
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ကန့်ဘလူမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ တစ်တင်းလျှင် ၉၃၀၀၀ ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၈၀၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်၏ ဈေးနှုန်းနှိုင်းယှဉ်ပါက မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ တွင် အရောင်းအဝယ်အေး၍ တတိယပတ်အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀နှင့် မတ်ပဲ (ဂျပန်)တစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ မန္တလေးပဲဈေးကွက်၏ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းအတက်၊အကျပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲဖြစ် လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
