ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Sep 2024

     ဗီယက်နမ်နှင့် ကနေဒါ နှစ်နိုင်ငံမှ လုပ်ငန်းရှင်နှစ်ဦးတို့ ဖက်စပ်လုပ်ကိုင်သည့် KD Trading ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီသည် စျေးကွက်သုတေသနများကို စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့ ပြီးနောက် ကနေဒါနိုင်ငံသို့ တင်သွင်းရန် ST25 အမျိုးအစား ဆန်ထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါ ST25 ဗီယက်နမ်ဆန်ကို တစ်ဦးတည်း ဖြန့်ဖြူးသူအဖြစ် ကနေဒါဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

27 Sep 2024

    ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်ကာလမှာပင် ပြည်ပသို့ ရော်ဘာအမြောက်အမြားတင်ပို့နိုင်ခဲ့ရာ မလေးရှားနိုင်ငံ၏ ရော်ဘာနှင့် ရော်ဘာပို့ကုန်များအား ပြည်ပသို့တင်ပို့မှုသည် ယခုနှစ်အကုန်တွင် ရင်းဂစ် ၃၀ ဘီလီယံအထိ ရှိလာနိုင်မည်ဟု မလေးရှားရော်ဘာကောင်စီ (Malaysian Rubber Council  ̶  MRC) က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

27 Sep 2024

      ကမ္ဘာ့ဈေးကွက်အခြေအနေများနှင့် ထိုင်းဘတ်ငွေတန်ဖိုးခိုင်မာမှုတို့ကြောင့် ထိုင်းနိုင်ငံတွင် ဆန်နှင့် စပါးဈေးနှုန်းများသည် မကြာသေးမီလများအတွင်း သိသိသာသာ ကျဆင်းလာခဲ့သည်။ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖြစ်ပေါ်သော ဈေးနှုန်းများအား နှိုင်းယှဉ်ပါက စပါး ၁ တန် လျှင် ပျမ်းမျှဈေးနှုန်းအားဖြင့် ဘတ် ၁၀၀၀ ကျဆင်းခဲ့ပြီး ဆန်ဈေးနှုန်းမှာ ၁ တန်လျှင် ဘတ် ၂၀၀၀ ကျဆင်းလာခဲ့ကြောင်း ထိုင်းဆန်စက်လုပ်ငန်းများအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

27 Sep 2024

    အိန္ဒိယနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ် လျက်ရှိသော ကာနာတကာပြည်နယ်၌ ယခုနှစ် ရာသီဥတု ပုံသဏ္ဌာန် မမှန်မှုကြောင့် သီးနှံအထွက် ပမာဏ ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း လျော့နည်းဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြေကို တောင်သူများက စိုးရိမ် လျက်ရှိပြီး ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တစ်နိုင်ငံလုံး ကော်ဖီထုတ်လုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိကြောင်း သိရှိရသည်။

27 Sep 2024

     အိန္ဒိယနိုင်ငံတွင် စားသုံးဆီများ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား အစိုးရက မြှင့်တင်ခဲ့သဖြင့် စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်ရေးလုပ်ငန်းများသည် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယဆိပ်ကမ်းအရောက် ပေးသွင်းရန် ချုပ်ဆိုထားသော ကုန်ချိန်အားဖြင့် မက်ထရစ်တန် ၁၀၀၀၀၀ ပမာဏရှိသည့် စားအုန်းဆီအဝယ်စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

27 Sep 2024

    ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြိုင်ဘက် စားသုံးဆီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်မှုအဖြစ် စားအုန်းဆီတင်ပို့မှု အပေါ် ကောက်ခံသော အခွန်နှုန်းထားများကို လစဉ်ထုတ်ပြန်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းအသစ်များအား စက်တင်ဘာ ၁၉ ရက်နေ့၌ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိ ရသည်။

24 Sep 2024

        ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြား သွင်းကုန်/ပို့ကုန်တန်ဖိုးသည် ယခုနှစ် ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၀.၈ဘီလီယံနီးပါးရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ နောက်ဆုံးရစာရင်းများအရသိရသည်။ ၎င်းတို့အနက် ဗီယက်နမ်၏ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈.၂၈ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃.၉% မြင့်တက်လာခဲ့သည်။ ဗီယက်နမ်တင်ပို့မှုတွင် ကုန်ပစ္စည်းတစ်ခုလျှင် ၁ဘီလီယံကျော်တန်ဖိုးရှိသော ကုန်ပစ္စည်း ၁၀မျိုးပါဝင်ပြီး ၎င်းတို့မှာ ဖုန်းများနှင့် ကင်မရာအစိတ်အပိုင်းများ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ၊ စက်ပစ္စည်းများ၊ ပစ္စည်းကိရိယာများ၊ စက်ပြုပြင်ရေးကိရိယာများနှင့် အပိုပစ္စည်းမျာ

