ပြည်တွင်းအရင်းအမြစ်ကုန်စည်များတွင် စင်ကာပူအပေါ်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

           ဗီယက်နမ်နှင့် စင်ကာပူတို့အကြား ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုတိုးတက်လာခဲ့ပြီး စင်ကာပူသို့ တင်ပို့သည့် ဗီယက်နမ်ပြည်တွင်းမူရင်းကုန်ပစ္စည်းများမှ ကုန်သွယ်ရေးပိုငွေမှာ စင်ကာပူဒေါ်လာ ၅.၄ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရပါသည်။ Enterprise Singapore ၏ အချက်အလက်များအရ ဧပြီလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၅.၃ ဘီလီယံနီးပါးရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၆၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအထဲတွင် ၂၀၂၅ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက စင်ကာပူမှ ဗီယက်နမ်သို့ တင်ပို့မှု တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၂.၅ ဘီလီယံရှိပြီး ၂၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ဗီယက်နမ်မှ စင်ကာပူသို့ တင်ပို့မှုမှာ စင်ကာပူဒေါ်လာ ၂.၇ ဘီလီယံဖြင့် ၁၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူ၏ ဗီယက်နမ်သို့တင်ပို့မှုများအနက် ပြည်တွင်းထုတ်ကုန်များမှာ စင်ကာပူ ဒေါ်လာ ၈၈၂.၆ သန်းဖြင့် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပြန်လည်တင်ပို့ခြင်းနှင့် ကုန်စည်လွှဲပြောင်းတင်ပို့မှုများမှာ စင်ကာပူဒေါ်လာ ၁.၇ ဘီလီယံဖြင့် ၂၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်သည် စင်ကာပူ၏ ၁၀ ခုမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ်ထက် ၄၃.၇ ရာခိုင်နှုန်း တိုးတက်ကာ စင်ကာပူဒေါ်လာ ၁၈.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း စင်ကာပူမှ ဗီယက်နမ်သို့ တင်ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၁၀.၂ ဘီလီယံရှိပြီး ၈.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဗီယက်နမ်မှ စင်ကာပူသို့ တင်ပို့မှုမှာစင်ကာပူဒေါ်လာ ၈.၅ ဘီလီယံဖြင့် ၁၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူ၏ ပြည်တွင်းထုတ်ကုန်များ ဗီယက်နမ်သို့ တင်ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၂ ဘီလီယံရှိပြီး ၁၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြန်လည်တင်ပို့မှုနှင့် ကုန်စည်လွှဲပြောင်းတင်ပို့မှုများမှာ စင်ကာပူဒေါ်လာ ၇.၁ ဘီလီယံရှိကာ ၆.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် စင်ကာပူပြည်တွင်းမူရင်းကုန်ပစ္စည်းများကိုသာ ထည့်သွင်းတွက်ချက်ပါက ဗီယက်နမ်ဘက်မှ စင်ကာပူဒေါ်လာ ၅.၃၆ ဘီလီယံ ကုန်သွယ်ရေးပိုငွေ ရရှိခဲ့ကြောင်း သိရပါသည်။ စင်ကာပူရှိဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရ လျှပ်စစ်စက်ပစ္စည်း များနှင့် အစိတ်အပိုင်းများ (HS 85)၊ လောင်စာဆီ၊ ရေနံနှင့် သန့်စင်ထုတ်ကုန်များ (HS 27)၊ နျူကလီးယားရေဒီယေတာများ၊ ဘွိုင်လာများနှင့် စက်မှုယန္တရားများ (HS 84) စသည့် အဓိက ကုန်စည်အုပ်စုသုံးခုသည် နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်ရေးကို ဆက်လက်မောင်းနှင်ပေးနေ ကြောင်း သိရပါသည်။ အသေးစိတ်အားဖြင့် HS 85 အုပ်စုတွင် စင်ကာပူ၏ တင်ပို့မှုမှာ ၃.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဗီယက်နမ်မှ တင်သွင်းမှုမှာ ၁၄၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ HS 27 အုပ်စုတွင် တင်ပို့မှု ၂၅.၈ ရာခိုင်နှုန်းနှင့် တင်သွင်းမှု ၃၀၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး HS 84 အုပ်စုတွင် တင်ပို့မှု ၆၅.၃ ရာခိုင်နှုန်းနှင့် တင်သွင်းမှု ၂၄၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)