ပြည်ပဆန်သတင်း (၁၄ -၈-၂၀၂၅ မှ ၂၀-၈-၂၀၂၅ အထိ)

Powered by Drupal

                 ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃ ဖြင့်လည်းကောင်း ပေါင်းဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၈၈ ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

                ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့် ဈေးနှုန်း အနည်းငယ်မြင့် တက်လျက်ရှိပြီး၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၂ ဖြင့် ဈေးနှုန်း  အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ဆန်ကွဲဈေးနှုန်း ဖော်ပြထားခြင်း မရှိပါ။

                အိန္ဒိယ ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ ဖြင့်  ဈေးနှုန်း အနည်းငယ်မြင့် တက်လျက်ရှိပြီး ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၃၆၄ ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်းသိရှိရသည်။

                ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉ ဖြင့် လည်းကောင်း၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၁ ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၄ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပြီး ဆန်ကွဲဈေးနှုန်း ဖော်ပြထားခြင်းမရှိကြောင်းသိရှိရပါသည်။

Source  : Thai Rice Exporter

DOCA(ရန်ကုန်)