ပြည်ပကုန်သွယ်မှုသတင်းများ
ရုရှားနှင့် ယူကရိန်းတို့မှပြိုင်ဆိုင်မှုပြင်းထန်သဖြင့် ဥရောပဂျုံဈေးသည် ၁၃.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂတင်ပို့ရောင်းချမှုအလားအလာမှာ ကျဆင်းခဲ့ပါသည်။ ပဲရစ်အခြေစိုက် Euronext တွင် ဒီဇင်ဘာဂျုံကြိတ်ခွဲမှုသည် ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယူရို၂၁၁.၀၀ သို့ကျဆင်းသွားခဲ့သည်။ ရုရှား ၁၂.၅ ရာခိုင်နှုန်း ပရိုတိန်းဈေးနှုန်းများသည် FOB တစ်တန်လျှင် ၂၃၀ ဒေါ်လာအောက်နှင့် ၁၁.၅ ရာခိုင်နှုန်းလျှင် ၂၂၀ ဒေါ်လာအောက်ရှိပြီး အနောက်ဥရောပသမဂ္ဂသည် အဓိကအာရပ်နှင့် အာဖရိကတင်သွင်းသူများကြားတွင် လက်တွေ့ကျကျယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ဂျာမနီကုန်သည်တစ်ဦးမှ ပြ
အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် အမေရိကန်သမ္မတ Joe Biden တို့သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကိုမြှင့်တင်ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှုနက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ ထိုသဘောတူညီချက်သည် အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူတော်တွင်ပြုလုပ်သည့် ၎င်းတို့၏အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း whitehouse.gov website တွင်ထုတ်ပြန်ချက်အရသိရပါသည်။ ပူးတွဲထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံစလုံးမှပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရန် တည်ငြိမ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတ
ယခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန်ခန့်မှန်းရကြောင်း ဗီယက်နမ်နိုင်ငံအဝတ်အထည်နှင့် အထည်အလိပ်အသင်း( VUTAS) ၏ ဥက္ကဌဖြစ်သူ Vu Duc Giang ကပြောကြားခဲ့ပါသည်။ VITAS ၏အဆိုအရ အောက်တိုဘာလတွင် အဝတ်အထည်နှင့်အထည်အလိပ်စုစုပေါင်းတင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၈၆ ဘီလီယံရရှိခဲ့ပြီး စက်တင်ဘာလထက် ၁၀.၇% မြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထက် ၂၄.၂၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ပထမ ၁၀လတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၃၆.၁၁ ဘီလီယံရရှိခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၉.၈၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက
အိန္ဒိယနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယားနှင့်ထိုင်းနိုင်ငံတို့မှ ကော်စက်ရုံများတွင် အဓိကအသုံးပြုသည့် ဓာတုဗေဒပစ္စည်းတစ်တန်လျှင် ဒေါ်လာ ၅၅၇ အထိကြွေးမြုပ်တိုက်ဖျက်ရေး အခွန်ကိုငါးနှစ်သတ်မှတ်ခဲ့ပြီး ဈေးပေါသောသွင်းကုန်များမှပြည်တွင်းထုတ်လုပ်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက်ချမှတ်ခြင်းဖြစ်ကြောင်းသိရသည်။ အမိန့်ကြော်ငြာစာအရ ချမှတ်ထားသောမြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်အား (ပြန်လည်ရုတ်သိမ်းခြင်းအစားထိုးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမပြုပါက) ငါးနှစ်အထိစည်းကြပ်သွားမည်ဖြစ်ကြောင်း အခွန်ဦးစီးဌာန၏အမိန့်ကြေငြာစာတွင်ဖော်ပြထားသည်။ ထိုအခွန်အား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စမ်းစစ
ကမ္ဘောဒီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်းအမေရိကန်ဒေါ်လာ ၈.၄၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၇ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန၏ ပို့ကုန်သွင်းကုန်အချက်အလက်များအရ သိရသည်။ (GDCE) ၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံရှိပြီး အမေရိကန်မှတင်သွင်းမှုသည် ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိကြောင်းသိရသည်။ ကမ္ဘောဒီးယားမှအမေရိက
ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ကိုပံ့ပိုးပေးသောကြောင့်၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ဘေးကင်းကြောင်း ၁၂-၁၁-၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်သူများနှင့် ညစာစားပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ ထိုပွဲတွင် လုပ်ငန်လည်ပတ်ပြီးတိုးတက်ရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုလိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုပိုမိုနှစ်သက်ပြီး ကမ္ဘောဒီးယားက ထိုအရာများကိုဖန်တီးပေးနိုင်ကြောင်းပြောကြားခဲ့သည်။ စဉ်ဆက်မပြတ်
