ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Sep 2024

         ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Bui Thanh Son သည် အီဂျစ်နိုင်ငံခြား‌ရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Badr Abdelatty နှင့် စက်တင်ဘာလ ၁၇ရက်နေ့တွင် ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။ Abdelatty က တိုက်ဖွန်းမုန်တိုင်း Yagi ကြောင့် ထိခိုက်ခဲ့ရသည့် ဗီယက်နမ်နိုင်ငံအတွက် နက်ရှိုင်းစွာဝမ်းနည်းကြောင်းပြောကြားခဲ့သည်ဟုသိရပါသည်။ ထို့ပြင် ၎င်းက ဗီယက်နမ်သည် အီဂျစ်၏ အရေးပါသောမိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံအကြားစီးပွား‌ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် အခန်းကဏ္ဍများစွာရှိကြောင်းနှင့် အီဂျစ်သည် ဗီ

24 Sep 2024

       ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ ထိုင်းနိုင်ငံစီးပွားရေးကောင်စီနှင့် ကုမ္ပဏီ(၂၀)မှ ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား ရှေ့ဆက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကိုလေ့လာရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏  ခေတ္တစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ Kem Sithan က ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ၁၇-၉-၂၀၂၄ ရက်နေ့တွင် ဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ Sithan က နိုင်ငံတော်စ

24 Sep 2024

       ဗီယက်နမ် ရွှေဈေးနှုန်းများသည် ဇွန်လ ၁ရက်နေ့မှအစပြု၍ စက်တင်ဘာလ ၁၆ရက်နေ့အထိ ၁ tael (ရွှေ ၁ tael သည် တရုတ်နှင့် ဂျပန်တို့တွင် ငွေကြေးအဖြစ် အသုံးပြုခဲ့သည့် ရှေးဟောင်းအလေးချိန်ယူနစ်ဖြစ်ပြီး ၃၇.၅ဂရမ် (သို့မဟုတ်) (၁.၂ ထရွိင်အောင်စယူနစ်နှင့်ညီမျှသည်။) လျှင် VND ၈၂သန်း (အမေရိကန်ဒေါ်လာ၃၃၃၅.၃၇ ) သို့ ၁.၈၆ % သို့ ခုန်တက်သွားခဲ့ပြီး ကမ္ဘာ့နှုန်းထားများ၏ အထွတ်အထိပ်သို့ ရောက်ရှိကြောင်းသိရသည်။ ရွှေဂွင်းဈေးနှုန်းများမှာ ၁ tael လျှင် VND ၇၉.၂ သန်းဖြင့် တည်ငြိမ်လျက်ရှိသည်။

24 Sep 2024

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂.၉ဘီလီယံရရှိခြင်းသည် နိုင်ငံတော်၏ နိုင်ငံခြားငွေလဲလှယ်မှုအရင်းမြစ်ကို ကွဲပြားစွာထားရှိသည့် အစိုးရ၏အောင်မြင်မှုရလဒ်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ အေဂျင်စီအကြီးအကဲ Febrio Kacarium က ပြောကြားခဲ့ပါသည်။ ၁၇-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ခုနှစ် နိုင်ငံတော်ဘက်ဂျက်အစည်းအဝေးတက်ရောက်အပြီးတွင် Kacarium က ပိုငွေရရှိမှုသည် တရုတ်နိုင်ငံ၏  စီးပွားရေးအားနည်းမှုကြောင့် လက်တလော ကမ္ဘာ့စီးပွားရေးအခြေအနေမသေချာမရေရာမှုကို အင်ဒိုနီးရှာက ကျော်လွှားနိုင်သည့် လက္ခဏာဖြစ်ကြောင်းပြောကြားခဲ့

24 Sep 2024

      ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ဝန်ကြီးချုပ်ယွန်မာနက်၏ ဦးဆောင်မှုဖြင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၇.၅ဘီလီယံကိုဆွဲဆောင်နိုင်ခဲ့ပြီး ယခင်အစိုးရလက်ထက် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆၁% မြင့်တက်လာကြောင်းသိရသည်။

24 Sep 2024

       ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုကျဆင်းမှု၊ ကုန်စည်ပို့ဆောင်မှုမြင့်တက်မှုနှင့် နှစ်ကုန် အားလပ်ရက်နီးကပ်လာမှုတို့ကြောင့် အမေရိကန်ကုမ္ပဏီများသည် ဗီယက်နမ် ပုစွန်ဈေးကွက်မှ ဝယ်ယူရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ထံမှသိရသည်။

