ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှု ၂၀၂၆ခုနှစ် ပထမ၅လအတွင်း ၂၁.၇ ရာခိုင်နှုန်း မြင့်တက်

Powered by Drupal

     ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များအသင်း၏ ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအထိ ငရုတ်ကောင်း တန်ချိန် ၁၂၂,၆၀၀ တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၇၈၉.၂ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ပမာဏအားဖြင့် ၂၁.၇ ရာခိုင်နှုန်း နှင့် တန်ဖိုးအားဖြင့် ၁၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

     သို့သော်လည်း မေလတင်ပို့မှုသည် တန်ချိန် ၂၅,၁၈၀ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆၆.၂ သန်းရှိရာ ဧပြီလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၈.၉ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကလည်း ပမာဏအားဖြင့် ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဓိကတင်ပို့သည့်နိုင်ငံများ၏ တင်ပို့မှုကျဆင်းနေခြင်းက ငရုတ်ကောင်း ကဏ္ဍတစ်ခုလုံး၏ ပို့ကုန်ကျဆင်းမှုအခြေအနေကို ညွှန်ပြနေသည်။

     အကြီးဆုံး၀ယ်လက်ဖြစ်သော အမေရိကန်သို့ တင်ပို့မှုများသည် ဧပြီလမှစ၍ ၁၉ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့သော်လည်း စုစုပေါင်းတင်ပို့မှု၏ ၂၃ ရာခိုင်နှုန်းကျော်ကို ဆက်လက် ထိန်းသိမ်း ထားခဲ့ကြောင်း၊ ဒုတိယနေရာတွင်ရှိသော ယူအေအီးသည် တည်ငြိမ်သော ၀ယ်လိုအားရှိကြောင်း၊ တရုတ်၏ တင်သွင်းမှုများသည် ၆၆.၈ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁,၅၁၂ သာ ရှိသဖြင့် လစဉ် ကျဆင်းမှုကို အဓိကဖြစ်စေခဲ့ကြောင်း၊ အိန္ဒိယ၊ ဂျာမနီ၊ နယ်သာလန်၊ တူရကီနှင့် ထိုင်းနိုင်ငံတို့ သည် များပြားသော တင်ပို့မှုပမာဏကို မှတ်တမ်းတင်ခဲ့ပြီး ဥရောပသည် အထူးခံနိုင်ရည်အရှိဆုံး ဒေသဖြစ်ခဲ့ကြောင်း သိရှိရသည်။

     ကမ္ဘာ့ရောင်းလိုအား ကြပ်တည်းနေသည့် နောက်ခံအနေအထားတွင် ၅လတာ တိုးတက်မှု မှာ အဓိကစျေးကွက်များမှ ၀ယ်လိုအား တိုးတက်လာခြင်းကြောင့် ပထမသုံးလပတ်နှင့် ဒုတိယ သုံးလပတ်အစောပိုင်းတို့၌ အားကောင်းသော တင်ပို့မှုများသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မေလတွင် ငရုတ်ကောင်းတင်ပို့မှု ကျဆင်းခဲ့သော်လည်း စုစုပေါင်း ပမာဏများက အပြုသဘောဆောင်သော အရှိန်အဟုန်ဖြင့် ဆက်လက်ရှိနေသည်ကို ညွှန်ပြသည်။

     အမေရိကန်သည် ၅လတာကာလတွင် ထိပ်တန်းစျေးကွက်အဖြစ် ဆက်လက်တည်ရှိပြီး တင်ပို့မှုစုစုပေါင်း၏ ၂၄.၅ ရာခိုင်နှုန်းဖြစ်သော တန်ချိန် ၃၀,၀၀၀ နီးပါးကို တင်သွင်းခဲ့ရာ ယခင်နှစ် ကထက် ၃၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှု တိုးတက်ခြင်း၏ အကြီးမား ဆုံးမောင်းနှင်အား ဖြစ်လာခဲ့သည်။

    အာရှသည် ငရုတ်ကောင်းအများဆုံး အသုံးပြုသည့်ဒေသအဖြစ် ဆက်လက်တည်ရှိကာ စုစု ပေါင်းတင်သွင်းမှု၏ ၄၆ ရာခိုင်နှုန်းဖြစ်သော တန်ချိန် ၅၆,၅၇၀ တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူ ထက် ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်သည် တင်သွင်းမှုအများဆုံး ၁၄၅.၄ ရာခိုင်နှုန်း တိုးတက် ပြီး တန်ချိန် ၁၄,၆၃၆ ဖြင့် ဒုတိယအကြီးဆုံး စျေးကွက်ဖြစ်လာခဲ့သည်။ ထိုင်း၏ ၀ယ်ယူမှုသည် ၁၃၃.၈ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၅,၃၇၆ ဖြစ်ခဲ့ပြီး ယူအေအီး၏ ၀ယ်လိုအားမှာ တည်ငြိမ် နေပြီး အိန္ဒိယ၏ ၀ယ်ယူမှုသည် ၃၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

