ပါကစ္စတန်၏ အပတ်စဉ် ငွေကြေးဖောင်းပွမှုသည် ၄.၅၇ ရာခိုင်နှုန်း တိုးလာ

Powered by Drupal

    ပါကစ္စတန်ရှိ Sensitive Price Indicator (SPI) မှ တိုင်းတာသည့် အပတ်စဉ် ငွေကြေး ဖောင်းပွမှုသည် တစ်နှစ်ထက်တစ်နှစ် ၄.၅၇ ရာခိုင်နှုန်း တိုးလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရို (PBS) က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

    SPI သည် အရေးကြီးသော ကုန်စည်များ၏ ဈေးနှုန်းရွေ့လျားမှုကို တိုင်းတာရန် တွက်ချက် ထားပြီး နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၁၇ မြို့ရှိ စျေးကွက် ၅၀ မှ စုဆောင်းထားသော မရှိ မဖြစ်ပစ္စည်းများ ၅၁ ခု ပါဝင်သည်။

    ဓာတ်ငွေ့၊ ခရမ်းချဉ်သီး၊ စီးကရက်၊ သကြား၊ ဂျုံမှုန့်၊ ကြက်ဥ၊ အမဲသားနှင့် ဟင်းသီးဟင်းရွက် ဆီဈေးနှုန်းများသည် လွန်ခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ ကုန်ဆုံးသည့် သီတင်းပတ်အတွင်း မြင့်တက်ခဲ့ကြောင်း PBS မှ ပြောကြားခဲ့ပါသည်။

    တစ်ဖက်တွင်လည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ အာလူး၊ ပဲမျိုးစုံနှင့် အခြား ဈေးနှုန်းများမှာ အလားတူကာလတွင် ကျဆင်းခဲ့သည်။ ထို့အပြင် SPI သည် အပတ်စဉ် အခြေခံအား ဖြင့် ၀.၄၉ ရာခိုင်နှုန်း အနည်းငယ် မြင့်တက်ခဲ့သည်။ ကုန်ပစ္စည်း ၅၁ ခု အနက် ၂၄ ခု စျေးတက်လာပြီး ၈ ခု ကျဆင်းကာ ၁၉ ခုမှာ စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း PBS မှ ပြောကြားခဲ့သည်။

Source : Xinhua                                                                                  

 DOCA(ရန်ကုန်)