ဥဇဘက်ကစ္စတန်နိုင်ငံသည် ၂၀၂၅ ဇန်နဝါရီမှ ဇူလိုင်လအထိ အမေရိကန်‌ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိ ချယ်ရီသီးများ တင်ပို့ရောင်းချနိုင်ခဲ့

Powered by Drupal

          ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုနှစ်ပထမ ခုနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိချယ်ရီသီးများအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။      ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဇွန်လအထိ ဥဇဘတ်ကစ္စတန်နိုင်ငံမှ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၁ သန်းရှိသော ချယ်ရီသီးတန်ချိန် ၂၅၂၀၀ အား ပြည်ပနိုင်ငံ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ တင်ပို့ရောင်းချသည့် နိုင်ငံများအနက်မှ ရုရှားနိုင်ငံသည် ချယ်ရီသီးတန်ချိန် ၁၈၂၀၀ တင်သွင်းခဲ့ပြီး ကာဇက်စတန်နိုင်ငံမှ တန်ချိန် ၃၆၀၀၊ ကာဂျစ်စတန်နိုင်ငံမှ တန် ချိန် ၂၇၀၀ အသီးသီးတင်သွင်းခဲ့သည်။

          ဥဇဘက်ကစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်တွင် ၆.၅ ရာခိုင်တိုးတက်လာစေရန် အစိုးရမှကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း Eurasian Development Bank ၏ ထုတ်ပြန်ချက်ကို ကိုးကားထားသော ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Source: Xinhua

DOCA (ရန်ကုန်)