     ဥရောပသို့ တင်ပို့မှုသည် တန်ချိန် ၂၅,၁၇၆ ဖြစ်ကာ ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ နယ်သာလန်သည် ပြန်လည်တင်ပို့ခြင်း (re-export) ၀ယ်လိုအား အားကောင်းခြင်းကြောင့် ၅၁.၆ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ဂျာမနီမှာ ၃၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

     တင်သွင်းမှုအနေဖြင့် ဗီယက်နမ်သည် မေလအတွင်း ငရုတ်ကောင်းတန်ချိန် ၈,၇၄၅ ကို အမေရိကန်ဒေါ်လာ ၄၉.၈ သန်းဖြင့် ၀ယ်ယူခဲ့ရာ ဧပြီလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၇.၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ပထမ၅လအတွင်း တင်သွင်းမှုသည် ၆၉ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၃၈,၀၈၆ နှင့် အမေရိကန်ဒေါ်လာ ၂၁၇.၈ သန်းရှိကာ ၆၀ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

    ကမ္ဘောဒီးယားသည် တင်သွင်းမှု၏ ၅၄.၆ ရာခိုင်နှုန်းဖြင့် အဓိကရောင်းချသည့်နိုင်ငံ ဖြစ်ကာ တင်သွင်းမှုပမာဏသည် ယခင်နှစ်ကထက် ၃၄၄.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဘရာဇီးမှ တင်သွင်းမှုသည် ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တင်သွင်းမှု၏ ၂၉.၁ ရာခိုင်နှုန်း ပါ၀င်သည်။ အင်ဒိုနီးရှားမှ တင်သွင်းမှုသည် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

   ဗီယက်နမ်နိုင်ငံသည် သစ်ကြံပိုးခေါက် တင်ပို့မှုလည်း တိုးချဲ့လာကြောင်း၊ ၅လတာ အတွင်း သစ်ကြံပိုးခေါက် တန်ချိန် ၄၈,၆၈၆ ကို အမေရိကန်ဒေါ်လာ ၁၂၄.၃ သန်းဖြင့် တင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူထက် ပမာဏအားဖြင့် ၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

    အာရှသည် သစ်ကြံပိုးခေါက် တင်ပို့မှု၏ ၆၇.၈ ရာခိုင်နှုန်းရှိသော်လည်း အဆိုပါ အချိုး အစားသည် ယခင်နှစ်ကထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သစ်ကြံပိုးခေါက် တင်ပို့မှုတွင် ဒေသ တွင်း၌ ဦးဆောင်သူဖြစ်သည့် အိန္ဒိယသည် ၉.၈ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ၀.၈ ရာခိုင်နှုန်း အနည်းငယ် တိုးတက်ခဲ့သည်။ ယူအေအီးနှင့် တရုတ်သည် ၃၂.၅ ရာခိုင်နှုန်းနှင့် ၃၈.၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပြီး ၀ယ်လိုအား အားနည်းလာသည်ကို ထင်ဟပ်စေသည်။

    သစ်ကြံပိုးခေါက် စုစုပေါင်းတင်ပို့မှု၏ ၂၂.၄ ရာခိုင်နှုန်းအထိ ၃၅ ရာခိုင်နှုန်း တိုးတက်မှုဖြင့် အမေရိကတိုက်သည် တိုးတက်မှုအများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး စျေးကွက်ဖြစ်သော အမေရိကန်သည် တန်ချိန် ၆,၈၉၂ တင်သွင်းခဲ့ရာ ၂၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အာရှမှ တင်သွင်းမှု ကျဆင်းခြင်းကို ကူညီရာရောက်ခဲ့သည်။ ဥရောပ၏ ၀ယ်ယူမှုသည် ၁၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၀ယ်လိုအား နည်းနေသည်ကို အချက်ပြနေသည်။ အာဖရိကသည် ၁၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း အတိုင်းအတာအားဖြင့် နည်းပါးပြီး တိုးတက်မှု အလားအလာကို ပြသနေကြောင်း သိရှိရသည်။

Source: VietnamPlus, 8 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)