HighLight News

Powered by Drupal

စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် City Mart(ဖော့ကန်)၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ စျေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ဆိုင်တင်ရောင်းချခြင်းမပြုရန် အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဖြည့်စွက်စာအမျိုးမျိုး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်၌ City Mart (ရွှေပြည်သာ)တွင် ဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ 

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ City Mart (ရွှေပြည်သာ)၌ ရောင်းချနေသော ဖြည့်စွက်စာ အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေး အန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စုစံစက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

      (၂.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြေကွက်အမှတ်(၇/၄၁-B)၊ အမှတ်(၃)လမ်းမကြီးဘေး သင်္ဃန်းကျွန်း ကြီးကျေးရွာ၊ မင်္ဂလာဒုံမြို့နယ် စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရပါသည်။

   အဆိုပါ စုစံစက်သုံးဆီအရောင်းဆိုင်တွင် (၂.၁၂.၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာ လျှင် (92-၂၄၉၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (HSD-၂၅၁၅ကျပ်)၊ (PHSD-၃၀၃၀ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေး ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

ရွှေပြည်ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

       (၂.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေပြည်ဟိန်းဆန်ဆိုင်ပိုင်ရှင်မှ မိမိတို့ဆိုင်တွင် ရောင်းချနေသောဆန်များမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထ၊ ရက် (၉၀)၊ အညာသား၊ ကျားပျံနှင့် ဆင်းသုခတို့ကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ရပ်ကွက်တွင် လက်လုပ်လက်စားများသောကြောင့် ဆန်ကိုအိတ်ဆွဲ အဝယ်နည်းပြီး ပြည်လိုက်ကိုသာ အရောင်းသွက်ပါကြောင်း၊ MyRo မှတ်ပုံတင်ထားပါကြောင်း၊ ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း ဆိုင်ရှင်များအနေဖြင့် ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရွှေပြည်သာမြို့နယ်ရှိဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၅)ဦးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါးအွန်လိုင်း Myanmar Rice Online (MyRO)တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)       

ရွှေကြယ်ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      (၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရွှေကြယ်ဆန် ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRo တွင် ဆက်လက်မှတ်ပုံတင်သက်တမ်းတိုးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ 

          သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် တကွအရာထမ်းအမှုထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး ဦးလျှံကျင့်မန်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာသိန်းနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ် မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျှံကျင့်မန်က ကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာသိန်းက ဌာနဆိုင်ရာလုပ်ငန်းစဉ်များ၊ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ဝါဝါခိုင်က သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                               

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk Show ပြုလုပ်ခြင်း

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တာဝန်ခံ ဒေါ်လဲ့လဲ့ဌေးနှင့်ဝန်ထမ်းများသည် (၁.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၂း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Commnity Centre ခန်းမတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk show ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး)က အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။   စားသုံသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍများတွင် စားသုံးသူ၏အခွင့်အရေးများ ထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အပါအဝင် အခြားတည်ဆဲဥပဒေများနှင့် အညီ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm) ၊  Facebook Pages ၊  Messenger နှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မဈေးရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဈေးစည်ပင်နှင့်ပူးပေါင်း၍ (၁၁.၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မဈေးအတွင်းရှိကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“အွန်လိုင်မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း"

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၁.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၁၀)နာရီအချိန်တွင်”Aotica BURMA  Online Shop”မှ “အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ”အား အမှတ်(၁/၇)၊ အနော် ရထာလမ်း၊ (၅)ရပ်ကွက်၊  ပုဇွန်တောင်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News