ပြည်ပကုန်သွယ်မှုသတင်းများ
တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ဂုံးနှင့်ကမာတင်ပို့မှုမြင့်တက်လာပြီး ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၇သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် (၁၁၉)ဆ နီးပါးတိုးတက်လာခဲ့သည်။
စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (FIA) ၏အဆိုအရ မကြာမီတွင် တောင်ကိုရီးယားမှ အားကောင်းသည့် ရင်းနှီးမြှုပ်နှံမှုလှိုင်းများဖြစ်ပေါ်လာစေရန် ဗီယက်နမ်နိုင်ငံက မျှော်လင့်ထားကြောင်းသိရသည်။
ဝယ်လိုအားများနည်းပါးလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ဆီးမီးကွန်ဒတ်တာများနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့မှုမှာ ယခုနှစ်တွင် ကျဆင်းဖွယ်အလားအလာများရှိကြောင်း Philippines Foundation, Inc (SEDPI) က ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီတစ်ခုဖြစ်သော Bulog သည် ဆန်မက်ထရစ် တန်ချိန် ၃၂၀၀၀၀ ခန့်ကို ဝယ်ယူရန် နိုင်ငံတကာ တင်ဒါတစ်ရပ်ကို ခေါ်ယူခဲ့ကြောင်း ဥရောပ ကုန်သည်များက ၂၂-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါတင်ဒါတွင် စျေးနှုန်းကမ်းလှမ်းမှုများတင်သွင်းရန် နောက်ဆုံးရက်မှာ ဇူလိုင်လ ၃၁ ရက် ဖြစ်ပြီး Bulog သည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည့် စျေးနှုန်းညှိနှိုင်းမှုများ စတင်လိမ့်မည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။
ပါကစ္စတန်နိုင်ငံတွင် အခွန်စည်းကြပ်မှု စနစ်အသစ်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ခြင်းသည် လုပ်ငန်းရှင်များအနေဖြင့် ယခင်ကထက် ၎င်းတို့၏ ရရှိသောဝင်ငွေမှ ပမာဏအများအပြားကို ပေးဆောင်ရစေမည်ဖြစ်ရာ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားမှုနှင့် ဆန့်ကျင်လျက် ၎င်းတို့၏ တင်ပို့မှုသည် ဒေါ်လာ ၂ ဘီလီယံ အထိ လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း ပါကစ္စတန် ဆန်ကုန်သည်များက ၁၉-၇-၂၀၂၄ ရက်၊ သောကြာနေ့တွင် အစိုးရသို့ ပြောကြားခဲ့သည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး Mr. Shivraj Singh Chouhan နှင့် မလေးရှားစိုက်ခင်းနှင့် ကုန်စည်များဆိုင်ရာ ဝန်ကြီး Datuk Seri Johari Abdul Ghani တို့သည် ၁၈-၇-၂၀၂၄ ရက်၊ ကြာသပတေးနေ့၌ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား စားအုန်းဆီနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် Economic Times သတင်းဌာနက ဖော်ပြပါသည်။
ထိုင်းနိုင်ငံ၏ ဘတ် ၁၂၇ ဘီလီယံတန်ဖိုးရှိသော ပီလောပီနံလုပ်ငန်းသည် ၎င်း၏ ပီလောပီနံဝယ်ယူမှုအများဆုံး ဖောက်သည်ဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် အီသနောထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ပီလောပီနံအမှုန့်ကို အသုံးပြုခြင်းမှ ကျောက်မီးသွေးသို့ ပြောင်းလဲသုံးစွဲခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ထိုင်းနိုင်ငံမှ ပီလောပီနံတင်ပို့သူများအနေဖြင့် ထောက်ပံ့မှုများ ပိုမိုရရှိရန် အစိုးရအား တရားဝင်တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။
ကမ္ဘာ့ကော်ဖီစေ့ဈေးကွက်၌ အကြီးမားဆုံးစိုက်ပျိုးထုတ်လုပ်သူဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ရောင်းလိုအားကျဆင်းမှုနှင့်အတူ အိန္ဒိယပြည်တွင်းဈေးကွက်တွင် ရိုဘတ်စတာကော်ဖီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး အာရေးဘီးကား ကော်ဖီစေ့ဈေးနှုန်းများမှာမူ ကောင်းစွာတည်ငြိမ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံရှိသော သီဟိုဠ်စေ့ တန်ချိန် ၁.၅ သန်းကို တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ၌ တင် သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၃.၄% နှင့် တန်ချိန်အားဖြင့် ၈.၄% တိုးတက်လာကြောင်း ဗီယက်နမ် အထွေထွေအကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှုမရှိပါက ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၃ သန်းအထိ တင်သွင်းရနိုင်ကြောင်း အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ၏ အတွင်းရေးမှူး Sarwo Edhy က ၂၂-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် ၂၀၂၄ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၂)လအတွင်း ဆော်ဒီအာရေးဗီးယားနှင့် အီရတ်တို့ကဲ့သို့သော အနောက်အာရှမှ ဝယ်လိုအားများတိုးမြင့်လာခြင်းကြောင့် ၁၃ရာခိုင်နှုန်းခန့်တင်ပို့မှုများတိုးမြင့်လာခဲ့သည်။
ဗီယက်နမ်-ကနေဒါစီးပွားရေးအသင်း (VCBA) သည် လာမည့်နှစ်များတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရေးအတွက်ကူညီရန် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ပေးမှုကိုမြှင့်တင်သွားမည်ဟုသိရပါသည်။ VCBA ကကျင်းပခဲ့သည့် ၂၀၂၄-၂၀၂၇ သက်တမ်းကာလအတွက် ဒုတိယအကြိမ်မြောက်ကွန်ဂရက်အစည်းအဝေးမှာ ကနေဒါနှင့် အခြား နိုင်ငံများမှ အဖွဲ့ဝင်များသာမက နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက် ပြည်ပနိုင်ငံများရှိ ဗီယက်နမ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ကနေဒါနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်းသိရပါသည်။ VCBA ၏ ဥက္ကဋ္ဌအသစ်ဖြစ်သူ Chau Tu Cuong က အသင်းအနေဖြင့်