၂၀၂၆ ခုနှစ်တွင် နှေးကွေးရန်ခန့်မှန်းရသည့် ထိုင်းနိုင်ငံ၏ အသုံးပြုပီးကားဈေးကွက်

Powered by Drupal

         ထိုင်းနိုင်ငံ၏အသုံးပြုပီးကား (Used Car) ဈေးကွက်သည် ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်အားနည်းနေမည်ဟု ခန့်မှန်းရပြီး အထူးသဖြင့် လျှပ်စစ်ကား (EV) အပါအဝင် ကားအသစ်ဈေးကွက်တွင် ဈေးနှုန်းပြိုင်ဆိုင်မှု ပြင်းထန်နေခြင်းက အဓိကဖိအားတစ်ရပ် ဖြစ်နေကြောင်း သိရ ပါသည်။ ၂၀၂၆ Fast Auto Show Thailand ပွဲစီစဉ်သူများ၏အဆိုအရ မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီများအကြား ဆက်လက်ဖြစ်ပွားနေသော ဈေးနှုန်းလျှော့ချမှုများကြောင့် စားသုံးသူများသည် အသုံးပြုပြီးကားများကိုဝယ်ယူရန် တွန့်ဆုတ်နေပြီး ကားအသစ်များ၏ ဈေးနှုန်းများ ထပ်မံကျဆင်းလာနိုင်မည်ကို မျှော်လင့်စောင့်ကြည့်နေကြသည်ဟု သိရပါသည်။ Fast Auto Show Thailand ဥက္ကဋ္ဌ Pattanadesh Asasappakij က အစ္စရေး–အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကလည်း စားသုံးသူယုံကြည်မှုကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါသည်။ Mr Pattanadesh က ထိုပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးသက်ရောက်မှုများက လူများကိုကားဝယ်ယူမှု နောက်ဆုတ်စေပြီး အသုံးစရိတ်များကို ပိုမိုသတိထားစေကြောင်းနှင့်  ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ အသုံး ပြုပြီးကားဈေးကွက် အလားအလာမှာ အားနည်းနေဆဲဖြစ်သဖြင့် စုစုပေါင်းရောင်းအားပမာဏကို ခန့်မှန်းရန် သို့မဟုတ် လာမည့်မော်တော်ကားပြပွဲအတွက် ရည်မှန်းချက်သတ်မှတ်ရန် ခက်ခဲနေကြောင်း ပြောကြားခဲ့ပါသည်။ Fast Auto Show Thailand ကို ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ ဘန်ကောက်ရှိ Bangkok International Trade & Exhibition Centre (BITEC) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အခြားတစ်ဖက်တွင် ဘဏ်များနှင့် ကားချေးငွေကုမ္ပဏီများက အိမ်ထောင်စုကြွေးမြီများနှင့် အကျိုးမဖြစ်နိုင်သော ချေးငွေများ (NPLs) မြင့်တက်လာမှုကို ထိန်းချုပ်ရန် ချေးငွေထုတ်ပေးမှု စံနှုန်းများကို ပိုမိုတင်းကျပ်လာကြောင်း သိရပါသည်။ ချေးငွေ လျှောက်ထားသူများ၏ ပြန်လည်ပေးဆပ်နိုင်စွမ်းကို တင်းကြပ်စွာစိစစ်လာခြင်းကြောင့် စားသုံးသူအချို့အတွက် ကားချေးငွေရယူရန် ပိုမိုခက်ခဲလာပြီး ဝယ်လိုအားကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ ကြောင်း သိရပါသည်။ သို့သော်အသုံးပြုပြီးကားဈေးကွက်အတွင်း အချို့သောကဏ္ဍများမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ကြောင်း သိရပါသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးဝင်သည့် Pickup ကားများအပါအဝင် အင်ဂျင်သုံးကားများ (ICE Vehicles) အပေါ် ဝယ်လိုအား မြင့်မားနေဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အင်ဂျင်စွမ်းအား ၁,၂၀၀ မှ ၁,၅၀၀ စီစီအကြားရှိ Hybrid ကားများမှာလည်း ပြုပြင်ထိန်းသိမ်းရလွယ်ကူသဖြင့် လူကြိုက်များနေကြောင်း သိရပါသည်။ Fast Auto Show Thailand ဒုတိယဥက္ကဋ္ဌ Asadavut Asasappakij က အသုံးပြုပြီးကားများသည် ကားအသစ်များထက် ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ဈေးသက်သာသောကြောင့် ဝယ်ယူသူများအတွက် ဆွဲဆောင်မှုရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mr Asadavut က ငွေကြေးစီးဆင်းမှုကိုစီမံခန့်ခွဲရန် စားသုံးသူများက သင့်တင့်သည့်ဈေးနှုန်းနှင့် အရည်အသွေးကောင်းမွန်သော ကားများလိုအပ်နေကြောင်းနှင့် ပြပွဲတွင်ပြသမည့် အသုံးပြုပြီး ကားအများစုမှာ မိုင်နှုန်းနည်းပါးပြီး အခြေအနေကောင်းမွန်သည့် ကားများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်ဧပြီလအတွင်းတွင် အသုံးပြုပြီးကားရောင်းအားကျဆင်းခဲ့ပြီး ဝယ်ယူသူများ သည် Bangkok International Motor Show တွင် ပြသခဲ့သော ကားအသစ်မော်ဒယ်များဘက်သို့ စိတ်ဝင်စားမှု ပြောင်းလဲသွားကြကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)