မလေးရှား၏ ဝန်ဆောင်မှုကဏ္ဍမှ ဝင်ငွေသည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့

Powered by Drupal

         မလေးရှားနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ၏ ၀င်ငွေသည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၆.၃ ရာခိုင်နှုန်း တိုးလာပြီး ရင်းဂစ် ၆၅၇.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၆၃ ဘီလီယံ) ရှိကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ကဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရ သိရသည်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများတွင် စဉ်ဆက်မပြတ် တိုးချဲ့မှုနှင့် ကဏ္ဍအားလုံးတွင် အပြုသဘောဆောင်သော စွမ်းဆောင်ရည်များဖြင့် တိုးတက်မှုကို ပံ့ပိုးပေးခဲ့ ကြောင်း မလေးရှားစာရင်းအင်းဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်လီလက်ကား ရောင်းဝယ်မှု၊ တည်းခိုနေထိုင်မှုနှင့် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍများသည် တတိယ သုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း ၅.၈ ရာခိုင်နှုန်း စံချိန်တင်ခဲ့ပြီး၊ စုစုပေါင်း ဝင်ငွေ ရင်းဂစ် ၄၉၆.၈ ဘီလီယံအထိ ရှိပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးဖြစ်သည်။ ပုဂ္ဂလိကကျန်းမာရေး၊ ပုဂ္ဂလိကပညာရေး၊ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေမှု၊ ကိုယ်ရေးကိုယ်တာ ဝန်ဆောင်မှုများနှင့် အခြားလုပ်ဆောင်ချက်များသည် သုံးလပတ်အတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း ၁၂.၄ ရာခိုင်နှုန်းကို မှတ်တမ်းတင်ထားပြီး ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုပုံစံစ‌သော ဝန်ဆောင်မှုများအတွက်ခိုင်မာ၍ ရေရှည်တည်တံ့သော စားသုံးသူများ၏ လိုအပ်ချက်ကို ရောင်ပြန်ဟပ်လျှက်ရှိသည်။ တတိယသုံးလပတ် ဝန်ဆောင်မှုကဏ္ဍမှ ဝင်ငွေသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)