ထိုင်ဝမ် Semiconductor ထုတ်လုပ်မှုမြင့်တက်နိုင်ဖွယ်ရှိ

Powered by Drupal

          ထိုင်ဝမ်အစိုးရမှ ထောက်ပံ့ပေးနေသော စက်မှုနည်းပညာသုတေသနဌာန (ITRI) သည် ၂၀၂၅ ခုနှစ်တွင် AI အသုံးချမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားများလာမှုကြောင့် ၎င်း၏ semiconductor လုပ်ငန်း ထုတ်လုပ်မှုမျှော်မှန်းတန်ဖိုးကို ၂၂ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ITRI က ပြည်တွင်း Semiconductor ထုတ်လုပ်သည့်လုပ်ငန်းများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် NT ဒေါ်လာ ၆.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁၆.၆၇ ဘီလီယံ)ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်းနှင့် ယခင်နှစ်အစောပိုင်းကာလထက် ၂၂.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက ပြည်တွင်း Semiconductor ထုတ်လုပ်မှုစွမ်းဆောင်ရည် သည် IC ထုတ်လုပ်မှုထက် ပိုမိုကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် ချစ်ပ်ထုတ်လုပ်သည့်အဖွဲ့အစည်း Taiwan Semiconductor Manufacturing Co.(TSMC) ၏ ၂၀၂၅ ခုနှစ်အတွက် ၎င်း၏ ခန့်မှန်းရောင်းအားသည် ၂၄ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်းနှုန်း သို့ မြင့်တက်လာခြင်းအပြီးတွင် ITRI ၏ ခန့်မှန်းချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ Focus Taiwan ၏ အစီရင်ခံစာအရ TSMC သည် ကွန်ပျူတာစွမ်းအင်အတွက် လိုအပ်သော ကမ္ဘာ့စျေးကွက်ဝယ်လိုအားမြင့်နိုင်မှုကို ယူဆောင်ပေး နိုင်သည့် အဆင့်မြင့် ချစ်ပ်ဆက်များ ထုတ်လုပ်ရေးအတွက် လမ်းပြမှုများကို ထောက်ပံ့ပေးနေကြောင်း သိရပါသည်။ ITRI ၏ အဆိုအရ IC ထုတ်လုပ်ရေးကဏ္ဍမှ NT ‌ဒေါ်လာ ၄.၃၆ ထရီလီယံခန့်ထုတ်ပေးနေပြီး ယခင်နှစ်ခန့်မှန်း တန်ဖိုးနှင့် နှိုင်းယှဥ်လျှင် ၂၃.၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ IC ဒီဇိုင်း‌ရေးဆွဲ ခြင်း ကဏ္ဍသည် ယခုနှစ်တွင် ထုတ်လုပ်မှုတန်ဖိုး NTဒေါ်လာ ၁.၀၆ထရီလီယံအထိ ရောက်ရှိခဲ့ပြီး  ယခင်နှစ်ခန့်မှန်းတန်ဖိုးထက် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဒုတိယသုံးလပတ်ကာလတွင် ထိုင်ဝမ် semiconductor ထုတ်လုပ်မှုမှ NTဒေါ်လာ ၁.၆ ထရီလီယံခန့်ရရှိခဲ့ပြီး ပထမသုံးလပတ် ကာလထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ITRI သည် ပြည်တွင်း semiconductor ထုတ်လုပ်မှုလုပ်ငန်းကို တတိယသုံးလပတ်ကာလတွင် NTဒေါ်လာ ၁.၆၈ ထရီလီယံ အထိရရှိရန် မျှော်မှန်းထားပြီး အစောပိုင်းသုံးလပတ်ကာလများထက် ၄.၈ ရာခိုင်နှုန်းမြင့် တက်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် IC ထုတ်လုပ်မှုကဏ္ဍကို NTဒေါ်လာ ၁.၁၅ သန်း ရရှိရန်နှင့် ယခင်ကာလများထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်နိုင်ရန်မျှော်မှန်းထားကြောင်း သိရပါသည်။

Source: livemint.com

DOCA (ရန်ကုန်)