HighLight News

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် MSME ထုတ်ကုန်များကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းလေ့လာခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးသည် (၂.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ၉၉၉ ငရုတ်ဆီလုပ်ငန်းပိုင်ရှင် ဒေါ်ဇင်မာသက်နှင့်  တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်ချက်ဖြင့် ၉၉၉ ငရုတ်ဆီလုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား  မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆပ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ ကုန်စည်များတွင် မြန်မာဘာဘာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များ အတိုင်းပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့် မိမိတို့ဌာန၏ ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ ဆန်စက်များအား ဆန်စပါးလက်ကျန်စာရင်းနှင့် MyRo တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခခရိုင်ဦးစီးမှူးရုံး၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့်ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ် မြို့ပေါ်ရှိဆန်စက်များသို့ (၂၂.၆.၂၀၂)ရက်နေ့၊ နေ့လယ် (:၃၀)  နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

              ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များအား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်းတင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRo တွင် မှတ်ပုံတင်ထား သည့်သတ်မှတ်ပမာဏ ထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား အချိန်မီ Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)

ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအကြောင်း Talk Show ပြုလုပ်ခြင်း

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်အစီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းထိုက်မှ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၇ ပုဒ်မ ၃၅အရ ကုန်စည် ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည် ကုန်အမှတ်တံဆိပ် (သို့မဟုတ်) အခြားထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရှိသူ၊ ပြည်ပမှကုန်စည်များကို တင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့်ပြန်လည်ရောင်းချသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခုဖြစ်စေဝန်ဆောင်မှုကိုပြည်လည်စားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူတို့တွင် တာဝန်ရှိမှုအကြောင်းတို့အား ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူအကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြော

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သမဝါဝယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောရာတွင်  စားသုံးသူကာကွယ်ပေးခြင်းဆိုင်ရာများ ဟောပြောခြင်း၊ တိုင်ကြား နိုင်ခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မည်သို့သောပုဂ္ဂိုလ်တွေက်တိုင်ကြားခွင့်နှင့် မည်သို့မည်ပုံ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ညှိနှိုင်းဖြေရှင်းပေးတဲ့နေရာမှာ အဓိကအားဖြင့် အချက်(၇)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးခဲ့မှုနှင့် စပ်လျဉ်း၍ လိုအပ်သော စာရွက်စာတမ်းများနှင့် အခြားသက်သေခံပစ္စည်းများကိုစစ်ဆေးခြင်း၊ တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ယင်း၏ တရားဝင်ကိုယ်စားလှယ်ကို ညှိနှိုင်းဖြေရှင်းနိုင်ရန်ခေါ်ယူခြင်း၊ တိုင်ကြားခံရသော စီးပွားရေးလုပ်ငန်းရှင် (သို့မဟုတ်) ယင်း၏ တရားဝင်ကိုယ်စားလှယ်သည် ဆင့်ခေါ်ရာသို့ လာရောက်ခြင်းမရှိပါက တစ်ဖက်သက်စစ်ဆေးဆုံးဖြတ် ခွင့်ရှိခြင်းတို့အား စုံလင်စွာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဖျာပုံမြို့နယ်၊ အ.မ.က တပ်မြေကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတုအရောင်ဆိုးဆေးများ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန် ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ကြည့်ဝယ်ရန်တို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ဇွန်လ (၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မ(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများသို့ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကျောင်းမုန့်ဈေးတန်းတွင် မြန်မာမုန့်မျိုးစုံ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ အသုတ်စုံ၊ ထမင်းကြော် ရောင်းချနေသော ဈေးသည်များအား သန့်ရှင်းလတ်ဆက်သော အစားအစာများကိုရောင်းချရန်နှင့် ငရုတ်ဆီအစားထိုး၊ မန်ကျည်းအနစ်ကိုသာဖျော်၍ ရောင်းချရန်နှင့် အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားရန်နှင့် အစားအသောက် အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းစွာ ဆေးကြောရန်နှင့် အစားအသောက်များကို လက်အိတ်စွပ်၍ ကိုင်တွယ်ရန် အသိပညာပေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်ခြင်း

            ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ နေလယ် (၁၅:၃၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်အားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုအစီအစဉ်တွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၃/၁၄) ပုဒ်မ(၂၆/၂၇)မှ ပြဌာန်းထားရှိသော ဝန်ဆောင်မှုများနှင့် ပတ်သက်၍စားသုံးသူကို ကြိုတင်အသိပေးခြင်း ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံပေးထားမှုအပေါ် အချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ စားသုံးသူသဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည့်အချက်များနှင့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျှော်ကြေးပေးရန်၊ အာမခံထားသောအချိန် ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရရှိလျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားပေးရန် စသည့်အချက်များအား ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီ(ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေး

        ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့‌ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာ‌‌ရေးအဖွဲ့တို့ပူး‌ပေါင်း၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသေ ာစားသုံးဆီ(ဘူးဆီ)များအား စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Duck၊ Lotus၊ Mezenအမှတ်တံဆိပ် စားသုံးဆီ(ဘူးဆီ)များ၏ထုတ်ကုန်အမည်၊ အမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ ထုတ်လုပ်/တင်သွင်းခွင့်ဆိုင်ရာ အချက်အလက်များနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိတို့အား စိစစ်ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို စစ်ဆေးမှတ်တမ်းတွင်စနစ်တကျ မှတ်တမ်းတင်ထားရှိခဲ့ပါသည်။ စားသုံးသူများအနေဖြင့် အရည်အသွေးပြည့်မီပြီးဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရေးနှင့် ဈေးကွက်အတွင်း စံချိန်စံညွှန်းနှင့် ကိုက်ညီသော ကုန်ပစ္စည်းများသာ ဖြန့်ဖြူးရောင်းချနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆက်လက်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

Onlineshopလုပ်ငန်းရှင်များအားအသိပညာပေးဟောပြောခြင်း

         ၂၀၂၆ခုနှစ်၊ဇွန်လ၂၂ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ Online Shop လုပ်ငန်းရှင် (၃)ဦးအား အွန်လိုင်းရောင်း၀ယ်ခြင်း ဆိုင်ရာအသိပညာပေးရေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
            အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူအကာအကွယ် ပေးရေးဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ Online မှတစ်ဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချရာတွင်လိုက်နာရမည့် တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ချက်များ၊ ထို့ပြင်  Online Shop  လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ၏ ယုံကြည်မှုကိုရရှိစေရန် မှန်ကန်သော သတင်းအချက်အလက်များဖြင့် ရောင်းချဆောင်ရွက်ကြရန်နှင့် စားသုံးသူအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ မှော်အိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
            အဆိုပါဟောပြောပွဲတွင် စားသုံးသူများ၏ အခွင့်အရေး (၈) ရပ်၊ စားသုံးသူများ၏ တာဝန် (၄)ရပ်၊ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျဖတ်ရှုစစ်ဆေး၍ သက်တမ်းလွန်ပစ္စည်းများ၊ အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို ရှောင်ရှားဝယ်ယူသုံးစွဲရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို ရွေးချယ်သုံးစွဲရန်နှင့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ ကျောင်းသား/ ကျောင်းသူ (၉၀) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News