဆောင်ရွက်ခြင်းတို့အရ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွင်း အဆိုပါ သီးနှံ များ တင်သွင်းမှုပမာဏသည် မြင့်တက်လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနလက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (FAS) က အစီရင်ခံဖော်ပြခဲ့သည်။

14 Oct 2024

    ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် စားသုံးရန်လိုအပ်ချက်တို့အပေါ် ဖြည့် ဆည်းရန်အတွက် ပြည်ပမှဆန်များကို တင်သွင်းလျက်ရှိရာ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၉၉၆ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်သွင်းခဲ့မှုနှင့် နှိုင်း ယှဉ်ပါက ၅၇.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

11 Oct 2024

        ဒေသတွင်းထုတ်လုပ်မှု မလုံလောက်သောကြောင့် မြင့်တက်လာသောဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ကြက်သားတင်သွင်းမှုတိုးလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ US စိုက်ပျိုးရေးဌာန၏(USDA) နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုမှ အစီရင်ခံစာတွင် နိုင်ငံ၏ကြက်သားတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် ၄၈၀၀၀၀ မတ်ထရစ်တန်(MT) ရှိမည်ဖြစ်ပြီး ယခုနှစ်အတွက် ခန့်မှန်းခြေပမာဏ ၄၇၀၀၀၀ မတ်ထရစ်တန် (MT) ထက် ၂.၁% တိုးလာမည်ဖြစ်ကြောင်းသိရသည်။ ပြည်တွင်းရောင်းလိုအားထက် ဝယ်လိုအား က ဆက်လက်မြင့်တက်နေသောကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သားတင်သွင်းမှု အနည်းငယ်တိုးတက်လာသည်ဟု USDA

10 Oct 2024

      တရုတ်လျှပ်စစ်ကား ကုမ္ပဏီကြီး BYD သည် ၎င်း၏ ၁၂ မီတာ K9UD လျှပ်စစ်ဘတ်စ်ကားအစီးရေ ၁၀၀ ကို ဥရုဂွေးနိုင်ငံ၏ အကြီးဆုံးအများပြည်သူသယ်ယူပို့ဆောင်ရေးအော်ပရေတာသို့ စက်တင်ဘာ ၁၉ ရက်နေ့က စတင်ပို့ဆောင်ခဲ့သည်။ BYD ကုမ္ပဏီသည် လက်တင်အမေရိက သယ်ယူပို့ဆောင်ရေးဈေးကွက်တွင် ၎င်း၏တည်ရှိမှုကို ချဲ့ထွင်ထားသည်ဖြစ်ရာကုန်ပို့ဆောင်မှုသည် BYD ကုမ္ပဏီအတွက် နောက်ထပ်ရောင်းချမှုတစ်ခုပင်ဖြစ်သည်။ BYD ၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် K9UD ၏ အသေးစိတ်အချက်အလက်များကို မဖော်ပြထား သောကြောင့်  ၎င်းသည်ဥရောပဗာရှင်းဖြစ်သော 12 m spec တွင် ၁၉.၅ တန် GVWR ပါရှိပြီး လူ ၈၅ ဦးဆံ့ကာ ၎င်း၏ ၄၂၂ kWh Lithium-ion phosphate bat

10 Oct 2024

         ယခုနှစ်၏ ပထမ ၉ လတာကာလတွင် ဗီယက်နမ်၏ ပို့ကုန်-သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၅၇၈ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်(၂၀၂၃)တူညီသည့် ကာလထက် ၁၆% မြင့်တက်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO)၏ အဆိုအရသိရပါသည်။ စက်တင်ဘာလတွင် ပို့ကုန်သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၆၅.၈ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀၂၃)တူညီသည့်ကာလထက် ၁၀.၉% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ တတိယ ၃ လပတ်ကာလ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၈.၆ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၁၆% မြင့်တက်ခဲ့ကာ ဒုတိယ ၃ လပတ်ကာလထက် ၁၀.၆% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထို ဇန်နဝါရီလ-စက်တင်ဘာလကာလတွင် အမေရိကန်ဒေါ်လာ ၂၀၉