24 Sep 2024

        ပါကစ္စတန်နိုင်ငံသည် ရာသီဥတုအခြေအနေ၊ လယ်ယာသွင်းအားစုရရှိမှုနှင့် ဘာစမာတီမဟုတ်သော အိန္ဒိယဆန်တင်ပို့မှုပိတ်ပင်ထားခြင်းတို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် ဆန်တင်ပို့ မှုမှာ အမေရိကန်ဒေါ်လာ ၃.၈၉ဘီလီယံအထိရှိလာခဲ့ကြောင်းသိရသည်။

          ပါကစ္စတန်ဆန်တင်ပို့သူများအသင်း (Reap) တည်ထောင်သူ Shehzad Ali Malik က Reap ဥက္ကဋ္ဌအသစ် Milik Faisal Jahangir အား တနင်္လာနေ့က ရွေးကောက်ပွဲကြေညာနေစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

24 Sep 2024

        အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Roeslani က ပြည်ပရင်းနှီးမြှုပ်နှံသူများ နိုင်ငံ၏ပြန်လည်သုံးစွဲနိုင်သော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဆွဲဆောင်နိုင်ရန် ပံ့ပိုးပေးမည့် ဝန်ဆောင်မှုကဏ္ဍများနှင့် အုပ်ချုပ်မှုလိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံရန်အတွက် အဓိကဦးစားပေးထဲမှ တစ်ခုမှာ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုသည့် အုပ်ချုပ်မှုအမူအကျင့်ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းတို့သည် လျှပ်စစ်ကားကို အင်ဒိုနီးရှားနိုင်ငံ၌ ထုတ်လုပ်ပါက ၎င်းတို့၏ထုတ်လုပ်မှုသည် သန့်စင်သောစွမ်းအင်ကို အသုံးပြုရမည်ဟု ဝန်ကြီးက ၁၇-၉-၂၀၂၄ ရက်နေ့

23 Sep 2024

   အင်ဒိုနီးရှားကုန်သွယ်ရေးပိုငွေသည် သုံးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ကုန်တင်ပို့မှုသည် မျှော်မှန်းထားသည်ထက်ပိုမိုတင်ပို့ခဲ့ရကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရသိရှိရပါသည်။ ယင်းအချက်အလက်များမှာ အင်္ဂါနေ့မှစတင်သည့် နှစ်ရက်တာ မူဝါဒအစည်းအဝေးအတွင်း ဗဟိုဘဏ်မှခွဲခြားစိတ်ဖြာမည့် စီးပွားရေးညွှန်းကိန်းများထဲမှ စစ်တမ်းတစ်ခုဖြစ်ပါသည်။ အင်ဒိုနီးရှားဘဏ် (BI) သည် ယခုကုန်သွယ်ရေးအချက်အလက်များမတိုင်မီ REUTERS မှ စစ်တမ်းကောက်ယူခဲ့သော ဘောဂဗေဒပညာရှင်များက အတိုးနှုန်းမပြောင်းလဲဘဲထားရှိရန်အတွက် မျှော်မှန်းထားကြောင်းသိရှိရပါသည်။ ကမ္ဘာ့ထိပ်တန်းကုန်သွယ်ရေးခန်းမှန်းသူများက ဓ

23 Sep 2024

    အိန္ဒိယနိုင်ငံတွင် စပါးဈေးနှုန်းများကျဆင်းမှုကြောင့် ဖိအားများနှင့်ကြုံတွေ့ခဲ့ရပြီးနောက် ဘာစမာတီဆန် တင်ပို့မှုအပေါ် ချမှတ်ထားသည့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း (minimum export price  ̶  MEP) ၁ တန်လျှင် ဒေါ်လာ ၉၅၀ နှုန်းသတ်မှတ်ချက်ကို အစိုးရက ပယ်ဖျက်ခဲ့သည်။

23 Sep 2024

   ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆန်ဈေးကွက် ချဲ့ထွင်နိုင်ရန်အတွက် ဒေသတွင်းရှိ နိုင်ငံအချို့နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်ဟု  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

23 Sep 2024

     မလေးရှားအစိုးရ အနေဖြင့် စိုက်ဧကကြီးမားကျယ်ပြန့်စွာ စပါးစိုက်ပျိုးမှု အစီအစဉ်အား ပထမအဆင့် စတင်ဖော်ဆောင်မှုနှင့်အတူ စိုက်ပျိုးရေးကဏ္ဍတွင် မလေးရှားရင်းဂစ်ငွေ ၅ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်းကြီးများ အမြောက်အမြားကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ပြောကြားခဲ့ပါသည်။

Pages