ပြည်ပကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဒဏ်ကို ယခင်က ခံစားခဲ့ရသည့်နိုင်ငံနှင့် ဒေသအများအပြားမှ တောရိုင်းငှက်များနှင့် ကြက်များ တင်သွင်းခြင်းအပေါ် ယာယီတားမြစ်ချက်ကို ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန (DA) က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ အဓိကစီးပွားရေးဆိပ်ကမ်းဖြစ်သည့် ကိုလံဘိုဆိပ်ကမ်းသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် အခွန်ပေးဆောင်ပြီးနောက် အမြတ်ငွေ ရူပီး ၃၂.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၇ သန်းခန့်) ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၁ ရာခိုင် နှုန်းတိုးလာကြောင်း ပို့ဆောင်ရေးနှင့် လေကြောင်းဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားနှင့် ဒိုမီနီကာနိုင်ငံတို့သည် အောက်တိုဘာ ၉ ရက် ကြာသပတေးနေ့တွင် ၎င်းတို့ ၏ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခံ့အောင်တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၂၂ ကာရက် ရွှေလက်ဝတ်ရတနာများ၏ ဈေးနှုန်းသည် သမိုင်းဝင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကျောက်မျက်ရတနာများအသင်း (BAJUS) မှ အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင်ကြေငြာချက်အရ တစ်ဂရမ်လျှင် ၁၇,၃၃၅ တာကာ နှုန်းသစ်သို့ သတ်မှတ်ခဲ့ကြောင်းသိရသည်။ BAJUS သည် ၂၁ ကာရက်ရွှေတစ်ဂရမ်လျှင် ၁၆၅၄၇ တာကာ၊ ၁၈ ကာရက်ရွှေအတွက် ၁၄၁၈၃ တာကာနှင့် အခြားမျိုးကွဲများအ

ဆီနီဂေါနိုင်ငံ၏မြို့တော် ဒါကာအနီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ နှစ်ရက်တာ အခမ်းအနားတွင် နိုင်ငံပေါင်းစုံမှ အစိုးရအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စုစည်း၍ “အခွင

နမီးဘီးယားသမ္မတ Netumbo Nandi-Ndaitwah က နိုင်ငံအတွင်းရှိ လူငယ်များအား ခေတ်မီနည်းပညာဖြင့် မောင်းနှင်သော စိုက်ပျိုးရေးကဏ္ဍကို လက်ခံကျင့်သုံးကြရန် အောက်တိုဘာလ ၈ ရက်နေ့တွင် တိုက်တွန်းခဲ့ပြီး အဆိုပါကဏ္ဍသည် သက်ကြီးရွယ်အို လုပ်သားအင်အားနှင့် ရေရှည်စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။<

နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက်သည် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ၂၃၀၃၀၀ ဦးထိ မြင့်တက်လာပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လထက် ၁၆၀၀၀ ဦး သို့မဟုတ် ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု Stats NZ က အောက်တိုဘာလ ၁၃ ရက်နေ့

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၂၂.၃၉ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများတင်းပို့ခဲ့ရာ ယခင်နှစ်အလားတူကာလက အမေရိကန်ဒေါ်လာ ၁၉.၈၃ ဘီလီယံမှ ၁၂.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း အထွေထွေအကောက်ခွန် ဦးစီးဌာနမှ အောက်တိုလာလ ၁၀ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရပါသည်။

ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုလျှံမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် ယခင်နှစ်ကထက် ၁၄.၁၃ ရာခိုင်နှုန်း ကျုံ့သွားပြီး အမေရိကန်ဒေါ်လာ ၈၆.၃ ဘီလီယံသို့ ရောက်ရှိသွားကြောင်း ရုရှားနိုင်ငံ၏ Federal C

ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှု GDP တိုးတက်မှုသည် သိသိသာသာပြောင်းလဲမှုများမရှိဘဲ အမျိုးသားလွတ်တော်မှ ရည်မှန်းထားသည့် ၈ ရာခိုင်နှုန်း ကျော်လွန်နိုင်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ကပြောကြားခဲ့ပါသည်။

ခေတ်မီနည်းပညာများကျွမ်းကျင်ရန်အားထုတ်မှုအနေဖြင့် ထိုင်းအစိုးရသည် လုပ်သား ၁၀၀၀၀၀ ၏ကျွမ်းကျင်မှုမြှင့်တင်ပေးရန် စီစဉ်နေကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas ၏အဆိုအရ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိ

သန့်စင်သောစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်-ဂျပန်မိတ်ဖက်ဖွဲ့မှုမဟာဗျူဟာတွင် အဓိကခြေလှမ်းတစ်ရမ်ဖြစ်သည့် Thai Binh LNG စွမ်းအင်စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားကို Thai Binh LNG Power JSC နှင့် သက်ဆိုင်ရာရှယ်ယာရှင်များက အောက်တိုဘာလ ၁၀ ရက်

