အမေရိကန်နိုင်ငံ၏ အကောက်ခွန်ကြောင့် Toyota ကုမ္ပဏီ၏ အမြတ်ငွေများ ၂ လဆက်တိုက်ကျဆင်းလျက်ရှိ

Powered by Drupal

           ဂျပန်နိုင်ငံမှ Toyota Motor ကုမ္ပဏီသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၎င်းတို့၏ လုပ်ငန်းအမြတ်ငွေများသည် Hybrid ယာဥ်များရောင်းချမှုအားကောင်းသော်လည်း အမေရိကန်နိုင်ငံ၏ အခွန်‌ကောက်ခံမှုနှင့် ပို့ဆောင်ရေးအန္တရာယ်ဖိစီးမှုများကြောင့် ၂ လ ဆက်တိုက်ကျဆင်းခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကမ္ဘာ့ရောင်းအားအကောင်းဆုံးမော်တော်ယာဥ် ထုတ်လုပ် သည့် ကုမ္ပဏီဖြစ်သော Toyota ကုမ္ပဏီသည် ဇူလိုင်လမှ စက်တင်ဘာလအတွင်းတွင် အမြတ်ငွေများ အမေရိကန်ဒေါ်လာ ၅.၇၂ ဘီလီယံခန့် ၂၅ ရာခိုင်နှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်းနိုင်မည် ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းခဲ့ကြပါသည်။ Toyota ၏ ဇိမ်ခံကား Lexus မော်ဒယ်ကားများ ရောင်းချမှုသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတွင် ကားအစီးရေ ၇.၈ သန်းစီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Toyota ကုမ္ပဏီသည် ၎င်း၏ အဓိက စျေးကွက်ဖြစ်သော အမေရိကန်နိုင်ငံတွင် Hybrid ကားများရောင်းချ မှုသည် တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ရောင်းချမှုသည် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင်ရောင်းချမှုသည် ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဝါရှင်တန်မှ ထုတ်ပြန်လိုက်သည့် ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့ကား တင်သွင်းမှုအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံမှုကြောင့် မော်တော်ကားထုတ်လုပ်သူများသည် အမေရိကန်နိုင်ငံ၏ အခွန်ကောက်ခံမှုဖိစီးမှုများနှင့် ရင်ဆိုင်အခက်တွေ့နေကြောင်း သိရပါသည်။ သြဂုတ်လတွင် Toyota ကုမ္ပဏီ၏ ငွေစာရင်းရှင်းတမ်းထုတ်ပြန်ချက်အရ Toyota သည် အမေရိကန်၏ ကြီးမားလေးလံသော အခွန်ကောက်ခံမှုကြောင့် ယွမ် ၁.၄ ထရီလီယံခန့်အား အခွန်ပေးဆောင်ခဲ့ရပြီး ၎င်း၏ လုပ်ငန်းဝင်ငွေခန့်မှန်းချက်ထက် ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ယွမ် ၃.၂ ထရီလီယံခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ Toyota ကုမ္ပဏီ၏ Hybrid ကားရောင်းချမှုသည် ကားမော်ဒယ်စုစုပေါင်းရောင်းချမှု၏ ၄၂ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး လျှပ်စစ်ကားထုတ်လုပ်မှု သည်ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)