ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Oct 2024

    ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပဲဝါဈေးကွက်ကို အချိန်ကာလကြာမြင့်စွာလွှမ်းမိုးထားသော ကနေဒါနိုင်ငံကိုကျော်ကာ အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံးတင်ပို့သော နိုင်ငံဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမှ အိန္ဒိယနိုင်ငံသို့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တစ်ခုလုံးအတွင်း ရုရှားနိုင်ငံမှတင်ပို့ခဲ့သော ပဲဝါတန်ချိန် ၄.၀၁ သိန်းထက် များစွာတိုးတက်ခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲဝါတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တစ်ခုလုံး

07 Oct 2024

        Google သည် ထိုင်းနိုင်ငံတွင် ဒေတာစင်တာအသစ်အပါအဝင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတည်ဆောက်ရန် ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း၊ ထိုရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ပေါင်း ၁၄၀၀၀ကိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီကြီးမှ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်သည် အရှေ့တောင်အာရှရှိ  Cloud Computing  လိုအပ်ချက်ကိုဖြ့ဆည်းပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီမှ စက်တင်ဘာ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  Cloud နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အအုံကိုမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံ၏ ပထမဆုံးသော ဒေတာစင်တာဒေသရပ်ဝန်းကိုဖန်တီးမည်ဟု

07 Oct 2024

      ဗီယက်နမ်နိုင်ငံကွန်ူနစ်ပါတီအထွေထွေအတွင်းရေးမှုးနှင့် နိုင်ငံတော်သမ္မတဖြစ်သူ To Lam ၏ မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ၎င်းတို့၏မိတ်ဖက်ဖွဲ့မှုအား တိုးချဲ့ရန်အတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များရှာဖွေရန် မျှော်လင့်ရကြောင်းသိရပါသည်။ ဗီယက်နမ်သည် မွန်ဂိုလီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ထောင်သ့ ပထမဆုံးအာဆီယံနိုင်ငံဖြစ်ကြောင်းသိရသည်။ ကျွမ်းကျွင်သူများကလည်း မွန်ဂိုလီယားသည် ဗီယက်နမ်၏ အခန်းကဏ္ဍနှင့် အဆင့်မြင့်တက်လာမှု၏အရေးပါမှုကို ယုံကြည်မှုရှိကြောင်းပြ

07 Oct 2024

       ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့သည် စက်တင်ဘာ ၃၀ ရက်နေ့(တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့သော EV လျှပ်စစ်ကားဘတ်ထရီစက်ရုံအား သန့်ရှင်သောစွမ်းအင်၏ အနာဂတ်ဟုခေါ်ဆိုခဲ့သည်။

07 Oct 2024

       ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့သည် စက်တင်ဘာ ၃၀ ရက်နေ့(တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့သော EV လျှပ်စစ်ကားဘတ်ထရီစက်ရုံအား သန့်ရှင်သောစွမ်းအင်၏ အနာဂတ်ဟုခေါ်ဆိုခဲ့သည်။

07 Oct 2024

        ၂၀၂၃ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကြက်ဥဈေးနှုန်းများမြင့်တက်လာခြင်းသည် ထောက်ပံ့ရေးကွင်းဆက်အပေါ်  ကြက်ငှက်တုပ်ကွေးသက်ရောက်မှုနှင့် ဆက်စပ်နေသောကြောင့်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သော ၁၂လအတွင်း ကြက်ဥဈေးနှုန်းသည် ၂၈.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဥကြီးတစ်ဒါဇင်လျှင် ပျမ်းမျှဈေးနှုန်းမှာ ၃.၂၀ ဒေါ်လာဖြစ်ကြောင်း ဗျူရိုမှထုတ်ပြန်သော စာရင်းဇယားများအရသိရသည်။

07 Oct 2024

      အီရန်အစိုးရသည် နိုင်ငံ၏ ဝင်ငွေရင်းမြစ်များကိုကွဲပြားစေရန် ကြိုးပမ်းနေချိန်တွင် ဧပြီမှအစပြု၍ ဩဂုတ်လအထိ ငါးလဆက်တိုက် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုတွင် ကြီးမားသော တိုးတက်မှုများကိုတွေ့မြင်ခဲ့ရသည်။

07 Oct 2024

     မလေးရှားနိုင်ငံသည် ပါကစ္စတန်မှ ဘာစမာတီဆန် တန်ချိန် ၁၀၀၀၀၀ ကို ဝယ်ယူမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော ဟာလာအသားများကိုလည်း နှစ်စဉ် ဝယ်ယူတင်သွင်းလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သော Associated Press of Pakistan (APP) က ဖော်ပြပါသည်။

07 Oct 2024

    အိန္ဒိယနိုင်ငံ၌ အခွံပါစပါးများ၊  အခွံချွတ်ပြီးဆန်လုံးညိုများနှင့် ပေါင်းဆန်များအား ပြည်ပသို့တင်ပို့ခြင်းအတွက် စည်းကြပ်သော အခွန်နှုန်းထားများကို ၂၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါသည်။

   အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော  အမိန့်ကြော်ငြာစာ၌ အဆိုပါ အခွန်နှုန်းထားများ လျှော့ချမှုသည် ကြေငြာချက်ထုတ်ပြန်ချိန်မှ စတင်၍ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိစေရမည်ဟု ဖော်ပြထားပါသည်။

07 Oct 2024

     အိန္ဒိယနိုင်ငံတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအပေါ် ပိတ်ပင်တားမြစ်ချက်အား အစိုးရက စက်တင်ဘာ ၂၈ ရက်နေ့တွင် ဖယ်ရှားပေးခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း သတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၄၉၀ နှုန်းဖြင့် ပြန်လည်တင်ပို့ခွင့်ပြုခဲ့ပါသည်။

07 Oct 2024

     ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တိုးမြှင့် ရန်နှင့် သန့်ရှင်းစွမ်းအင်သုံးစွဲမှုကို အထောက်အကူပြုရန်အတွက် ဒီဇယ်ဆီ၌ အုန်းဆီမှထုတ်လုပ်သည့် (Coconut Methyl Ester – CME)  ဇီဝဒီဇယ်ဆီအား လက်ရှိ ၂ ရာခိုင်နှုန်းမှ တိုးမြှင့်လျက် ၃ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်း၌ အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု စွမ်းအင်ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

07 Oct 2024

    ပြည်တွင်း၌ ဆန်သိုလှောင်မှု လက်ကျန်ပမာဏ တစ်ရှိန်ထိုး မြင့်တက်လာသည့်အပြင် လယ်သမားများကလည်း သီးနှံရာသီအသစ်မှ စပါးများရိတ်သိမ်းရန်  ပြင်ဆင်လျက်ရှိရာ ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သော အိန္ဒိယအနေဖြင့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့‌သော အမိန့် ကြော်ငြာစာ တစ်စောင်တွင် ဘာစမာတီမဟုတ်သော ဆန်ပို့ကုန်များအတွက် ကြမ်းခင်းဈေးကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ သတ်မှတ်ကြောင်း ဖော်ပြထားသည်။

Pages