ကမ္ဘောဒီးယား-ဗြိတိန် စီးပွားရေးဆိုင်ရာအစည်းအဝေးတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမြင်များဆွေးနွေးဖလှယ်ခြင်း၊ ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံမှုအခြေအနေများမြှင့်တင်ရန်နှင့် ဗြိတိန်ရင်းနှီးမြှုပ်နှံသူးများအတွက် အခွင့်အလမ်းများကိုလေ့လာရန်ဆွေးနွေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol အား ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေးအား ဗြိတိန်အစိုးရကိုယ်စားလှယ်များကဖိတ်ကြားခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှ
တောင့်တင်းသောဝယ်လိုအားနှင့် ဘာစမာတီမဟုတ်သောဆန်များအပေါ် ကန့်သတ်ချက်များရုပ်သိမ်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးပို့ကုန်သည် ၂၀၂၄-၂၀၂၅ တွင်ကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ရန်မျှော်မှန်းထားကြောင်း တာဝန်ရှိသူတစ်ဦးက ၁၂-၁၁-၂၀၂၄ ရက်နေ့ (အင်္ဂါနေ့) တွင်ပြောကြားခဲ့သည်။ ဆန်၊ ဂျုံနှင့်သကြားတို့အပေါ် တင်ပို့မှုကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၆ ဘီလီယံမှ ၇ ဘီလီယံအထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဆန်တင်ပို့မှုသည် ယခင်နှစ်ကတန်ချိန် ၁၄-၁၅ သန်းထက် ယခုဘဏ္ဍာနှစ်တွင် တန်ချိန် ၁၇-၁၈ သန်းအထိရှိလာဖွယ်ရှိကြောင်း သိရသည်
Loberty Times ၏အဆိုအရ အမေရိကန်သည် တရုတ်နိုင်ငံ၏ဆီမီးကွန်ဒတ်တာလုပ်ငန်းအား ၂၀၁၉ ခုနှစ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ထားသောကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီပေါင်း ၂၂၀၀၀ ကျော်ကို ၂၀၂၃ ခုနှစ်အကုန်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် အသေးစားနှင့်အလတ်စားကုမ္ပဏီများသည် လိုအပ်သောပင်မနည်းပညာများနည်းပါးပြီး နည်းပညာဆိုင်ရာအတားအဆီးများကို ကျော်လွှားရန်အခက်အခဲများနှင့်ရင်ဆိုင်ရခြင်းကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီများအများအပြား လုပ်ငန်းမှထွက်ခွာသွားကြကြောင်း အစီရင်ခံစာကထောက်ပြထားသည်။ နောက်ထပ်ပြဿနာတစ်ခုမှာ အစီရင်ခံစာတွင်ဖော်ပြထားသည့်အတိုင်း အသေးစားချစ်ပ်ကုမ္ပဏီမ
ဆက်သွယ်ရေးနှင့်ဒစ်ဂျစ်တယ်ရေးရာဒုတိယဝန်ကြီးဖြစ်သူ Nezar Patria ကသမ္မတ Prabowo Subianto ၏စီးပွားရေးကြီးထွားနှုန်းရည်မှန်းချက်ဖြစ်သည့် ၈% ရရှိရန်အတွက် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သိသာစွာမြင့်တက်လာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ Patria ကဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးသည်သော့ချက်တစ်ခုဖြစ်ကာ ICT ကဏ္ဍ တွင်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုတိုင်းသည်ပိုမိုအမှီအခိုကင်းပြီး အားကောင်းသောစီးပွားရေးဆီသို့ ခြေတစ်လှမ်းနီးကပ်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Kearney ၏ ၂၀၂၂ခုနှစ်တင်ပြချက်အရ အင်ဒိုနီးရှားသည် ICT ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမ
ယခုနှစ်တွင် ဆန်တင်ပို့မှုသည် တန်ချိန် ၉သန်းအထိတိုးမြင့်လာမည်ဖြစ်ပြီး နိုင်ငံအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ဒသမ ၄ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ဘီလီယံရရှိမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုနှစ် ပထမကိုးလတာကာလအတွင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇ဒသမ ၄၅သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ဒသမ ၁၃ရာခိုင်နှုန်းတိုးမြင့်လာကြောင်း Pichai က ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဆန်တင်ပို့မှုမှ ဘတ်ငွေ ၁၇၂.၀၁၉ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄.၈၄၃ ဘီလီယံရရှိခဲ့သည်။ ပထမကိုးလတာကာလအတွင
အိန္ဒိယအစိုးရသည် ဆန်တင်းသွင်းခွန်များအား မကြာသေးမီကရုတ်သိမ်းပြီးနောက် ၁၁-၁၁-၂၀၂၄ ရက်နေ့ (တနင်္လာနေ့) ကအိန္ဒိယနိုင်ငံမှ ထရပ်ကားသုံးစီးဖြင့် ဆန်တန်ချိန် ၁၃၁ တန်အား ဟီလီဆိပ်ကမ်းမှတဆင့်ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းသို့ တင်းသွင်းခဲ့ကြောင်းသိရသည်။ ၎င်းသည် အစိုးရ၏သွင်းကုန်ခွန်ကို ဖယ်ရှားရန်ဆုံးဖြတ်ပြီးနောက် လွန်ခဲ့သည့် ၂၀ လအတွင်း ပထမဆုံးဆန်တင်ပို့မှုလည်းဖြစ်သည်။ ဟီလီကုန်းတွင်းဆိပ်ကမ်း အခြေစိုက်တင်သွင်းသူ Md Mostafizur Rahman ကအစိုးရသည်ဆန်ဈေးတည်ငြိမ်စေရန်နှင့် ပြည်တွင်းစတော့များမြှင့်တင်ရန် အောက်တိုဘာလ ၃၁ ရက်က အခွန်ရုတ်သိမ်းကြောင်းပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြ