ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Oct 2024

       အင်ဒိုနီးရှားနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအေဂျင်စီ၏ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းများ၏ ညွှန်ကြားရေးမှူးဖြစ်သူ Rosy Widyawati က တစ်ကမ္ဘာလုံးအဆင့် ဟာလာထုတ်ကုန်များစားသုံးမှုသည် ၂၀၂၇ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၁ ထရီလီယံသို့ရောက်ရှိရန် ခန့်မှန်းရကြောင်း ၂-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ Widyawati က မူစလင်များသည် အစားအစာနှင့် ဖျော်ရည်၊ ဟာလာဖက်ရှင်နှင့် ဟာလာအလှကုန် အစရှိသည့် ရှရီအပ်(အစ္စလာမ်ဥပဒေ)ထုတ်ကုန်များအပေါ် ငွေကြေးသုံးစွဲမှုသည် အလွန်အလားအလာကောင်းလျက်ရှိပြီး ၂၀၂၇ခုနှစ်တွင် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁ ထရီလီယံထိရောက်ရှိနိုင်က

08 Oct 2024

         အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဖြစ်သူ Sakti Wahyu Trenggono က အရှေ့ဂျာဗားရှိ Banyuwangi ခရိုင်မှ စည်သွပ်တူနာများအား ကနေဒါနိုင်ငံသို့ ပထမဆုံးတင်ပို့ခဲ့ကြောင်း ၃၀-၉-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ လာမည့် ၆လကျော်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀သန်းတန်ဖိုးတင်ပို့မှုပြုလုပ်နိုင်မည်ဟုသိရပါသည်။ Trenggono က အစိုးရသည် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်တင်ပို့သည့် ကဏ္ဍကိုပံ့ပိုးပေးရန်အတွက် ကုန်ကြမ်းပစ္စည်းစနစ်တိုးတက်စေရေး ဆက်လက်ကြိုးပမ်းသွားမည်ဟုပြောကြားခဲ့ပါသည်။ တင်ပို့ရန်အလို့ငှာ လိုအပ်ချက်ပြည့်မီရန်အတွက် ငါးလုပ်ငန်းကိုပံ့ပိုးရန်နှင့် ကု

08 Oct 2024

        ဗီယက်နမ်နိုင်ငံသည် အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၃၇ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီမံကိန်း ၃၅၀၀ ကိုဆွဲဆောင်နိုင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအထည်အလိပ်နှင့် အဝတ်အစားအသင်း (VIAS) ၏ အဆိုအရသိရပါသည်။ FDI ဧရိယာသည် အထည်အလိပ်လုပ်ငန်းနယ်ပယ်ကြီးထွားမှုတွင် အဓိကနေရာမှပါဝင်နေပြီး လုပ်ငန်း၏ စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၆၅% ရှိကြောင်းသိရပါသည်။ VITAS ၏ အဆိုအရ ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်းသည် FDI ဝင်ရောက်မှုတွင် အားကောင်းစွာမြင့်တက်ခဲ့ပြီး များစွာသော ကြီးမားသည့်အသင်းအဖွဲ့များသည် ခေတ်မီစက်ရုံများတည်ဆောက်ရာတွင် ရ

08 Oct 2024

         လာမည့်သတင်းပတ်အတွင်း သီးနှံသစ်များရိတ်သိမ်းရန် ပြင်ဆင်မှုများရှိသဖြင့် အိန္ဒိယသည် ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပြန်လည်စတင်ရန် ကမ်းလှမ်းထားသည်။ အိန္ဒိယသည် ဆန်တင်ပို့မှုအများဆုံးနိုင်ငံလည်းဖြစ်ပြီး ၄င်း၏ ကြီးမားသောတင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကိုမြှင့်တင်ပေးပြီး ဆင်းရဲသောအာရှနှင့် အာဖရိကဝယ်လက်များ ပိုမိုတတ်နိုင်သော ထောက်ပံ့မှုများရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ဆန်တင်ပို့သူများက ပြောကြားခဲ့သည်။ အိန္ဒိယသည် အစားအသောက်ဈေးနှုန်းများမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ဆန်ပြတ်လပ်မှုစိုးရိမ်မှုများကြားတွင် ပြည်တွင်းစားသုံးသူများကိုကူညီရန်အတွက် ဘာစမ

