
Volkswagen ကုမ္ပဏီနှင့် XPeng ကုမ္ပဏီတို့သည် တရုတ်နိုင်ငံလျှပ်စစ်အနုပညာ (CEA) အသုံးချမှုနယ်ပယ်ချဲ့ထွင်ခြင်းအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ၂၀၂၇ ခုနှစ်မှ စတင်၍ Volkswagen သည် ၎င်း၏ လျှပ်စစ်ကားများတွင် CEA များကို စတင်မိတ်ဆက်မည်ဖြစ်ကြောင်းနှင့် combustion အင်ဂျင် နှင့် plug-in hybrid မော်ဒယ်များကို ထုတ်လုပ်တော့မည် ဖြစ်ကြောင်း သိရပါသည်။ ဗဟိုကွန်ပျူတာယူနစ်များနှင့်အတူ CEA သည် ပိုမိုကောင်းမွန်သော ဘေးကင်းမှုအတွက် အဆင့်မြင့်မောင်းနှင်မှု အကူအညီစနစ်များနှင့် AI နည်းစနစ်ပါရှိသော ယာဥ်မောင်းလက်ကိုင်များကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ CEA သည် လျှပ်စစ်ထိုင်းချုပ်မှုယူနစ်များ ပါဝင်မှုကို လျော့ချပေးမည်ဖြစ်ကြောင်း နှင့် စနစ်ရှုပ်ထွေးမှုများ ကိုပါ ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ XPeng ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံရှိ Volkswagen ကုမ္ပဏီအတွက် နောက်ထပ် မှတ်တိုင်တစ်ခုဖြစ်ပြီး နည်းဗျဟာမြောက်လုပ်ဆောင်မှုဖြစ်ကြောင်း သိရပါသည်။ ၂၀၃၀ ခုနှစ်တွင် Volkswagen ကုမ္ပဏီသည် ခန့်မှန်းခြေ လျှပ်စစ်ကားမော်ဒယ်အသစ် ၃၀ မျိုးထုတ်လုပ်ရန် စီစဥ်ထားကြောင်း သိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)