10 Oct 2024

          အယ်ဂျီးရီးယားနှင့် တူနီးရှားဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် တူနီးရှားနိုင်ငံစက်မှု ကုန်သွယ်ရေးနှင့် လက်မှုပစ္စည်းများအသင်းတို့သည် စီးပွားရေးလုပ်ငန်းအချင်းချင်းချိတ်ဆက်နိုင်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုပွဲကို နှစ်နိုင်ငံဝန်ကြီးဌာနများ၊ ကဏ္ဍများနှင့် စီးပွားရေးလုပ်ငန်း ၆၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲသည် ကုန်သွယ်ရေးရုံးမှကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ အလုပ်သဘောအလည်အပတ်ခရီးစဉ်၏ ဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ကြောင်းသိရပါသည်။ ဆွေးနွေးပွဲတွင် တူနီးရှားနိုင်ငံအထည်အလိပ်နှင့် အထည်အ

10 Oct 2024

        ဗီယက်နမ်နိုင်ငံ၏ ဂဏန်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ကိုးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၂၇ သန်းရရှိခဲ့ပြီး တစ်နှစ်တက်တစ်နှစ် ၆၆% တိုးတက်လာကာ အဓိကရေထွက်ကုန်ပစ္စည်းများကြားတွင် စံချိန်တင်အမြင့်ဆုံးအဖြစ်ရပ်တည်နေခဲ့သည်။ ဗီယက်နမ်ဂဏန်းများကို အဓိကဈေးကွက်များအထူးသဖြင့် တရုတ်နိုင်ငံမှ ဗီယက်နမ်ဂဏန်းများအား ဝယ်လိုအား တွန်းအားပေးလာခြင်းကြောင့် အရောင်းမြင့်တက်လာခြင်းဖြစ်သည်ဟု ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ဗီယက်နမ်မှ အရည်အသွေးမြင့်ဂဏန်းများသည် ဈေးနှုန်းအပြိုင်အဆိုင်ပေါက်နေသည်ဖြစ်ရာ ဂျပန်နိုင်ငံသည်လည်း အဓိကတင်ပို့သော

10 Oct 2024

       ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် ယခုနှစ် ပထမ ၉ လအတွင်း ကန်ဒေါ်လာ ၇.၁၆ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈.၅% တိုးလာကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း(VASEP) မှ သတင်းထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလတွင် ဗီယက်နမ်နိုင်ငံသည် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၆၆ သန်းရရှိခဲ့သည်။ ပုဇွန်သည် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံခန့်ဖြင့် အမြင့်ဆုံးနိုင်ငံခြားငွေရရှိသော ရေထွက်ကုန်ပစ္စည်းအဖြစ် ဆက်လက်ရပ်တည်နေပြီး ၁၀.၅% တိုးလာခဲ့သည်။ အေးခဲပုဇွန်တင်ပို့မှုသည် အီကွေဒေါ၊ အိန္ဒိယတို့၏ ပြိုင်ဆိုင်မှုများဖြင့်ရင်ဆိုင်နေရသော

10 Oct 2024

        ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ၉ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၄.၃၇ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၇ သန်းကျော် တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ပမာဏအားဖြင့် ၉.၂% နှင့် တန်ဖိုးအားဖြင့် ၂၃.၅% မြင့်တက်လာခဲ့သည်။ ပျမ်းမျှဆန်တင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် ၆၂၄ ဒေါ်လာရှိပြီး ၁၃.၁% မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ မကြာသေးမီက အိန္ဒိယအစိုးရသည် ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုတားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပြီး တစ်နှစ်ကျော်ကြာပြည်ပသို့ ရောင်းချမှုရပ်ဆိုင်းမှုကို အဆုံးသတ်ခဲ့သည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိ

Pages