ယူကရိန်းနိုင်ငံ၏ စပါးနှင့် ဆီထွက်သီနှံရိတ်သိမ်းမှုသည် ၂၀၂၅-၂၀၂၆ တွင် ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြ

Powered by Drupal

          ယူကရိန်းနိုင်ငံ၏ စပါးနှင့် ဆီထွက်သီးနှံရိတ်သိမ်းမှုသည် ၂၀၂၅-၂၀၂၆ စျေးကွက်နှစ်တွင် တန်ချိန် ၇၃.၄ သန်းခန့်အထိ ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု Ukrainian Agribusiness Club (UCAB) ၏ ခန့်မှန်းချက်အရသိရသည်။ UCAB မှ သြဂုတ်လ ၂၀ ရက်နေ့တွင်ထုတ်ပြန်သော ခန့်မှန်းချက်တစ်ခုအရ စပါးအထွက်နှုန်းမှာ တန်ချိန် ၅၄.၆ သန်းမှ ၃ ရာခိုင်နှုန်းကျဆင်း ဖွယ်ရှိပြီး ဆီထွက်သီးနှံအထွက်နှုန်း ၁၁ ရာခိုင်နှုန်းမှ တန်ချိန် ၁၈.၈ သန်းသို့ ကျဆင်းမည်ဖြစ် ကြောင်းသိရသည်။ အထူးသဖြင့် လယ်သမားများသည် စပါးတန်ချိန် ၂၆.၇ သန်း၊ ဂျုံတန်ချိန် ၂၁ သန်းနှင့် နေကြာစေ့တန်ချိန် ၁၀.၁ သန်းရိတ်သိမ်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။ ယူကရိန်း ဆန်စပါးအသင်း၏ အဆိုအရ ဇွန်လ ၃၀ ရက်နေ့က ကုန်ဆုံးခဲ့သည် ၂၀၂၄-၂၀၂၅ စျေးကွက်ရှာဖွေရေးနှစ်တွင် ယူကရိန်းစပါးနှင့် ဆီထွက်သီးနှံတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၆.၇ သန်း ရှိပြီးယခင်ရာသီကတန်ချိန် ၅၇.၅ သန်းထက်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Source: Xinhua 

DOCA (ရန်ကုန်)