08 Oct 2024

         လာအိုစိုက်ပျိုးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒေသတွင်းလယ်သမားများ ရောင်းဝယ်ဖောက်ကားမှုတိုးတက်လာစေရေးနှင့် ဝယ်ယူသူများအဆင်ပြေစေရေး စသည်တို့ကိုရည်ရွယ်၍ လာအိုနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများအတွက် E-commerce platform ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ စတင်မိတ်ဆက်သည့်အခမ်းအနားကို လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဥက္ကဋ္ဌ Mr Malathong Kommasith နှင့် လာအိုနိုင်ငံတရုတ်နိုင်ံငံသံရုံးမှ Mr wang chang တို့တက်ရောက်ခဲ့ကြသည်။ တနင်္လာနေ့တွင် ဖွင့်လှစ်ခဲ့သော အဆိုပါဖွင့်ပွဲတွင် ကုန်သွယ်ရေးနှင့် လက်မှုလုပ်ငန်းမြှင့်တင်ရေးဦးစီးဌာနမှ ဒါရိုက်တာ vithoum sitt

08 Oct 2024

          Google က ၎င်းတို့၏ မလေးရှားတွင် ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင် ၂၆၅၀၀ကိုဖန်တီးနိုင်ပြီး မလေးရှား၏ စီးပွားရေးကို ၂၀၃၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံ ထပ်တိုးစေနိုင်ကြောင်း ၎င်းတို့၏ Data Centre နှင့် Cloud Region စတင်တည်ဆောက်သည့် ၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မလေးရှားတွင် အမေရိကန်ဒေါ်လာ ၂ဘီလီယံတန်ဖိုးရှိသည့် Google ၏ Data Centre သစ်သည် အမြင့်ဆုံးသော Cloud ဝန်ဆောင်မှုပေးနိုင်ရန်အတွက် မလေးရှားပြည်တွင်းနည်းပညာလုပ်ငန်း Dagang Nexchange Berhad နှင့် ၎င်းတို့၏ နှစ်ရှည်မိတ်ဖက်ဖွဲ့ကြောင်း ကြေညာပြီးနောက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Googl

08 Oct 2024

         Oracle သည် ၎င်း၏ဉာဏ်ရည်တု (AI) နှင့် Cloud Cloud ဝန်ဆောင်မှုများ၏ လျင်မြန်စွာကြီးထွားလာနေသော ဝယ်လိုအားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မလေးနိုင်ငံတွင် အများပိုင် Cloud ဒေသတစ်ခုကိုဖွင့်လှစ်ရန် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ၂-၁၀-၂၀၂၄ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင်ကြေညာခဲ့သည်။ ထို Cloud ဒေသသည် မလေးရှားရှိ ၎င်း၏ဖောက်သည်များနှင့် မိတ်ဖက်များအား AI အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို လွှမ်းမိုးနိုင်စေမည်ဖြစ်ပြီး အရေးပါသောအလုပ်တာဝန်များကို Oracle Cloud Infrastructure (OCI) သို့ ရွှေ့ပြောင်း နိုင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်

08 Oct 2024

        ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ပထမ ၈လတာကာလတွင် နိုင်ငံတကာခရီးသွား ၄.၂၉ သန်းအား ဆွဲဆောင်နိုင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၂.၅% မြင့်တက်ခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ ၂၇-၉-၂၀၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရသိရှိခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ခရီးသွားလာရောက်မှုတွင် ၁၃.၄ သန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ဗီယက်နမ်နှင့် တရုတ်တို့မှာ ဒုတိယနှင့် တတိယနေရာအသီးသီးတွင် ရပ်တည်နေကြောင်းသိရပါသည်။ အစီရင်ခံစာအရ ခရီးသွား ၃၅.၈% သည် လေကြောင်းမှ လာရောက်ခဲ့ပြီး ၆၄.၂% မှာ ကုန်းလမ်းကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် H

