စက်မှုလုပ်ငန်းယှဥ်ပြိုင်မှုအားမြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅၃ သန်း ရင်းနှီးမြှုပ်နှံမည့် ထိုင်းနိုင်ငံ

Powered by Drupal

          ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် အောက်တိုဘာလ ၆ ရက်နေ့တွင် စက်မှုလုပ်ငန်း ယှဥ်ပြိုင်မှု သန်မာလာစေရန်နှင့် အရည်အသွေးများဖွံ့ဖြိုးစေရန်အတွက် ဘတ် ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၃ သန်း)ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းနှင့် ၎င်းသည် အေဂျင်ဆီမှ ပထမဆုံးအကြိမ်အဖြစ် အခွန်မက်လုံးအစား ဘဏ္ဍာရေးဆိုင်ရာ‌တိုက်ရိုက်ထောက်ပံ့မှု ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံချက်တွင် ဇီဝနည်းပညာ၊ အဆင့်မြင့်စိုက်ပျိုးရေး၊ အီလက်ထရောနစ်၊ အစားအသောက်ထုတ်လုပ်ရေးနှင့် ဆေးဝါးစက်ပစ္စည်းများကဲ့သို့သော စက်မှု လုပ်ငန်းများရှိ အလုပ်သမား ၇၀၀၀၀ဦးနှင့် တက္ကသိုလ်ကျောင်းသား ၃၀၀၀၀ ဦးတို့အတွက် အရည်အသွေးမြှင့်တင်မည့် သင်တန်းပရိုဂရမ်များအတွက် ထောက်ပံ့ငွေများ ပါဝင်ကြောင်း သိရပါ သည်။ အဆိုပါရန်ပုံငွေသည် သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးတိုးတက်ရေးများ၊ ပညာရေးစနစ်များ နှင့် စီမံခန့်ခွဲရေးများအတွက် အကျုံးဝင်ကြောင်းနှင့် နည်းပညာမြင့်ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ် ချက်များနှင့် ကိုက်ညီကြောင်း သိရပါသည်။ ဒုတိယစီမံချက်သည် ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်ရေး ကိုအထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းပို့ဆောင်ရေးတိုးတက် မြင့်မားနိုင်ရန် လုပ်နိုင်စွမ်းများအား ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတကာစံနှုန်းများကို ယူဆောင် လာနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အေဂျင်စီက အဆိုပါစီမံကိန်းသည် အဆင့်မြင့်ထုတ်လုပ် ရေးနှင့် တီထွင်မှုများ၏ အချက်အချာအဖြစ် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူမျာ၏ ယုံကြည်မှုများ ပြန်လည် အသက်ဝင်စေရန် ရည်ရွယ်ကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)