24 Sep 2024

       အိန္ဒိယနိုင်ငံသည် Hatisar (Odisha) နှင့် Drranga (Assarn) ၏ မြေယာအကောက်ခွန်စခန်း (LCS) မှတစ်ဆင့် ဘူတန်နိုင်ငံအနေဖြင့် အနိမ့်ဆုံးဈေးနှုန်းအခြေအနေမရှိဘဲ လတ်ဆတ်သောကွမ်းသီးများအား တင်သွင်းခွင့်ပြုခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန (DGFT) ၏ အသိပေးချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဘူတန်နိုင်ငံမှ အနိမ့်ဆုံးတင်သွင်းဈေး (MDP) သတ်မှတ်ချက်မရှိဘဲ ကွမ်းသီးစိမ်းတန်ချိန် ၁၇၀၀၀ တင်သွင်းခွင့်ပြုခဲ့သည်။  ၂၀၁၇ ခုနှစ်တွင် အစိုးရမှပြည်တွင်းတောင်သူများအား အကာအကွယ်ပေးရန်အတွက် အနိမ့်ဆုံး တင်သွင်းဈေး (MIP)  ၂၅၁ ရူပီးသတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တစ်ကီလိုလျှင်ဈေးနှုန်

24 Sep 2024

       အင်ဒိုနီးရှားနှင့် ဘရာဇီးနိုင်ငံအခြေစိုက် ကုမ္ပဏီတို့သည် အပူပိုင်းဒေသ နို့စားကျွဲ၊ နွားမွေးမြူရေးကဏ္ဍတိုးတက်စေရန် အမေရိကန်ဒေါ်လာ ၂၉၁.၉သန်းပမာဏာရှိ ရင်းနှီးမြှုပ်နှံမှုတွင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Amran Sulaiman က ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ဘရာဇီးရင်းနှီးမြှုပ်နှံမှုရရှိခြင်းသည် အသားနှင့်နို့ထွက်ပစ္စည်းလုံလောက်မှုရှိစေရေးကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ပံ့ပိုးနိုင်မည်ဟု ၁၂-၉-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မွေးမြူရေးထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရန် ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်မှုအရ အင်ဒိုနီးရှားနိုင်ငံ၏ လို

24 Sep 2024

        ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် KD Trading သည် ဗီယက်နမ်၏ ST25 ဆန်ကို ကနေဒါဈေးကွက်သို့ပို့ဆောင်ပေးမည့် အဓိကမိတ်ဖက်ဖြစ်လာကြောင်းသိရပါသည်။ ST25 ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၉ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင် ရရှိခဲ့ကြောင်းသိရပါသည်။ KD Trading ၏ CEO ဖြစ်သူ Kevin Le က ဗီယက်နမ်၏ ST25 ဆန်ကို ကနေဒါသို့ တင်သွင်းရန်အတွက် ကုမ္ပဏီသည် ဆန်၏ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်ရန်နှင့် အလွန်စေ့စပ်စွာ ဈေးကွက်စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် Tran Thu Quynh က ကုန်သွယ်ရေးရုံးသည် ဗီယက်နမ်ဆန်ထုတ်ကုန

24 Sep 2024

       ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကာလအတွင်း ရော်ဘာ ၂၀၉၇၃၃တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂၈သန်းရရှိခဲ့ကာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၅.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း  ရာဘာအထွေထွေညွှန်ကြားရေးဦးစီးဌာန၏ ၁၇-၉-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) အောက်ရှိ ရော်ဘာအထွေထွေညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Khun Kakada က ကမ္ဘောဒီးယား၏ ယခုနှစ်ပထမ(၈)လ တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄၅၆၅တန်မြင့်တက်ခဲ့ကြောင်းနှင့် ရော်ဘာစေးတစ်တန်တန်ဖိုးမှာ ၁၅၆၅အ

24 Sep 2024

         ဘတ်ငွေတန်ဖိုးအားကောင်းမှုနှင့် ယခုနှစ်ကုန်တွင် အိန္ဒိယက ၎င်းတို့၏ဆန်တင်ပို့မှုကန့်သတ်ထားခြင်းကိုပယ်ဖျက်ရန် ဖြစ်နိုင်ချေရှိမှု အစရှိသောအချက်များကြောင့် လာမည့်နှစ်တွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် တန်ချိန် ၈သန်းအောက်ကျဆင်းနိုင်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က နိုင်ငံ၏မြောက်ပိုင်းနှင့် အ‌ရှေ့မြောက်ပိုင်းတို့တွင် ရေလွှမ်းမိုးမှုရှိခဲ့သော်လည်း ယခုနှစ်အတွက် ဆန်တင်ပို့မှုကို သက်ရောက်မှုမရှိကြောင်းပြောကြားခဲ့ပါသည်။ အသင်းကလည်း ထိုင်းနိုင်ငံသည် ယခုနှစ်တွင် နှစ်စဉ်တင်ပို့ရန် ရည်မှန်းချက်ဖြစ်သည့် တန်ချိန်

Pages