08 Oct 2024

        ထိုင်ဝမ်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး Foxconn သည် အိန္ဒိယနိုင်ငံ၏ HCL Group  နှင့်ပူးပေါင်းတည်ထောင်ထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းဖက်စပ်လုပ်ငန်းတစ်ခုတွင် Rs ၄၂၄ကုဋေအထိရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တရားဝင်မှတ်တမ်းများနှင့် သတင်းအရင်းအမြစ်များအရသိရသည်။ iPhone ကန်ထရိုက်လုပ်ငန်းလုပ်သူသည် ဆီမီးကွန်ဒတ်တာဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၄၀ရာခိုင်နှုန်းကို ရူပီး ၃၁၂ကုဋေခန့်ဖြင့်ဝယ်ယူခဲ့သည်။ သတင်းအရင်းအမြစ်များ၏အဆိုအရ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် Foxconn-HCL OSAT (Outsourced Semiconductor Assembly And Test) စက်ရုံအား အိန္ဒိယတွင် တည်ဆောက်ရန်အတွက်ဖြစ်သည်။ အစောပိုင်း

08 Oct 2024

         သီဟိုဠ်စေ့များသည် ဗီယက်နမ်အတွက် ကြီးမားသည့်ဈေးကွက်ကိုဖန်တီးပေးသည့် ပို့ကုန်များထဲမှ တစ်ခုဖြစ်သော်လည်း ယခုအခါ ထိုလုပ်ငန်းသည် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာသောကြောင့် ကုန်သွယ်ရေးလိုငွေပြနိုင်ချေနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။ ယခုနှစ် ပထမ ၈လတွင် သီဟိုဠ်စေ့တင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်(၂၀၂၃၏ တူညီသည့်ကာလထက် ပမာဏ ၂၂.၉ ရာခိုင်နှုန်းနှင့် တန်ဖိုး ၂၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ သီဟိုဠ်စေ့များတင်ပို့ရာမှ ဝင်ငွေရရှိမှုသည် ဆက်လက်ကြီးထွားနေဆဲဖြစ်သော်လည်း တင်ပို့မှုတန်ဖိုးနှင့် ကုန်ကြမ်းပစ္စည်းများတင်သ

08 Oct 2024

        ကမ္ဘောဒီးယားအသင်းအဖွဲ့များသည် တရုတ်နိုင်ငံ Guangxi ပြည်နယ်သို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့ရာတွင် တတိယနိုင်ငံဖြတ်သန်းစရာမလိုဘဲ လွယ်ကူချောမွေ့စွာတင်ပို့နိုင်စေရန်အတွက် တရုတ်နိုင်ငံအကောက်ခွန်စီမံအုပ်ချုပ်မှုအဖွဲ့နှင့် နားလည်မှုသဘောတူစာချွန်လွှာ (MOU) ၃ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။  MOU များကို တရုတ်နိုင်ငံ Nanning မြို့တွင် ၂၆-၉-၂၀၂၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော 21st CAEXPO RCEP Agriculture and Food Products Trade and Industry Coorperation ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠိစေ့အသင်း၏ ဥက္ကဋ္

07 Oct 2024

      ငါးစီဖောင်းခြောက်နှင့် ငါးအရေပြားမုန့်ပါဝင်သည့် တန်ဖိုးမြင့် pangasius ငါးထုတ်ကုန်များသည် နိုင်ငံတကာမှ စားသုံးသူများကြား လူကြိုက်များမှုမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရသိရပါသည်။ ၂၀၂၄ခုနှစ်၏ ဩဂုတ်လကုန်တွင် pangasius ငါးစီဖောင်းခြောက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅၈သန်းဝင်ငွေရရှိခဲ့ပြီး တရုတ်နိုင်ငံက အကြီးမားဆုံးဝယ်ယူသူဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၈လတွင် တရုတ်နိုင်ငံသည် ထိုငါးစီဖောင်းခြောက် အမေရိကန်ဒေါ်လာ ၂၁သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်းသိရပါသည်။ လက်တလောတွင် ဗီယက်နမ်ကုမ္ပဏီ ၁၂ခုသည် တရုတ်ဈေးကွက်သ

Pages