ထိုင်းနိုင်ငံ၏ ပဲပုပ်နှင့် အုန်းသီး တင်သွင်းမှု ရေရှည်တည်တံ့ရန်ပြင်ဆင်

Powered by Drupal

           စီးပွားရေးဝန်ကြီးဌာနသည် လုံလောက်သော ထောက်ပံ့မှုများကို ထိန်းသိမ်းရန် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရန်၊ တောင်သူများ အကျိုးအမြတ် ရရှိစေရန် ပဲပုပ်နှင့် အုန်းသီးများ ဈေးကွက်ဖွင့်လှစ်ပြီး တင်သွင်းနိုင်ရန် စီစဉ်နေပါသည်။

       စီးပွားရေးဝန်ကြီး Jatuporn Buruspat သည် ယခုနှစ်ပထမဆုံးအကြိမ် ကျင်းပသော ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ကော်မတီအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ပဲပုပ်နှင့် အုန်းဆီများကို မှီခိုနေသော စက်ရုံများအတွက် ကုန်ကြမ်းများ လုံလောက်စွာရရှိစေရန်နှင့် ဒေသခံလယ်သမားများကို ဆက်လက်ကာကွယ်ပေးရန် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစား အတည်ပြုခဲ့ပါသည်။

        သီးနှံဈေးနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်းရန်နှင့် စက်မှုလုပ်ငန်းသုံးအတွက် လုံလောက်သော ကုန်ကြမ်းထောက်ပံ့ပေးနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

          နောက်ထပ်ရည်မှန်းချက်တစ်ခုမှာ ၂၀၂၆- ၂၀၂၈ ခုနှစ်မှ စ၍ ပဲပုပ်ဆီနှင့် ၄င်း၏ အစိတ် အပိုင်းများ၊ အုန်းသီး၊ အုန်းသီးခြောက်နှင့် အုန်းဆီတို့ကို ထိုင်းနိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO)၏  လယ်ယာစိုက်ပျိုးရေး သဘောတူညီချက်နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ ညီချက်များ (FTAs) အရ ကတိပြုထားသည့်အတိုင်း ဈေးကွက်ဖွင့်လှစ်ခြင်းနှင့် တင်သွင်းခြင်းကို စီမံခန့်ခွဲရန်ဖြစ်ပါသည်။ တင်သွင်းမှုများသည် ပြင်တွင်းဈေးကွက်အပေါ် အခြေခံမည်ဖြစ်ကြောင်း သိရပါသည်။

          မစ္စတာ Jatuporn က အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီ ထုတ်ကုန်များအတွက် ထိရောက်သော စီမံခန့်ခွဲမှုကို ထူထောင်ရန်နှင့် ထိုင်းတောင်သူများ၏ အကျိုးစီးပွားကို  ဦးစားပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

           တောင်သူများအတွက် မျှတသောဈေးနှုန်းများ ရရှိစေရန်နှင့် စက်မှုလုပ်ငန်းများ လိုအပ်သောကုန်ကြမ်းများ ရရှိစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

Source: Bangkok Post 

DOCA (ရန်ကုန်)